ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်နဲ့အတူ စစ်ကောင်စီကို စွန့်ခွာလာတဲ့ တပ်သားတဦးကို သိန်းငါးဆယ်ချီးမြှင့်

နိုဝင်ဘာ၊ ၂၀  စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့တပ်သားတဦး ဟာ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်ခဲယမ်းတွေနဲ့ အတူ ထွက်ပြေးလာတဲ့အတွက် နိုဝင်ဘာလ ၂၀ ရက် ဒီကနေ့မှာ သိန်းငါးဆယ်ချီးမြှင့်ခဲ့တယ်လို့ ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးလို့ထွက်ပြေးရင်း ခင်ဦးက အသက်ရှစ်ဆယ်ကျော်အဘွားအိုအမောဖောက်သေဆုံး

ဧပြီ၊ ၂၀  စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်ရင်းက  အသက် (၈၃)နှစ်အရွယ် ဒေသခံ အဘွားအိုတဦး အမောဖောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဧပြီ ၁၉ရက်က ရေဦးမြို့နယ်ဘက်နေ ခင်ဦးမြို့နယ်ထဲစစ်ကြောင်းထိုး ဝင်လာ တာကြောင့် ဒေသ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦး NLD အမတ်ရဲ့ ဇနီးနဲ့သမီးဖြစ်သူအလုပ်ကြမ်းနဲ့ထောင်သုံးနှစ်စီချမှတ်ခံရ

မတ်၊ ၂၃ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့သမီးဖြစ်သူကိုစစ်ကောင်စီက မတ်လ ၂၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံး နှစ်စီ ချမှတ်လိုက်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းကပြောပါတယ်။  “ဖမ်းခံရပြီးတဲ့သူတွေကဖေဖော်ဝါရီလကုန်ပြီးတော့မတ်လထဲမှာရဲစခန်းကိုရောက်သွားကြတယ်၊အခုလဲထောင် ဒဏ်သာချလိုက်တာရဲစခန်းမှာပဲရှိသေးတာ၊ရွှေဘိုထောင်ကိုမပို့ရသေးဘူး”လို့သူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ရွာပေါင်း၈ရွာက လူပေါင်း ကိုးထောင်ကျော် စစ်ရှောင်ရပြန်

မတ်၊ ၁၇ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ အင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်  ဒီကနေ့ မတ်လ ၁၇ ရက်နေ့မနက်ပိုင်းမှာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ စစ်ကြောင်းဝင်လာတာကြောင့် အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ဆည်ကြီး။ ကျီးအိုင်။ သဲကြီးကုန်း၊ မရမ်းအင်း၊ ကုန်းသာစတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမြို့နယ်မှာစစ်ရှောင်ရင်းအသက်ကိုးဆယ်အရွယ်အဖွားတဦးအအေးမိပြီးကွယ်လွန်

မတ်၊ ၇ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့်စစ်ရှောင်ရင်းအသက်၉၀အရွယ်အဖွားအိုတဦးအအေးမိပြီးဒီကနေ မတ်လ ၇ရက်၊ မနက်မှာကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးသူကသရက်ကုန်းကျေးရွာက  အသက်၉၁နှစ်ဒေါ်ခင်တုပ် တဲ့။ဒီမနက်ပိုင်းကစစ်‌ရှောင်ရင်းတောထဲမှာအအေးပတ်ပြီးဆုံးတာ”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက DNAကိုပြောပါတယ် ။ ကွယ်လွန်သူနဲ့ပတ်သက်တဲ့မိသားစုအကြောင်းအရာကိုတော့ မသိရသေးဘူးလို့လည်းပြောပါတယ်။ မနေ့ကစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံပြည်သူတသောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။  “စစ်ရှောင်တွေထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ကမီးရှို့ထားတဲ့ ရွာတွေကို NUGအုပ်ချုပ်ရေးအဖွဲ့တွေနဲ့အလှူရှင်တွေထောက်ပံ့ကူညီ

  စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်နဲ့ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးထားတဲ့ ကျေးရွာက အိမ်ထောင်စုတွေအတွက် ဒီကနေ့မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက သက်ဆိုင်ရာမီးရှို့ခံအိမ်ထောင်စုတွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကိုပေးအပ်လာတဲ့ NUG လူသားခြင်းစာနာထောက်ထားချင်းနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကထောက်ပံ့ငွေနဲ့ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေတွေ ကို စစ်တပ်မီးရှို့တာခံရတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေသခံတသောင်းခွဲလောက် အိုးအိမ်မဲ့နေတဲ့ ခင်ဦးမြို့နယ်ထဲကရွာတွေ မီးထပ်ရှို့ခံရပြန်

စစ်တပ်အာဏာသိမ်းပြီးကတည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြားဒေသခံပေါင်း ၁၅၀၀၀ ခွဲလောက် အိုးအိမ်မဲ့နေတဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေဆဲဖြစ်ပါတယ်။ မနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ ခင်ဦးမြို့နယ်အနောက်တောင်ဘက်မှာရှိတဲ့ ရေဦး-ညောင်ပင်သာကားလမ်းမှာရှိတဲ့ ရွာသစ်ရွာကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးနယ်ထဲက ရွာလေးရွာကိုပစ်ခတ်မီးရှို့နေလို့ ဒေသခံတွေထွက်ပြေးရပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာရှိတဲ့ ရွာတွေကို ဒီကနေ့ ဇန်နဝါရီ ၁၆ရက်မနက်ပိုင်းကစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာပြေးနေရတယ်လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ ခင်ဦးမြို့နယ်ထဲကအင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စုရွာ၊ မြင်းဒေါင်းကျေးရွာနဲ့ မကျီးအုပ်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာတွေကို ပစ်ခတ်ဝင်ရောက်ချိန်မှာ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အလယ်လျိုရွာမှာစစ်တပ်ကသတ်ဖြတ်ခဲ့သူ ရှစ်ဦးမှာအသက်မပြည့်သေးသူတွေနဲ့ အမျိုးသမီးတွေလည်းပါဝင်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အလယ်လျိုကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးနေချိန် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ ၈ဦးရဲ့ရုပ်အလောင်းတွေကို ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ဇန်နဝါရီ ၄ရက်မှာထုတ်ပြန်လာပါတယ်။   စစ်တပ်နဲ့ ပျူစောထီးတွေ အလယ်လျိူကျေးရွာကို စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်လာပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက် စစ်တပ်က အိမ်ခြေတထောင်ဝန်းကျင်ရှိ ခင်ဦးအလယ်လျှိုရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က အလယ်လျှိုကျေးရွာကို အင်အာရာဂဏန်းဝန်းကျင်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့လို့ အိမ်ခြေတထောင်ဝန်းကျင်ရှိတဲ့အဲ့ဒီရွာကဘုန်းကြီးကျောင်းနဲ့စာ ကြည့်တိုက်တွေအပါအဝင်  ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကတည်းက အလယ်လျှိုရွာထဲ စီးနင်းဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် [ဆက်လက်ဖတ်ရှုရန်]