နိုင်ငံရေး

ယင်းမာပင်မှာ စစ်ကောင်စီက အိမ်ခြေ ခြောက်ရာခန့်မီးရှို့၊ ဒေသခံတွေ ထွက်ပြေးနေရ

မတ်၊ ၁ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီကဖေဖော်ဝါရီ၂၈ရက်နေ့ညနေပိုင်းကနေစတင်ပြီးစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးပြီးလေကြောင်းကတိုက်ခိုက်သလို အိမ်ခြေ၆၀၀လောက်မီးရှို့ခဲ့တာကြောင့်ဒေသခံတွေထွက်ပြေးနေရတယ်လို့သိရပါတယ်။ “မနေ့ညနေကစစ်ကြောင်းထိုးတာသူတို့ဘက်ကအထိနာတယ်ထင်တယ် ။ဒီနေ့လေကြောင်းနဲ့ပါလာတိုက်တယ် ။ကုန်း​ရွာ ကအိမ်ခြေ ၆၀၀ကျော်လောက်မီးရှို့သွားတယ်။ ကိုယ့်ဘက်က၂ဦးသေနတ်မှန်ထားတာတော့ရှိတယ် ။သူတို့ဘက်ကအကျအဆုံးများနိုင်တယ်။ကြီးကြီးမားမာတွေမို့လာသယ်သွားတာဖြစ်မယ်”လို့ယင်းမာပင်မြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဦးဇော်ထူးအောင်က DNAကိုပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကုန်းရွာထဲကဒေသခံနှစ်ဦးကိုလဲမီးရှို့သတ်ဖြတ်ထားတဲ့ရုပ်အလောင်းတွေကိုတွေ့ရတယ်လို့သိရပါတယ်။ လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးမီးရှို့နေတာကြောင့်ယင်းမာပင်မြို့ အနောက်ဘက် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးကပြောင်းပြာရွာ ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မီးသွေးဖုတ်တဲ့ လူငယ်တဦးကို စစ်ခုံရုံးက ထောင်တသက်တစ်ကျွန်းချမှတ်

မတ်၊ ၁ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက မီးသွေးဖုတ်တဲ့ ဒေသခံတဦးကို ဒေသကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ ပက်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ Indaw Revolution – IR [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်တွင်းဒေသကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ပြင်နေ

ဖေဖော်ဝါရီ၊ ၂၈ စစ်ကိုင်းတိုင်း၊ကလေးဝမြို့နယ်ဘက်ကနေ တောင်တွင်းဒေသဘက်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်း နဲ့ထိုးစစ်ဆင် စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ ဒေသအခြေစိုက် PDF မင်းကင်းတပ်ရင်း(၅) People Defence Force Taung Dwin-Minkin TDPDF ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ ကျေးရွာပအဖတဦးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး သေဆုံး

ဖေဖော်ဝါရီ၊ ၂၇ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီကင်း​ပုန်းကပစ်ခတ်လို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရေဦးမြို့နယ်ကနေ ခင်ဦးနယ်ထဲ ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းအခြေအနေကို ကင်းထောက်ပြီး ရွာခံတွေကိုအသိပေးဖို့ကြိုးပမ်းရာက ဒီကနေ့ ဖေဖော်ဝါရီ ၂၇ရက် နေ့လယ်ပိုင်းမှာပစ်ခတ်ခံရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် မကျီးအုပ်ရွာသားတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းဆီးထားတဲ့GZ အဖွဲ့ဝင်တွေကို ပြန်လွတ်ပေးဖို့ ဒေသခံတွေတောင်းဆို

ဖေဖော်ဝါရီ၊ ၂၇ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ထဲက ဆားတောင်ကြီးပကဖခေါင်းဆောင်မောင်ဆန်း ကိုသေနတ်နဲ့ပစ်ခတ်မှူဖြစ်စဉ်နဲ့ပါတ်သတ်ပြီး ဖမ်းဆီးထားတဲ့ GZအဖွဲ့ဝင်တွေထဲကပြန်လည်လွှတ်ပေးဖို့ဒေသခံတွေကဒီကနေ့တောင်းဆိုလိုက်ပါတယ်။  အဲဒီပစ်ခတ်မှုနဲ့ပတ်သတ်ပြီး NUGရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ လေးဦးကို ထောင်ဒဏ်နှစ်၂၀ထိချမှတ်နိုင်တဲ့၃၀၇/၁၁၄နဲ့တရားစွဲဆိုထားတဲ့အပေါ်ကိုမကျေနပ်တာကြောင့် ဒေသခံ၅၀ကျော်က ဝက်လက်မြို့နယ်၊အရှေ့ပိုင်းကကျေးရွာတရွာမှာ ဆန္ဒပြခဲ့တယ်လို့ပြောပါတယ်။ “အဓိကပြရတဲ့အကြောင်းအရင်းက ဝက်လက်ပကဖ ခေါင်းဆောင်နေမျိုးအောင်နဲ့ တပ်ရင်း၂ခေါင်းဆောင်ဒူချွန်စိုင်းဆိုတဲ့သူက ကလေးတွေကိုအင်အားသုံးပြီးဖမ်းတယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာတော်မှာဆေးရုံနဲ့စာသင်ကျောင်းကို လေကြောင်းကတိုက်ခိုက်၊ ဒေသခံ တသောင်းကျော် စစ်ရှောင်နေရ

ဖေ‌ဖော်၀ါရီ၊ ၂၆ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊မလဲသာကျေးရွာကတိုက်နယ်ဆေးရုံနဲ့အထက်တန်းကျောင်းအပါအဝင် ကျေးရွာတွေကို မြေပြင်ကောဝေဟင်ကပါစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာကြေရွာ၇ရွာက ဒေသခံတသောင်းကျော် စစ်ရှောင်နေရတယ်လို့သိရပါတယ်။ “သူတို့ကဆေးရုံကိုအဓိကထားတိုက်တာ။ဘာသတင်းရလို့လဲတော့မသိဘူး။ကြိုသတင်းရလို့ ရှောင်လိုက်နိုင်လို့။ပြည်သူထိခိုက်တာတော့မရှိဘူး ။အရင်တရက်ဖေဖော်ဝါရီ၂၂ရက်ကမင်းရွာမှာလေကြောင်းတိုက်ခိုက်တာ ။ပြီးတော့မလဲသာကိုလေကြောင်းတိုက်ခိုက်တာ ။တောင်ပိုင်းကရွာ၇ရွာကဒေသခံ၁၀၀၀၀ကျော်စစ်ရှောင်နေရတယ်”လို့အရာတော်ပိုစ့်ကကိုမောင်မောင်ကပြောပါတယ်။ စစ်ကောင်စီဟာ အရာတော်၊ဝက်လက်နဲ့ရွှေဘိုမြို့တွေကိုဒီလ ၂၂ရက်ကစစ်အုပ်ချုပ်ရေးကြေညာပြီးနောက်တရက်ကစပြီးလေကြောင်းနဲ့သာမက မြေပြင်ကပါတိုက်ခိုက်နေတာပါ။ စစ်ကောင်စီတပ်တွေကမလဲသာတိုက်နယ်ဆေးရုံနဲ့စာသင်ကျောင်းကိုအဓိကထားတိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အအုံပျက်စီးပြီးဆေး​တွေမီးရှို့ခံရတယ်လို့ လည်းပြောပါတယ်။  သခွပ်ပင်ရွာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေ့စဉ်လိုလို စစ်ရှောင်နေရတဲ့ ခင်ဦးမှာ ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရပြန်

ဖေ‌ဖော်၀ါရီ၊ ၂၆ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းတွေကစစ်ကြောင်းထိုးနေတာကြောင့် အခုရက်သတ္တပတ်ထဲမှာတင် ကျေးရွာဒေသခံတွေကနေ့စဉ်လိုလို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကစလို့ ဒီကနေ့ ၂၆ ရက်မနက်ပိုင်းအထိ စစ်ကောင်စီအင်တား ၁၀၀ လောက်ဟာ ကျေးရွာတွေအတွင်းစစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်လာတာကြောင့် ခင်ဦးမြို့နယ်အနောက်ခြမ်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးမှာ နေအိမ်ခြံဝန်းထဲလက်နက်ကြီး ကျည်ကျပေါက်ကွဲလို့ ငါးနှစ်အရွယ်ကလေးတဦးသေဆုံး

ဖေ‌ဖော်၀ါရီ၊ ၂၅ စစ်ကိုင်းတိုင်း၊တမူးမြို့ နန်းဖာလုံရပ်ကွက်က နေအိမ်ြခံဝန်းတခုထဲ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက် မနက်ပိုင်းက လက်နက်ကြီးကျည်ကျပေါက်ကွဲလို့ ငါးနှစ်အရွယ်ကလေးနှစ်ဦးနဲ့ ကလေးမိခင်တဦးထိခိုက်ခဲ့ပြီး အဲ့ဒီသုံးဦးထဲက ငါးနှစ်အရွယ်ကလေးတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “နန်းဖာလုံထဲက ခြံဝင်းတခုထဲကျတာ၊ကလေးနှစ်ယောက်အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေဘိုဒေသခံတွေကို စစ်ခုံရုံးက တသက်တကျွန်းသုံးကြိမ်အပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

ဖေဖာ်၀ါရီ၊ ၂၅ စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချူပ်ရေး ကြေညာထားတဲ့ ရွှေဘိုမြို့နယ်ဒေသခံနှစ်ဦးကို PDF တွေလို့စွပ်စွဲပြီး အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်း သုံးကြိမ်အပြင် ထောင်နှစ်သုံးဆယ်ကျော်စီပူးတွဲချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ရွှေဘိုဒေသခံ ခြောက်ဦးကို အခုလ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်စစ်ကြောင်းထိုးနေလို့ ယင်းမာပင်ဒေသခံ ငါးထောင်ကျော် စစ်ရှောင်နေရ

ဖေဖော်ဝါရီ၊ ၂၄ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးနေလို့ အနီးနားကျေးရွာတွေက ဒေသခံငါးထောင်ကျော်လောက် စစ်ရှောင်နေရတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ တာဝန်ခံ ကိုဇော်ထူးအောင်က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ  ဖေဖော်ဝါရီ ၂၃ ရက်မနေ့ညပိုင်းက [ဆက်လက်ဖတ်ရှုရန်]