နိုင်ငံရေး

အင်းတော် စက်တောကုန်းရွာကအိမ်လေး ဆယ် ကျော်နဲ့ စပါးတိုက်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာထဲက ဒေသခံနေအိမ် လေးဆယ်ကျော်နဲ့ စပါးတိုက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Indaw Revolution အဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။   စက်တောကုန်းရွာမှာ အိမ်ခြေ တရာဝန်းကျင်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမြို့နယ်၊ ဇီးပင်သာရွာကို စစ်တပ်နဲ့ ပျူစောထီးက စီးနင်းစဉ် ခြောက်တန်းကျောင်းသားကို ပစ်ခတ် သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်မှာရှိတဲ့ ဇီးပင်သာရွာကို စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်း အ ဖွဲ့က ညအချိန်ဝင်ရောက်စီးနင်းရာမှာ အသက်(၁၃)နှစ်အရွယ် ခြောက်တန်းကျောင်းသားတဦးကိုပစ် ခတ်သတ် ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီကသိရပါတယ်။   စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ထန်းကုန်းနဲ့လယ်လှရွာက ပျူစောထီးတွေပါဝင်တဲ့ အဖွဲ့ဟာ အခုလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခန္တီးမှာ ရဲ​လေးဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးလို့ အပူတပြင်းလိုက်ရှာနေတယ်လို့ဆို

  စစ်ကိုင်းတိုင်း၊ အထက်ပိုင်း ခန္တီးမြို့နယ်၊နန်စီပွန် ကျောက်စိမ်းမှော် အထက်ဆိပ် ရဲကင်းစခန်းက ရဲလေးဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးလို့ စစ်တပ်နဲ့ရဲက အပူတပြင်း လိုက်ရှာနေတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ အဲ့ဒီရဲလေးဦးဟာ ဒီဇင်ဘာ(၁၇)ရက် ညကတည်းက ထွက်ပြေးသွားခဲ့တာဖြစ်ပြီး လက်နက်တွေလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်မြို့က ၃ ရက်ဆက်တိုက် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးတယ်လို့ဆို

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ အနီးမှာ ၃ ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှာ ၃၀ ကျော်သေဆုံးခဲ့တယ်လို Indaw Revolution IR ကထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၆ ရက်ကစတင်ပြီး KIA၊KPDF၊ အင်းတော်pdf ပူးပေါင်းတပ်ဖွဲ့ များနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်က ကန့်ဘလူနဲ့ တန့်ဆည်ကကျေးရွာတွေအပြင် တရုတ်ပိုင်ဝါဂွမ်းစက်ရုံကိုပါမီးရှို့

စစ်ကောင်စီလက်အောက်ခံ ခမရ – ၃၆၈ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ် တွေက‌ ကျေးရွာခြောက်ရွာအပြင် တရုတ်ပိုင် ဝါဂွမ်းစက်ရုံကိုပါ နှစ်ရက်အတွင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။ ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ လမ်းဘေးကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ စစ်ကားနှစ်စီး ပခုံးထမ်းလောင်ချာနဲ့ပစ်ခံရ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်တပ်ကားနှစ်စီးကို ပခုံးထမ်း လောင်ချာ(RPG)၊ စနိုက်ဘာအပါအဝင် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိသလို ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးလည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ Dynamite Emperror ဆီကသိရပါတယ်။  ခင်ဦး မြို့နယ်အနီး ကားလမ်းပိုင်းတခုပေါ်မောင်းနှင်လာတဲ့ (၁၂)ဘီးကားတစီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောင်ကရွာရှစ်ရွာအရေးပေါ်ထွက်ပြေးတိမ်း ရှောင်နေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ရွာတွေကိုစစ်ကြောင်းထိုးမီးရှို့နေလို့ ရွာရှစ်ရွာလောက် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြောင်မြို့နယ်ကျေးရွာတွေကို ဝင်လိုက်ထွက်လိုက်လုပ်နေရာက ဒီဇင်ဘာ ၁၁ ရက်ကစပြီး ရွာစဉ်အလိုက် နေအိမ်မီးရှို့တာတွေ ပြန်လုပ်လာလို့ လှေတင်ဦး၊ ကတို့ကုန်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီလူထုလမ်းလျှောက်ပွဲလုပ်တဲ့နေရာမှာ မုံရွာလူငယ်တွေဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်မှာ စစ်ကောင်စီက လူထုလမ်းလျှောက်ပွဲလုပ်နေတဲ့ မြို့လယ်နာရီစင်အနီးမှာ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က မုံရွာကကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီကသေဒဏ်ချမှတ်ထားတဲ့ ကျောင်းသားလူငယ်တွေနဲ့ ပတ်သက်ပြီး “သူရဲကောင်းစိတ်ဓာတ်တွေ ကြိုးပေးလို့မသေ” စာတန်းပါဘန်နာ“နဲ့ ယုံကြည်ချက်ကို ကြိုးပေး၍မရ” စတဲ့စာတမ်းတွေကိုချိတ်ဆွဲပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းကလာတဲ့ စစ်တပ်က ရေဦးမှာသုံးရက်အတွင်း ငါးရွာ မီးရှို့ခဲ့ပြီး ဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဆယ်ရက်အတွင်း ရွာနှစ်ဆယ်ဝန်းကျင်ကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း တွေဟာ နယ်မြေချင်းဆက်စပ်နေတဲ့ ရေဦးနယ်ထဲဝင်လာပြီးနောက် သုံးရက်အတွင်း ရွာခြောက်ရွာ မီးရှို့ခဲ့ကာ ဆက်လက်မီးရှို့ဖျက်ဆီးနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။   ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကြောင်းနှစ်ခုဟာ ဒီဇင်ဘာ(၁၀)ရက်ကစပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ရေးတင်းမာနေလို့ ကလေး – လက်ပန်ချောင်း – ရာဇဂြိုလ်လမ်း အသုံးပြုခွင့်ပိတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ရေး တင်းမာနေတာကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက ကလေး- ရာဇဂြိုလ်လမ်းမကြီးကို လတ်တလော အသုံးမပြုကြဖို့   PDF Kalay ကဒီဇင်ဘာ(၁၃) ရက် ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။  “မြို့ပတ်ဝန်းကျင်အကုန်လုံးနီးပါး အခြေအနေ ဆိုးနေတယ်၊လက်ပန်ချောင်းလမ်းဘက်မှာလည်း သူတို့ (စကစ)တွေရှိနေတယ်၊ [ဆက်လက်ဖတ်ရှုရန်]