ဒေသအလိုက် သတင်းကဏ္ဍ

တလိုင်းရွာကို စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ဝင်ရောက်ပြီး ရွာဆေးပေးခန်းက ဆေးဝါးတွေမီးရှို့သွား

ဧပြီ၊ ၉ စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နဲ့ စစ်ကိုင်းမြို့အစပ်မှာရှိတဲ့ တလိုင်းကျေးရွာကို စစ်အုပ်စုက မနေ့က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာဆေးပေးခန်းရှိ ဆေးဝါးတွေနဲ့ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အဲဒီဒေသခံတွေကပြောပါတယ်။ အဲဒီ ကျေးရွာကို စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်မြောက်ပိုင်းမှာစစ်ကောင်စီလက်ချက်နဲ့သေတဲ့ ရုပ်အလောင်းသုံးလောင်းတွေ့

ဧပြီ၊ ၆ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်း ပျဥ်းတောဦးနဲ့ နန်း​စောင်းပုရွာကြားမှာ ဒီကနေ့ ဧပြီလ ၆ ရက်မနက်ပိုင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလေးရေးလုပ်ဆောင်ရာမှာ စစ်ကောင်စီလက်ချက်နဲ့သေတဲ့ရုပ်အလောင်းသုံးလောင်းကိုတွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” တယောက်က ကာကွယ်ရေးရဲဘော်တဦးလို့ပဲပြောနေကြတာ။ ဘယ်အဖွဲ့က ဘယ်သူဆိုတာမသိရသေးဘူး။ သူတို့မထုတ်ပြန်သေးဘူး။ နှစ်ယောက်ထဲကတယောက်ကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာ – မန္တလေးလမ်းပိုင်း မှာ မိုင်းနှစ်လုံးဆင့်ပေါက်ကွဲပြီးတဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဧပြီ၊ ၄ စစ်ကိုင်းတိုင်း ၊မုံရွာမြို့အဝင် မုံရွာ – မန္တလေး လမ်းပိုင်းမှာ ဒီကနေ့ဧပြီ၄ရက်၊မ နက်၉နာရီအချိန်က လမ်းဘေးမိုင်း၂လုံးဆင့်ပေါက်ကွဲခဲ့တာကြောင့်လမ်းသွားလမ်းလာတဦးသေဆုံးပြီးကားတစီးကိုမိုင်းထိမှန်ပြီးယာဉ်ပေါ်ပါသူ၂ဦးမိုင်းစထိမှန်ခဲ့တယ်လို့သိရပါတယ်။ “ အဲ့ဒီလမ်းပေါ်မှာမိုင်းတွေဆင်ထားတာ အလုံး၃ဝလောက်ရှိတယ်။ နမခကစစ်ကောင်စီတပ်တွေမုံရွာဘက်ကိုအပြန်ကိုမိုင်းဆွဲဖို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကဆင်ထားခဲ့တာ “လို့အဲ့ဒီလမ်းပိုင်းကိုအသုံးပြုခဲ့တဲ့မျက်မြင်ပြည်သူတဦးကပြောပါတယ်။ မိုင်း၂လုံးဆင့်ပေါက်ကွဲပြီး မိုင်းစထိမှန်တာကြောင့်  ဆိုင်ကယ်စီးလာသူ အသက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မှာဖမ်းဆီးခံထားရတဲ့အလယ်တန်းပြဆရာမအပါအဝင်၊ဒေသခံ ငါးဦး ကိုအကြမ်းဖက်ပုဒ်မနဲ့တရားစွဲ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊အင်းတော် မြို့ပေါ်မှာပြီးခဲ့တဲ့ မတ်လ၃ရက်နေ့ထဲက PDFနဲ့အဆက်စပ်ရှိနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့CDM ကျောင်းဆရာမသုံးဦးအပါအဝင် ဒေသခံ၁၅ဦးကိုစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက်ဆရာမတဦးအပါအဝင်ဒေသခံငါးဦးကိုအကြမ်းဖက်ပုဒ်မတွေနဲ့အင်းတော်စစ်ခုံရုံးကတရားစွဲဆိုပြီးကသာထောင်ကိုပို့ဆောင် လိုက်တယ်လို့သိရပါတယ်။ အဲ့ဒီ့လိုဖမ်းဆီးတရားစွဲဆိုခံရသူတွေထဲမှာ အင်းတော်မြို့နယ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ပြီး ကျန်သုံးဦးကတော့ ကျော်ရွာအလယ်တန်းပြဆရာမ ဒေါ်သိန်း ၊ မြို့မစျေးတိုက်တန်းလျားမှာနေထိုင်တဲ့ ကုန်သည်တွေဖြစ်ကြတဲ့ မခင်ပြည့်ပြည့်ထွန်း၊ဒေါ်အေးတို့ဖြစ်ကြတယ်လို့သိရပါတယ်။ “ပကဖရဲဘော်နှစ်ဦးအဖမ်းခံရတာကနေအလှူရှင်စာရင်းပေါက်သွားပြီးအဖမ်းခံရတာ။လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦး NLD အမတ်ရဲ့ ဇနီးနဲ့သမီးဖြစ်သူအလုပ်ကြမ်းနဲ့ထောင်သုံးနှစ်စီချမှတ်ခံရ

မတ်၊ ၂၃ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့သမီးဖြစ်သူကိုစစ်ကောင်စီက မတ်လ ၂၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံး နှစ်စီ ချမှတ်လိုက်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းကပြောပါတယ်။  “ဖမ်းခံရပြီးတဲ့သူတွေကဖေဖော်ဝါရီလကုန်ပြီးတော့မတ်လထဲမှာရဲစခန်းကိုရောက်သွားကြတယ်၊အခုလဲထောင် ဒဏ်သာချလိုက်တာရဲစခန်းမှာပဲရှိသေးတာ၊ရွှေဘိုထောင်ကိုမပို့ရသေးဘူး”လို့သူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းတိုင်း၊ချောင်းဦးနယ်ကတော်လှန်အလှူ

မတ် ၊ ၂၀ လက်ရှိနွေဦးတော်လှန်ရေးကာလ စစ်ကိုင်းတိုင်းလို့ ဆိုလိုက်တာနဲ့ စစ်ကြောင်းထိုးမီးရှို့၊သတ်ဖြတ်၊တိုက်ပွဲဖြစ် ဆိုတဲ့ စကားလုံးတွေကိုပဲ အရင်ဆုံးပြေးမြင်မိကြမှာပါ။စစ်ကိုင်းတိုင်းနဲ့တွဲပြီး နောက်ထပ် သတိရသင့်တဲ့ စကားလုံးတခုကတော့ “အာဏာရှင်ဆန့်ကျင် တော်လှန် ဆန္ဒ ပြမှု”တွေဖြစ်ပါတယ်။ ခုခံတော်လှန်စစ်ရဲ့ အချက်အခြာဒေသလို့တင်စားခံရလေ့ရှိတဲ့ စစ်ကိုင်းနယ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက် နှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရ

မတ်၊ ၁၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာကိုမနေ့ကမတ်လ၁၈ရက်၊နေ့လယ်၂နာရီအချိန်ခန့်က စစ်ကောင်စီတပ်တွေကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်‌ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိပ်ခွန်ရွာကဒေသခံတွေက  DNA ကိုပြောပါတယ်။ “နမခကနေလာတဲ့ MI 35 ရဟတ်ယာဉ်နဲ့ ရပတ်၊၈ပတ်လာပစ်တယ်။ ဒေသခံနှစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့တယ်။ကျန်၃ဦးကတော့လက်မောင်းရှပ်ထိလေးဆိုတော့စိုးရိမ်စရာမရှိပါဘူးလို့”ဒေသခံကို Kelvin ကပြောပါတယ်။ စစ်ကောင်စီတပ်တွေလေကြောင်းပစ်ခတ်ခဲ့တာအကြောင့်အသက်၆ဝကျော်အမျိုးသမီးတဦးနဲ့အသက်၂ဝကျော်အရွယ်အမျိုးသားတဦးတို့သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမီးလောင်ကျွန်းမြောက်ရွာမီးရှို့ခံရပြီး အရပ်သားတွေပိတ်မိနေ

မတ်၊ ၁၉ စစ်ကိုင်းတိုင်း၊ရေစကြိုမြို့နယ်အတွင်းကကျေးရွာတွေကိုဘုတလင်မြို့နယ်ထဲကစစ်ကောင်စီရဲ့တပ်မ (၉၉)က အင်အားရားဂဏန်းနီးပါးနဲ့မတ်လ ၁၆ ရက်နေ့ကစပြီး  စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာ ၈ ရွာနီးပါးစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။ လက်ရှိဒီကနေ့မနက်ပိုင်းမှာလဲရေစကြိုမြို့နယ်ထဲက မီးလောင်ကျွန်းမြောက်ရွာ ကိုအဲ့ဒီ့စစ်ကြောင်းကသေနတ်တွေနဲ့ပစ်ခတ်ပြီးဝင်ရောက်မီးတင်ရှို့စီးနင်းတာကြောင့် ဒေသခံတွေပိတ်မိနေပြီး ပစ်ခတ်ခံရမှုကြောင့် မီးလောင်ကျွန်းမြောက်ရွာကအရပ်သားငါးဦးလဲဒါဏ်ရာရှိပြီးပိတ်မိနေတယ်လို့သိရပါတယ်။ “လက်ရှိအထဲမှာဒီကောင်တွေရှိတော့ဝင်ကောက်လို့မရဘူးဖြစ်နေတယ်။မီးလောင်ကျွန်းမြောက်ရွာထဲမှာအဖမ်းခံနေထားရတဲ့ပြည်သူတွေနဲ့ပျောက်ဆုံးပြီးပိတ်မိနေတာတွေလဲရှိတယ်။ဘေးရွာကပြည်သူတွေတော့အကုန်ရှောင်ကုန်ပြီ”လို့ ရေစကြိုပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။ ဒီကနေ့အထိစစ်ကောင်စီတပ်ထိုးစစ်ဆင်နေတာကြောင့်တမော့၊တာခေါင်၊မီးလောင်ကျွန်းတောင်ရွာ၊ဖရုံဦးအစရှိတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာပေါင်း ၈ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲမှာစစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့အရပ်သားလေးဦးဒဏ်ရာရ

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ အလည်ဘုံရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တလုံးမီးလောင်ကျွမ်းပြီး အရပ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။  “အလယ်ဘုံရွာဆိုတာကပုလဲမြို့ပေါ်ကရပ်ကွက်တခုလိုပဲ။ထွေအုပ်ရုံးနဲ့က ၁ဖာလုံလောက်ပဲဝေးတာ။ထွေအုပ်ရုံးရေစင်ပေါ်ကနေရွာထဲကိုလက်နှက်ကြီးနဲ့ပစ်တာ ။ရွာအစွန်ကအဖွားတယောက်ရဲ့အိမ်ပေါ်ကျတာ။ရေတွင်းမိုးတဲ့အဆောင်လေးပါမီးလောင်တယ် ။ပြည်သူတွေဝိုင်းငြိမ်းလို့ဆက်မကူးတာ”လို့ပုလဲမြို့ကဒေသတွင်းအခြေနေတွေကိုဖော်ပြပေးနေတဲ့Pale Entertainmentကကိုနေသူရိန်ကပြောပါတယ် ။ အဆိုပါစစ်ကောင်စီတပ်တွေဟာဒေသခံပြည်သူတွေမီးငြှိမ်းသတ်နေချိန်မှာလည်းလက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်းသူကဆိုပါတယ်။ အဆိုပါလက်နှက်ကြီးထိမှန်မှုကြောင့်အဖွားအိုတဦးမှာပေါင်အချက်၂၀ချုပ်ရပြီး ၊နောက်အမျိုးသားတဦးဟာခြေသလုံးနှစ်ဖက်လုံးပွင့်ထွက်သွားခဲ့ပါတယ်။ နောက်တဦးဟာ၂ချက်ခန့်ချူပ်ရပြီးကျန်တဦးကတော့ လည်ပင်းနဲ့ ကျောမှာပေါက်ပြဲသွားခဲ့တယ်လို့သိရပါတယ်။ ပုလဲမြို့ပေါ်မျာစစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းမရှိတဲ့အခါမျိုးမှာမြို့ပြင်မထွက်ရဲပဲမြို့စောင့်တပ်အနေနဲ့သာနေထိုင်နေကြတယ်လို့‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်းဆိုကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီဖျက်ဆီးသွားတဲ့ ထူးကြီးရွာအတွက် ရက်ကန်းစင်တွေ စတင်လှူဒါန်း

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်ဆီးသွားတဲ့ ရိုးရာ ရက်ကန်းစင်တွေကို ဒေသခံတွေ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် လက်ရက်ကန်းစင်အသစ်တွေကို မနေ့ကစပြီး လှူဒါန်းမှုတွေလုပ်နေတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]