နိုင်ငံရေး

အလုပ်ထုတ်ခံထားရတဲ့မြန်မာပေါင်ချိန်စက်ရုံလုပ်သားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့အရေး မပြေလည်

မြန်မာပေါင်ချိန်စက်ရုံက အလုပ်ထုတ်ခံလုပ်သားတွေထဲက လုပ်ငန်းခွင်ပြန်ဝင်ဖို့ဆုံးဖြတ်ထားသူတွေဟာ ဒီဇင်ဘာ (၂)ရက် မနေ့က စက်ရုံကိုသွားခဲ့ပေမယ့် ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းခွင်မယ့်အစီစဥ်ကိုဖျက်လိုက်တယ်လို့သိရပါတယ်။ မြန်ပေါင်ချိန်စက်ရုံက အလုပ်ထုတ်ထားတဲ့အလုပ်သမားတွေကို  လုပ်ငန်းခွင်ပြန်ဝင်ဖို့ခေါ်ခဲ့ပြီး အလုပ်မဝင်ခင် စက်ရုံကရေးထားတဲ့စည်းကမ်းချက်တွေကိုလက်မှတ်အရင်ထိုးခိုင်းတယ်လို့ဆိုပါတယ်။ အဲဒီစည်းကမ်းချက်တွေထဲမှာ လုပ်ငန်းခွင်ပြန်ဝင်ပြီးရင်အရင်ကတောင်းဆိုထားတဲ့အချက်တွေကို ပြန်ပြီးတောင်းဆိုတာမလုပ်တော့ဘူးဆိုတဲ့အချက်ပါဝင်နေတာကို လက်မခံနိုင်တာကြောင့် လက်မှတ်မထိုးဘဲပြန်ထွက်လာခဲ့ကြတာလို့ အလုပ်သမားတွေကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]