No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ဂွမြို့နယ် ကျိန္တလီမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA သိမ်းပိုက်

Photo-AA Info Desk (ပုံစံ-AAတပ်ဖွဲ့ဝင်တွေကိုစခန်းသိမ်းတိုက်ပွဲတခုမှာတွေ့ရစဥ်(ပုံဟောင်း) ဩဂုတ်၊ ၁၄ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲရှိ စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီး လက်ကျန်ထွက်ပြေးနေသူတွေကို ရှင်းလင်းနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အာရက္ခတပ်တော်(AA)ဟာ ကျိန္တလီမြို့အနီး၀န်းကျင်ရှိ ချင်းကွင်း၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်မှာ AAထိုးစစ်စတင်

Photo – Google သြဂုတ်၊ ၁၀ ရခိုင်တောင်ဖက်အစွန်ဆုံးနဲ့ဧရာဝတီတိုင်းအစပ်မှာတည်ရှိတဲ့ ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကိုAAက ထိုးစစ်ဆင််တိုက်ခိုက်ခဲ့လို့တိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲ ချင်းကွင်းရွာအနီးတပ်စွဲထားပြီး အင်အား၇၀လောက်ရှိတဲ့စစ်ကောင်စီတပ်စခန်းတခုကို သြဂုတ်လ၈ရက်ကစတင်ပြီးAAကထိုးစစ်ဆင်ခဲ့တာပါ။ “အခုတော့စကစဖက်ကဆုတ်ပြေးကုန်ပြီ၊စခန်းကြီးတော့မဟုတ်ဘူးပေါ့”လို့ ဒေသခံသတင်းရင်းမြစ်တဦးက ဒီကနေသြဂုတ်၁၀ရက်မှာပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ချင်းကွင်းရွာက ဂွမြို့မှ [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

ရခိုင်တောင်ပိုင်းတောင်ကုတ်နဲ့ ဂွမြို့နယ်ကို ထိုးစစ်ဆင်မယ်လို့ AAအသိပေး၊ သံတွဲနဲ့ ဂွပယ်လယ်ရေပြင်မှာ ဖြတ်သန်းသွားလာတာ မလုပ်ဖို့သတိပေး

ဩဂုတ်၊ ၁ ရခိုင်တောင်ပိုင်း သံတွဲနဲ့ဂွမြို့နယ်အနီး ပင်လယ်ရေပြင်မှာ ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ဖို့ AAက ဒီကနေ့သြဂုတ်လ၁ရက်စွဲနဲ့ထုတ်ပြန်သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ရခိုင်နဲ့ပဲခူးတိုင်းဆက်သွယ်ထားတဲ့ တောင်ကုတ်မြို့နဲ့ ဧရာဝတီတိုင်းအစပ်ဂွမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့AAကအသိပေးလိုက်တာပါ။ နာမည်ကျော်ခရီးသွားဒေသ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်စခန်းအားလုံး၊ငပလီမဇင်လေဆိပ်၊ဟိုတယ်ဇုန်နဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီတပ်က သံတွဲ – ဂွ ကားလမ်းရှိ အရေးပါတံတားတွေကိုမိုင်းခွဲ ဖျက်ဆီး

 Photo – ABN ဇူလိုင်၊ ၂၅ သံတွဲမြို့နဲ့သံတွဲအခြေစိုက်တပ်ရင်းဌာနချုပ်နှစ်ခုလုံးကို လက်လွှတ်လိုက်ရပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ သံတွဲနဲ့ ဂွမြို့နယ်အစပ်ရှိ ဒေသတွင်းဆက်သွယ်ရေးအတွက်အရေးပါတဲ့ ချင်းကွင်းတံတားအပါအဝင် တံတားသုံးခုကိုမိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့နယ်နှစ်ခုကြားအစပ် ဂွမြို့နယ် ကျိန္တလီမြို့အနီးရှိ ချင်းကွင်းရွာတံတားကို မနေ့က [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်နဲ့ ဧရာဝတီအစပ် ဂွမြို့နယ်မှာ ခံစစ်ပြင်နေတဲ့ စစ်ကောင်စီ

Photo – AA Info Desk ဇူလိုင်၊ ၈ သံတွဲမြို့နယ်မှာ စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက ရခိုင်နဲ့ဧရာဝတီအစပ် ဂွမြို့နယ်မှာ ခုခံစစ်ပြင်ဆင်နေရပြီဖြစ်ပါတယ်။ နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့နယ်က စစ်ကောင်စီတပ်ရင်းနဲ့တပ်စခန်းတွေကို အာရက္ခတပ်တော်AAကပြီးခဲ့တဲ့လပိုင်းကစလို့ ထိုးစစ်ဆင်နေတာပါ။ လက်ရှိအချိန်အထိတော့ စစ်ကောင်စီရဲ့သံတွဲအခြေစိုက် [ဆက်လက်ဖတ်ရှုရန်]