ဒေသအလိုက် သတင်းကဏ္ဍ

ပဇီကြီးရွာအနီးစစ်ကြောင်းထိုးလို့ တပါတ်အတွင်းအိမ်ခြေတရာကျော်မီးရှို့ခံရ၊ ထောင်နဲ့ချီတဲ့ဒေသခံတွေထွက်ပြေးနေရ

ဧပြီ၊ ၂၇ စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊အရှေ့ခြမ်း၊ပဇီကြီးကျေးရွာအနီးကရွာတွေကိုစစ်ကောင်စီရဲ့အင်အား ၂၀၀ ပါဝင်တဲ့ ခမရ ၃၆၁ နဲ့တပ်မ ၈၈ ပူး​ပေါင်းစစ်​ကြောင်းက ဧပြီ လ ၂၂ ရက်နေ့ထဲကစစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်တပါတ်အတွင်း လေးတွင်းစဥ်ရွာ၊ချောင်းသာရွာနဲ့မြေမွန်ရွာတွေကနေအိမ်(၁၀၀)ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ “အဲ့ဒီ့လိုမီးရှို့ဖျက်ဆီးခဲ့ရမှာဧပြီလ ၂၂ ရက်နေ့ကစလို့ ၂၆ ရက်နေ့အထိ  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမြို့နယ်မှာ တနှစ်ခွဲကျော်လအတွင်း စစ်ဘေးရှောင် ၆၁ဦးပိုးထိ၊ ကလေးနှစ်ဦးအပါအဝင်ငါးဦးသေဆုံး

ဧပြီ၊ ၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်စစ်ရှောင်ရတဲ့ တနှစ်ခွဲကျော်ကာလအတွင်း စစ်ဘေးရှောင် အရပ်သား ၆၁ဦးမြွေပွေးကိုက်ခံရပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးအသက်ဆုံးရှုံးခဲ့တယ်လို့ကန့်ဘလူခရိုင်သတင်းပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။ ‘’အာဏာသိမ်းပြီး စစ်ရှောင်ရတဲ့ တနှစ်ခွဲကျော်ကာလမှာ ပိုးထိတာ၆၁ ဦး၊ဆေးကုသမှုအချိန်မမှီလို့အသက်ဆုံးရှုံးတာ ငါးဦးပါ’’ လို့ အဲဒီတာဝန်ရှိသူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးခံနေရတဲ့ ဝက်လက်မှာ ရွာသုံးရွာမီးရှို့ခံရပြီး ဒေသခံတဦးအသတ်ခံရ

ဧပြီ၊ ၂၆ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ရွာသုံးရွာကိုမီးရှို့ခဲ့သလို ဒေသခံ တဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသ ခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ စစ်ကောင်စီဟာ ဝက်လက်မြို့နယ်ထဲကို အခုလပထမပတ်ကတည်းက စတင်ဝင်ရောက်စစ်ကြောင်းထိုးနေ တာ ဖြစ်ပြီး မူးကြီး၊အောင်ချမ်းသာ၊ဘင်တဲကုန်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီး မှာ စစ်ကောင်စီကဖမ်းဆီးလာသူ သုံးဦးနဲ့ လမ်းသွားလမ်းလာတဦးကိုပစ်သတ်

ဧပြီ ၊ ၂၅ စစ်ကိုင်းတိုင်း၊ဆားလင်းကြီး မြို့နယ်ထဲကို မုံရွာဘက်ကနေလာတဲ့  စစ်ကြောင်းဟာ ဒီကနေ့ဧပြီ ၂၅ရက်မနက်ပိုင်းကစစ်ကြောင်းနဲ့အတူပါလာတဲ့ဖမ်းဆီးလာသူငါးဦးထဲကသုံးဦးနဲ့လမ်းသွားလမ်းလာအရပ်သားတဦးကိုပစ်သတ်ခဲ့တယ်လို့ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးကကိုစစ်ငြိမ်းက DNA ကိုပြောပါတယ်။  “ သေဆုံးသူအမျိုးသားဟာ အသက် ၃၀အရွယ်ဝန်းကျင်ဖြစ်ပြီး သူကမြိုင်နယ်ဘက်ကနေ ကားလိုင်စင်သက်တမ်းတိုးဖို့မုံရွာဘက်ကိုသွားတာ။စစ်ကြောင်းနဲ့တိုးတာရွှေလှေတံတားနားမှာ ဒူးတချက်နဲ့ ဗိုက်တချက်မှန်တယ် “လို့ကိုစစ်ငြိမ်းကဆိုပါတယ်။  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးလို့ထွက်ပြေးရင်း ခင်ဦးက အသက်ရှစ်ဆယ်ကျော်အဘွားအိုအမောဖောက်သေဆုံး

ဧပြီ၊ ၂၀  စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်ရင်းက  အသက် (၈၃)နှစ်အရွယ် ဒေသခံ အဘွားအိုတဦး အမောဖောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဧပြီ ၁၉ရက်က ရေဦးမြို့နယ်ဘက်နေ ခင်ဦးမြို့နယ်ထဲစစ်ကြောင်းထိုး ဝင်လာ တာကြောင့် ဒေသ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စဉ့်ကူးနဲ့ဝက်လက်အစပ်ရွာတွေစစ်ကြောင်းထိုးခံနေရပြီးဘုံသာကုန်းရွာခံငါးဆယ်ထက်မနည်းဖမ်းဆီးခံထားရ

ဧပြီ၊ ၂၀ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အစပ်ဧရာဝတီမြစ်ကမ်းကျေးရွာတွေကို စစ် ကောင်စီက စစ်ကြောင်းထိုးနေပြီးဒီကနေ့မနက်ပိုင်းမှာ စဉ့်ကူးနယ် ဘုံသာကုန်း ရွာခံ ငါးဆယ်ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ဝက်လက်မြို့နယ် အရှေ့ခြမ်းနဲ့ စဉ့်ကူးနယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းကျေးရွာတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီနယ် တာဝါတိုင်စခန်းကုန်းကိုPDF သိမ်းပိုက်ခဲ့တယ်လို့ NUGပြော

ဧပြီ၊ ၁၇ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်က စစ်ကောင်စီရဲ့ တာဝါတိုင်စခန်းကုန်းကို ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)က ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းရခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုညပိုင်းမှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က အင်အား သုံးဆယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက ကန့်ဘလူမှာ လေကြောင်းကတိုက်လို့ ကလေးငယ်တွေအပါအဝင် တရာဝန်းကျင်သေဆုံးနိုင်

ဧပြီ၊ ၁၁ စစ်‌ကိုင်းတိုင်း  ၊ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာမှာကျင်းပနေတဲ့ တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ )ရုံးဖွင့်ပွဲကို ဒီကနေ့ဧပြီ၁၁ရက်‌၊ မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီက MI 35 နဲ့ ဂျက်ဖိုက်တာနဲ့ လကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးတွေအပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာက PDF ရဲဘော်တွေအတွက် မြွေဆိပ်ဖြေဆေး အရေးပေါ်လိုအပ်နေ

  ဧပြီ၊ ၁၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေအတွက် လက်တလောမှာ တခြားဆေးဝါး လိုအပ်ချက်တွေ အပါအဝင် မြွှေဆိပ်ဖြေဆေးကလည်း အရေးပေါ် လိုအပ်လာနေပြီလို့ စုံစမ်းသိရပါတယ်။  “ကျွန်တော်တို့မှာ မြွေကိုက်လူနာကို အခုချိန်ထိ တာဝန်မယူနိုင်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့ကလုပ်ငန်းရှင်တဦးကို ရဲဝတ်စုံဝတ်ထားသူတွေက ပြန်ပေးဆွဲ၊PDFနဲ့ စစ်အုပ်စုအပြန်အလှန်စွပ်စွဲ

ဧပြီ၊ ၁၀ စစ်ကိုင်းတိုင်း၊မုံရွာမြို့က ဆီစက်ပိုင်ရှင် အမျိုးသမီးတဦးကို ရဲဝတ်စုံဝတ်ထားသူတွေက ပြန်ပေးဆွဲမှု မနေ့က ဖြစ် ခဲ့ပြီး ဒါဟာ PDF တွေက ရဲအယောင်ဆောင်ဖမ်းဆီးတာလို့ စစ်အုပ်စုထောက်ခံသူတွေက သတင်းဖြန့် ကြသလို ဒေသခံPDF တွေကလည်း စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]