ဒေသအလိုက် သတင်းကဏ္ဍ

ဟင်္သာရွာမှာ ပြည်သူ့ရဲဘော်တွေ အပါအဝင် ဒေသခံ ၁၂ဦးအသတ်ခံရပြီး နေအိမ် ၂၀ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် ၊ ဟင်္သာကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက မေလ မေလ ၂၉ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာကာကွယ်ရေးပြည်သူ့ရဲဘော်တွေ အပါအဝင် ဒေသခံ ၁၂ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ ရဲကား မိုင်းဆွဲခံရ၊၄ဦးပွဲ ချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်ရဲကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်၁ရက်နေ့၊မွန်းလွဲ ၂နာရီခွဲလောက်က စစ်ကိုင်းကနေထွက်လာတဲ့ ရဲကားတစ်စီးကို မြင်းမူမြို့နယ် နပဲကြူးဇရပ် နဲ့ ကန်ပြားဇရပ်ကြားမှာ မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း Moe Nyo Revolution Force [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမှာ “လုံး၀ အုပ်ချုပ်ခွင့်မရစေရ”ဘန်နာချိတ်ဆွဲလှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း မုံရွာမှာ “လုံး၀ အုပ်ချုပ်ခွင့်မရစေရ” ဘန်နာကို ဒီနေ့ဇွန်လ ၁ရက်နေ့မှာ ချိတ်ဆွဲပြီးလှုပ်ရှားမှူပြုလုပ်ခဲ့ပါတယ်။ မုံရွာမြို့ ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီးအဆိုပါ ဘန်နာကို မုံရွာမြို့ ယာဉ်ထိန်းရဲကင်းတစ်ခုမှာ ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမှာ တိုက်ပွဲပြင်းထန်ပြီး သုံးပွင့်ဗိုလ် အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၃၀နီးပါး သေ

စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီမြို့နယ်ထဲမှာ မနေ့က မေလ ၃၁ရက်မှာ အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး သုံးပွင့်ဗိုလ် အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၃၀နီးပါး သေဆုံးခဲ့တယ်လို့ ကနီနယ် ကျောက်လုံးကြီး – KLG PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်မှာထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စု ၂၀ဦးထက်မနည်းသေဆုံး Pdf ရဲဘော် ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ် တမဆေးကန်ကျေးရွာအနီး အကြမ်းဖက် စစ်အုပ်စုနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေမနေ့က  မေလ ၂၉ ရက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၂ဝ ဦးထက်မနည်း သေဆုံးခဲ့သလို Pdf ရဲဘော် ၁ ဦးကျဆုံး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူ မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား၂စီးထိပြီး ၁၅ဦးသေ

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်းဖြတ်သန်းလာတဲ့ စစ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား၂စီးထိ မှန်ပြီး စစ်သား၁၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်ကိုင်းကနေထွက်လာတဲ့ စစ်ကား၃စီးကို မေလ၂၉ရက်နေ့ ညနေ၆နာရီလောက်က မြင်းမူမြို့နယ်၊နပဲကြူး ဇရပ်အနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်လို့ Moe Nyo Revolution Force M.N.R.F ကထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မြောက်နယ် ရောက်လာတဲ့တပ် လက်နက်ကြီးနဲ့ပစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ အရာတော်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့သိရပါတယ်။ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ အရာတော်မြောက်နယ်၊ဟင်္သာကျေးရွာနဲ့ လိန်လှ‌ကျေးရွာ အနီးရောက်ရှိလာပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတာလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ အရာတော်ပို့စ်က ထုတ်ပြန်ပါတယ်။ ဒေသခံတွေဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်အနောက်ခြမ်းဘက် စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို ရှေ့ထွက်မိုင်း ၁၀၀ နဲ့ကြိုဆိုမယ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းဘက် စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ရှေ့ထွက်မိုင်း ၁၀၀ စီမံကိန်းနဲ့ ကြိုဆိုမယ်လို့ ဝက်လက်မြို့နယ်ကာကွယ်ရေးတပ်ပေါင်းစုက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ ဝက်လက်အနောက်ခြမ်းဘက်ကို စစ်ကြောင်းထိုးနေကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ‘မနက်ကတည်းက ပွဲကြမ်းနေတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့က ဆရာမတစ်ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ ဘုရားကြီးလမ်းမှာ နေထိုင်တဲ့ ဆရာမဒေါ်ခင်စန်းဦးနဲ့ သူ့အစ်ကိုဖြစ်သူကို အကြမ်းဖက်စစ်အုပ်စုက မနေ့က မေလ ၂၈ရက်နေ့ ညနေ ၄နာရီလောက်မှာ ကားသုံးစီးနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းနဲ့ အရာတော်မြိုနယ်ကြားမှာရှိတဲ့ ကျေးရွာတွေကို စစ်အုပ်စုက မီးရှို့နေ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နဲ့ အရာတော်မြို့နယ်အကြားမှာရှိတဲ့ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေကို လုယက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အရာတော်မြို့နယ် သတင်းမှန်က ဖော်ပြထားပါတယ်။ ဒီကနေ့ မေလ၂၈ရက်နေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ် ထန်းတပင်ကျေးရွာကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နေ့လည်ပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]