ရန်ကုန်ပက်စပို့ရုံးမှာ QR ကုဒ်အတွက် ကျပ်သိန်းချီဈေးပေါက်နေ

ရန်ကုန်ပက်စပို့ရုံးမှာ QR ကုဒ်အတွက် ကျပ်သိန်းချီဈေးပေါက်နေ

ရန်ကုန်မြို့မှာ နိုင်ငံကူးလက်မှတ်ထုတ်ယူဖို့ ပထမအဆင့်ဖြစ်တဲ့ QR ကုဒ် လျှောက်ထားမှုအတွက် လက်မှတ်လုပ်ပေးတဲ့ပွဲစားတွေကြားထဲမှာကျပ်သိန်းချီဈေးပေါက်နေတယ်လို့ နိုင်ငံကူးလက်မှတ်လုပ်နေသူတွေရဲ့ ပြောစကားအရသိရပါတယ်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာအွန်လိုင်းစနစ်နဲ့ကြိုတင်တန်းစီနိုင်ဖို့QR ကုဒ်တွေထုတ်ပေးနေပေမယ့် အဲ့ဒီကုဒ် လျှောက်ထားဖို့အတွက်ကိုပဲ ပွဲစားတွေက နေရာဦးထားလို့ ကိုယ်တိုင်လျှောက်သူတွေအတွက် အခက်တွေ့တဲ့အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ “အခုလက်ရှိသိရသလောက်က သူတို့က လအလိုက် QR code system နဲ့ အဲ့လို ကြိုပွိုင့်ယူရတာတွေရှိတာပေါ့၊ အဲ့ဒီအခါမှာ ကြိုပွိုင့်ယူဖို့အတွက် ပွဲစားတွေနဲ့ ရုံးကလူတွေနဲ့ ပေါင်းတာပေါ့၊ ကိုယ်က နည်းနည်းမြန်မြန်ရချင်တယ်ဆိုရင် လာဘ်လေးထိုးပြီးတော့…

Read More