ကျောက်ကြီးကဒေသခံစစ်ရှောင် သုံးသောင်းကျော်လူမှုဘဝရပ်တည်ဖို့အခက်အခဲဖြစ်ပေါ်နေ
ပဲခူးတိုင်း ၊ကျောက်ကြီးမြို့နယ်က ဒေသခံသုံးသောင်း ကျော်ဟာ စစ်ဘေးတိမ်းရှောင်ရတဲ့အချိန်ကာလကြာမြင့်နေတဲ့အတွက် စားဝတ်နေရေးအရအဆင်မပြေလာတဲ့အပြင် လူမှုဘဝရပ်တည်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ အဲဒီဒေသခံစစ်ဘေးရှောင်တွေဟာ၂၀၂၂ခုနှစ်၊ ဇွန်လမှာဖြစ်ပွားခဲ့တဲ့မုန်းဒေသ တိုက်ပွဲအတွင်း ကျောက်ကြီးမြို့ နယ်ထဲကိုစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့်စစ်တောင်းမြစ်ကမ်းနံဘေးနဲ့အနီးတဝိုက်ဒေသတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘေးလွတ်ရာကျေးရွာတွေတောင်တောင်တွေထဲမှာနေထိုင်ရတဲ့အပြင် နေရပ်ကိုမပြန်နိုင်တာကြောင့်စားဝတ်နေရေးအတွက်ခက်ခဲနေကြရတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေကိုကူညီလုပ်ဆောင်ပေးသူတစ်ဦးကပြောပါတယ်။ “အခုအထိအိမ်ကိုမပြန်ရတာအချိန်ကြာပြီ။မီးရှို့ခံရတာနဲ့လက်နက်ကြီးမှန်တာဆိုတော့အိမ်တွေလည်းမရှိတော့ဘူးပေါ့။ သူတို့အတွက် စားဝတ်နေရေးအရအလုပ်အကိုင်တွေမရှိတော့အခက်အခဲတွေဖြစ်ကြရတယ်” [ဆက်လက်ဖတ်ရှုရန်]