ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဒဂုံ ၄၀ ရပ်ကွက်စျေးမှာ စျေးလာဝယ်တဲ့ စစ်တပ်က အငြိမ်းစားအရာရှိတဦး ပစ်ခတ်ခံရ

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက် စျေးမှာ ဒီကနေ့ မနက်ဇန်နဝါရီ ၂၀ ရက်နေ့ကစျေးလာဝယ်တဲ့ အငြိမ်းစားအရာရှိတဦးသေနတ်နဲပစ်ခတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ဒေသခံတွေက DNA ကိုပြောပါတယ်။ “၄၀စျေးထဲသန်းစိုးကုန်စုံဆိုင်အရှေ့မှာပစ်သွားတာလို့တော့ ကြားတယ်။နှစ်ချက်သုံးချက်လောက်ရှိတယ်။ပစ်သွားတာ’’လို့၄၀စျေးအနီးနေ ဒေသခံတဦးကပြောပါတယ်။ ပစ်ခတ်မှုအပြီးမှာ စျေးကိုစစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့လိုက်တယ်လို့လည်းဆက်ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]