ဒေသအလိုက် သတင်းကဏ္ဍ

လှည်းကူးမှာ ရေကြီးမှုနောက်ဆက်တွဲ အရေပြားရောဂါဖြစ်သူများနေ

အောက်တိုဘာ၊ ၂၀   ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်ထဲက ကျေးရွာတချို့မှာ ရေကြီးမှု နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါ ဖြစ်သူ များပြားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေထံကနေ သိရပါတယ်။   ” စွန့်ပစ်ပစ္စည်းတွေ၊ အညစ်ကြေးတွေနဲ့ဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှည်းကူးက ကျေးရွာတချို့မှာ ရေဆက်ကြီးနေလို့ ဒေသခံတွေ အကူအညီလိုအပ်နေ

အောက်တိုဘာ၊ ၁၅   ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ကျေးရွာတချို့မှာ ဒီကနေ့ အောက်တိုဘာ ၁၅ ရက်အထိ ရေကြီးနေဆဲဖြစ်လို့ ဒေသခံထောင်ချီ အစားအသောက် အကူအညီ ဆက်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှည်းကူး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ ရေကြီးရေလျှံမှု ရှိနေဆဲ

အောက်တိုဘာ၊ ၁၃   ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ အောက်တိုဘာ ပထမပတ်ကနေ ဒီကနေ့ ၁၃ ရက်အထိ ရေကြီးရေလျှံမှုတွေ ဖြစ်နေဆဲဖြစ်တယ်လို့ အကူအညီပေးသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမြို့ပေါ်မှာ ရေစတင်လျော့ကျ၊ အနိမ့်ပိုင်းရပ်ကွက်ကျေးရွာတွေ အကူအညီဆက်လိုနေသေး

အောက်တိုဘာ၊ ၁၁ ရေကြီးရေလျှံမှု ကြုံနေရတဲ့ ပဲခူးမြို့မှာ ဒီကနေ့ကစလို့ မြို့ပေါ် ရပ်ကွက်တချို့ ရေလျော့ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေလွှမ်းနေဆဲဖြစ်ပြီး ကူညီရေးလုပ်ငန်းတွေ လုပ်နေရဆဲပဲလို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ “ မြို့ပြင်နားကဆိုရင် လမ်းမဘေးနားက ရွာတွေဆိုရင် ဝင်ရတာလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟောင်ကောင်မှာ နှစ်ပေါင်းတရာ့လေးဆယ်ကျော်အတွင်း စံချိန်တင် မိုးရွာသွန်းမှုနဲ့ တွေ့ကြုံ

စက်တင်ဘာ၊ ၈ ဟောင်ကောင်မှာ ရာစုနှစ် တခုကျော် ကာလအတွင်း စံချိန်တင် မိုးအသည်းထန်ဆုံး ရွာသွန်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဟောင်ကောင်အပြင် တရုတ်နိုင်ငံ တောင်ပိုင်းက တခြားမြို့ တချို့ဟာလည်း ထူးထူးကဲကဲ မိုးသည်းသည်းထန်ထန် ရွာသွန်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပေါ်မှာ မိုးများပြီး တောင်ကျရေကြောင့် ရေလျှံမှုဖြစ်ပွား

စက်တင်ဘာ၊ ၈   စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စက်တင်ဘာလ ၆ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ ချင်းတောင်ကနေ စီးဆင်းလာတဲ့ တောင်ကျရေတွေကြောင့် ဒီကနေ့ မှာ မြို့တွင်း ရေလျှံမှုတွေ ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေကြီးရေလျှံဖြစ်ခဲ့တဲ့ ကရင်ပြည်နယ်မှာ နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုရှိလို့ ဆေးဝါးလိုအပ်

သြဂုတ်၊ ၁၈   ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်အပါအဝင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေက ဒေသခံတချို့ဟာ ဝမ်းပျက် ဝမ်းလျှော၊ သွေးလွန်တုပ်ကွေးလို ရောဂါမျိုး ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမြို့မှာ ရေကြီးရေလျှံလို့ လူဦးရေထောင်ချီ အရေးပေါ် ရွှေ့ပြောင်းနေရ

သြဂုတ်၊ ၁၁   ပဲခူးမြစ်ရေတက်ပြီး ရေကြီးနေတာကြောင့် ပဲခူးမြို့ပေါ် အနိမ့်ပိုင်းနေရာတွေမှာ နေထိုင်သူတွေအပါအဝင် လူဦးရေ ထောင်နဲ့ချီကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေ ဆီရွှေ့ပြောင်းပေးထားရတယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။   ပဲခူးမြစ်ရေဟာ ပြီးခဲ့တဲ့နှစ်ရက်အကြာ ဩဂုတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမြို့အဝင် တိုးဂိတ်မှာ ရေကြီးပြီး ကားလမ်းပိတ်ဆို့နေ

သြဂုတ်၊ ၁၁   ပဲခူးမြို့မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့ ရေကြီး၊ ရေလျှံမှု ဖြစ်နေသလို ဒီကနေ့ ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းမှာလည်း မြို့အဝင်တိုးဂိတ်မှာ ရေကြီးမှုကြောင့် ကားရာချီ ပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ ခရီးသွားလာသူတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင် မြို့နယ်တချို့မှာ မိုးအဆက်မပြတ်ရွာလို့ စစ်ရှောင်စခန်းတွေမှာ ရေကြီးရေလျှံနေ

သြဂုတ်၊ ၄   ရခိုင်မြောက်ပိုင်း မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်တို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်း တချို့နဲ့ လူနေကျေးရွာတချို့ ရေကြီးရေလျှံမှု ကြုံနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။   ကျောက်တော်မြို့ပေါ်က စစ်ရှောင်စခန်းတချို့၊ [ဆက်လက်ဖတ်ရှုရန်]