နိုင်ငံရေး

စစ်ကောင်စီကကျွန်းလှမြို့အဝင်အထွက်ဂိတ်တွေမှာ ပြည်သူတွေကို ဖိအားပေး ကင်းစောင့်ခိုင်းနေ

မတ်၊ ၁၄ စစ်ကိုင်းတိုင်း ၊ ကျွန်းလှမြို့ အဝင်အထွက် ဂိတ်တွေမှာ ကင်းစောင့်ဖို့ မြို့ခံပြည်သူတွေကို စစ်ကောင်စီနဲ့ ပျူစော ထီးတွေက ဖိအားပေးစေခိုင်းနေပြီး မစောင့်နိုင်သူတွေကတော့ တအိမ်ထောင်ကျပ်တသောင်း ဒဏ်ကြေး ပေးနေရတယ်လို့ ကျွန်းလှဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေက ပြည်သူတွေကိုဖိအားပေးပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းကင်းနယ်ကဒေသခံတစ်သာင်းခွဲကျော်စစ်ရှောင်နေရ ၊ စားသောက်ကုန်နဲ့ဆေးဝါးပြတ်တောက်မှုဖြစ်

မတ်၊ ၁၂ စစ်ကိုင်းတိုင်း၊မင်းကင်းနယ် တောင်တွင်းဒေသ ကကျေးရွာ၁၁ရွာက အိမ်ခြေ၅၀၀၀ကျော်ကဒေသခံတစ်သောင်းခွဲကျော်စစ်ရှောင်နေရပြီး စားသောက်ကုန်နဲ့ ဆေးဝါးပြတ်တောက်မှုဖြစ်နေတယ်လို့သိရပါတယ်။ “သက်ကြီးရွယ်အိုတွေ  ထမ်းသယ်ရတာတွေရှိတယ်  ။အဖွဲ့အစည်းတွေအနေဖြင့်   တောထဲမှာ သွေးအားလေအားနည်းလို့    ဆေးလိုက်ထိုးပေးရတာတွေရှိတယ် ။အစားအသောက် က ပဲကိုအားထားစားနေရတယ် ။ဆီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KPDP ပူးပေါင်းအဖွဲ့ကစစ်ကောင်စီတပ်ကို အင်းတော်မြို့အနီးမှာ ကြားဖြတ်တိုက်၊ ဆယ်ဦးနီးပါးသေဆုံးဟုဆို

မတ်၊ ၁၂ စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ် ကသာ- နဘားကားလမ်း ဆယ်မိုင်ကျောက်ကွဲစက်အနီးမှာ KIA ၊ KPDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့ နံနက်ပိုင်းလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။မန္တလေးတိုင်း ၊မတ္တရာမြို့မှတဆင့် ထွက်ခွာလာတဲ့ အစီး ၅၀ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူ၊ ကိုးတောင်ဘို့နယ်က စစ်ရှောင်အမျိုးသမီးတဦး မြွေဆိုးကိုက်ခံရ

မတ်၊ ၁၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းက အသက် ၂၀ အရွယ် စစ်ဘေးရှောင် အမျိုး သမီးတဦး မတ်လ ၉ ရက် ညနေပိုင်းမှာ မြွေဆိုးကိုက်ခံရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “စစ်ရှောင်တဲကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ လဝက်အတွင်း အိမ်သုံးရာကျော်မီးရှို့ခံရ၊ဒေသခံသုံးဦးသေဆုံး

မတ်၊ ၉ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေက နယ်မြေထိစပ်ကျေးရွာတွေမှာ စစ် တပ်ကစစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေကြောင့်လဝက်အတွင်းနေအိမ်သုံးရာကျော်မီးရှို့ခံရပြီး ဒေသခံသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီက စစ် ကြောင်းထိုးမီးရှို့မှုတွေမကြာမကြာလုပ်လေ့ရှိသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် လ လယ်ပိုင်းကစလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မှာထန်းတတ်သမားနှစ်ဦးစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံး

မတ်၊ ၉ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကဘန်ဘွေးကျေးရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမတ်လ၈ရက်မနေ့က ကျွန်းတောပြင်(ခေါ်) နဘူးတောကျေးရွာက ထန်းတတ်သမားနှစ်ဦးကိုပစ်ခတ်ခဲ့လို့သေဆုံးခဲ့ပါတယ်လို့ သိရပါတယ်။ “စစ်ကြောင်းကဘန်ဘွေးရွာကနေအင်အား၂၀ကျော်နဲ့ထွက်လာတာ ။ကျွန်းတောပြင်(ခေါ်)နဘူးတောကျေးရွာတောပြင်က ထန်းတက်သမား သူကစစ်ကြောင်းဝင်လာလို့ပြေးဖို့ဆိုင်ကယ်လှည့်ယူတာ။အဲ့ဒီအချိန်မှာ ပစ်သတ်ခံရတာ။နောက်တယောက်ကကျ သေနတ်ကိုရမ်းသမ်းပစ်ပြီးစစ်ကြောင်းဝင်လာလို့လန့်ပြီးထန်းပင်ပေါ်ကအဆင်းမှာပြုတ်ကျပြီးဆုံးတာ “လို့ Gz Yinmarbin PDF က DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အာဏာသိမ်းမှုအောက်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုက အမျိုးသမီးတွေကတော့ ဒီကနေ့ မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေနဲ့ အာဏာသိမ်းမှုကို ဆက်ပြီးဆန့်ကျင်နေပါတယ်။ သပိတ်စစ်ကြောင်းတွေအပြင် အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအရေးပါပုံတွေကို ဟောပြောတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းဖမ်းဆီးခံရတဲ့အမျိုးသမီး ၄၀၀၀ ကျော်ရှိသလို စစ်တပ်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာမှာ စစ်ကောင်စီကြောင့်သေဆုံးခဲ့သူ သုံးဦးအလောင်းမတွေ့ရသေး

မတ်၊ ၇ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာကိုမတ်လ၅ရက်၊မနက် ၅နာရီမှာစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ဒေသခံ၂၀၀ကိုဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့စစ်ရှောင်အမျိုးသား၂ဦးနဲ့အမျိုးသမီးတဦးအလောင်းမတွေ့ရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ “ဘယ်လိုပုံစံမျိုးနဲ့သတ်ခံရလည်းဆိုတာကျွန်တော်တို့တိတိကျကျမပြောနိုင်ဘူး။ဒါပေမယ့်သူတို့သတ်ရင်ကောင်းကောင်းမွန်မွန်ဆိုတဲ့ ရုပ်အလောင်းဆိုတာမရှိပါဘူး။သူတို့ကတော့ရစရာမရှိအောင်ကိုအကြမ်းဖက်တယ်။အလောင်း၃လောင်းကိုခုချိန်ထိတိုင်မတွေ့ရသေးဘူး ။ဧရာဝတီမြစ်ကြောင်းဘက်ကိုဆွဲသွားတဲ့အရာတွေ့လို့လိုက်ရှာနေတယ်။ရွာသားတွေအခုမရွာထဲပြန်ဝင်ရှာနေတာ ”လို့ကိုတေဇာကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ လက္ကပင်ရွာကိုအာလက္ကပရွာကနေ မနက် နှစ်နာရီထိုးလောက်ထွက်လာပြီး မနက်လေးနာရီလောက်မှာဝင်စီးကာဒေသခံတွေပုန်းအောင်းနေတဲ့ရွာတောင်ပိုင်းက ဘုန်းကြီးကျောင်းကို မီးရှို့ခဲ့တယ်လို့လည်းပြောပါတယ်။ “စစ်ရှောင်နေတဲ့ဒေသခံ၂၀၀ဦးကိုဓားစာခံပုံစံမျိုးနဲ့ သူတို့သတ်မှတ်ထားတဲ့နေရာမရောက်ခင်ထိအောင်ဖမ်းခေါ်သွားတာပေါ့နော်။သူတို့ပါလာတဲ့ကျည်အိတ်တို့ဘာတို့အဲ့တာတွေကိုထမ်းခိုင်း လမ်းပြဆိုခေါ်သွားတာပဲ”လို့သူကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မှာစစ်ကောင်စီတပ် မီးရှို့သွားတဲ့ရွာကိုငြိမ်းဖို့ပြန်ဝင်လာသူတဦး အသတ်ခံရ

မတ်၊ ၆ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ထန်းတောကြီးကျေးရွာကိုဒီကနေ့နေ့လည်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ခဲ့ပြီးနောက်ရွာကိုမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တဦးရဲ့ဖခင်ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ပြီးတနာရီလောက်အကြာမှာပဲမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့အသက်သုံးဆယ်ကျော်အရွယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်ရဲ့ဖခင်ဟာကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တိုးပြီးအခုလိုသတ်ဖြတ်ခံခဲ့ရတာလို့သိရပါတယ်။ “ထန်းတောကြီးရွာမီးလောင်တာကိုငြိမ်းဖို့သွားတာ မိသွားတာကိုစာသင်ကျောင်းမှာ လက်တွေခြေတွေကိုကြိုးတုပ်ပြီးပစ်သတ်ပြီးအမှိုက်ပုံထဲမှာ ထားခဲ့တာ။သူ့သားရဲဘော်လေးကလဲဆယ်တန်းကျောင်းသားကနေပြည်သူ့ကာကွယ်ရေးတပ်သားဖြစ်လာတာ။သတ်ပြီးမှကျေးစာကျကိုဆက်ဝင်တာ။ခုတော့တခြားရွာကိုရောက်နေပြီ။ပြေးနေရတာရွာ ငါးရွာမကဘူး။လမ်းမှာဆိုင်ကယ်ပါတာတောင် ဆီပြတ်တဲ့သူကပြတ်၊မသိတဲ့သူတွေအိမ်လဲတောင်းပန်ပြီးဝင်အိပ်ရ၊ဒါနဲ့ဆိုရွာကိုမီးရှို့တာငါးခါရှိပြီ”လို့ထန်းတောကြီးဒေသခံတဦးက DNA ကိုပြောပါတယ်။ သေဆုံးသူရဲ့သားဖြစ်သူဟာဆယ်ကျော်သက်အရွယ် ဆယ်တန်းကျောင်းသားတဦးဖြစ်ပြီးလက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲမှာစစ်ကောင်စီတပ်တွေကိုခုခံတော်လှန်နေသူတဦးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ထန်းတောကြီး၊ကျေးစာကျ၊ဘိစန၊မျက်ရွှေနီရွာတွေကဒေသခံထောင်ဂဏန်းခန့်ဟာစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။

နိုင်ငံရေး

ဒေသခံတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ တာတိုင်ကျေးရွာ

” ကျွန်တော်တို့မိသားစုလို အဖြစ်တွေ ထပ်မဖြစ်အောင် နိုင်ငံတကာက ကူညီကြပါလို့ တောင်းဆိုချင်ပါတယ် ” – ကိုနိုင်သူအောင် (မိသားစုဝင်လေးယောက်အသတ်ခံခဲ့ရသူ) မတ်၊ ၆ ဒေသခံတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ တာတိုင်ကျေးရွာ တာတိုင်ရွာမှာ ဒေသခံတွေ အစုလိုက်အပြုံလိုက် [ဆက်လက်ဖတ်ရှုရန်]