သြဂုတ်၊ ၂၂ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ မုန်တိုင်း အပြင်းအထန် တိုက်ခတ်နေချိန် ငလျင်လှုပ်ခတ်မှုနဲ့ပါ ကြုံတွေ့ခဲ့ရပါတယ်။ ဩဂုတ် ၂၁ ရက်က ဟီလာရီ မုန်တိုင်းဒဏ်ကို ဒေသခံတွေ အတော်လေး ကြမ်းကြမ်းတမ်းတမ်း ခံစားနေရတဲ့အချိန် ရစ်ချ်တာစကေး ၅.၁ အဆင့် ငလျင်တခုပါ လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ လော့စ်အန်ဂျလိစ်မြို့ အနောက်မြောက်ဖက်က ဆန်တာဘာဘရာ ဒေသနားက ကမ်းခြေတဝိုက်မှာပါ။ ငလျင်ကြောင့် အရမ်း ဆိုးဆိုးရွားရွား…
Read Moreဩဂုတ် ၁၄ လအနည်းငယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ရော ရေလွှမ်းမိုးမှုဒဏ်ကိုပါ ဆက်တိုက်ခံစားခဲ့ရတဲ့ ရခိုင်ပြည် သူ တွေဟာ မျိုးစပါး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတာကြောင့် အမြန်ဆုံး ကူညီ ပေးကြဖို့ နိုင်ငံတကာနဲ့ ကူညီရေးအဖွဲ့တွေကို ရခိုင့်တပ်တော်(AA)က ဒီကနေ့ ထုတ်ပြန် အကူအညီတောင်း ခံ လိုက်ပါတယ်။ အခုလဆန်းပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းရေလွှမ်းမိုးမှုကြောင့် မြို့နယ် ခုနစ် ခုကနေအိမ် သုံးသောင်းနီးပါး ရေ မြုပ်ခဲ့ပြီး စပါးစိုက်ခင်း…
Read Moreသြဂုတ်၊ ၁၄ မုန်တိုင်း နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ကြိုတင် ကာကွယ်မယ့် အစီအမံတွေ ပေါ့လျော့ ပျက်ကွက်ခဲ့တဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပြင်းပြင်းထန်ထန် ဆူပူ ကြိမ်းမောင်းခဲ့ကြောင်း သိရပါတယ်။ အပူပိုင်းမုန်တိုင်း ခါနွန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကိုရီးယား ကျွန်းဆွယ်ကို ဖြတ်သန်း တိုက်ခတ်သွားခဲ့ပါတယ်။ အဲဒီ မုန်တိုင်းဟာ ဂျပန်နိုင်ငံကို ဖြတ်ကျော်လာတဲ့နောက် ကိုရီးယား ကျွန်းဆွယ်ဖက်ကို…
Read Moreသြဂုတ်၊ ၂ တိုင်ဖွန်းမုန်တိုင်းနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမှာ ဆယ်စုနှစ် တခုစာ ကာလအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေ ကြုံတွေ့နေရသလို လူ တဒါဇင်နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီဟာ ဘေဂျင်းအပြင် တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ အလွန်အကျွံ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခု သီတင်းပတ် အစောပိုင်းကစလို့ ဘေဂျင်းမှာ ၂ ရက်ဆက်တိုက် အဆက်မပြတ်နီးပါး မိုးတွေ…
Read Moreဇူလိုင်၊ ၁၄ အင်အားအလွန်ပြင်းတဲ့ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ရခိုင်မှာ မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင် ၁၁ ရက်နေ့ သူ့ခရီးစဉ်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက် မြေပြင်နဲ့ လွန်စွာကွဲလွဲနေပြီး မုန်တိုင်းသင့်ပြည်သူ အားလုံးနီးပါးဟာ အမိုးအကာအောက်ကို မရောက်ကြသေးသလို စားနှပ်ရိက္ခာ လိုအပ်ချက်တွေလည်း အများကြီး ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ မုန်တိုင်းအပြီး…
Read Moreဇူလိုင်၊ ၃ မိုခါမုန်တိုင်း ဒဏ်အဓိကသက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာက လှူဒါန်းထားတဲ့ အရေးပေါ် ရိက္ခာနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ပြင်ပစျေးကွက်ထဲမှာ ရောင်းချနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်သူ တသန်းခွဲကျော် ရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အကူအညီ လိုနေသူတွေအားလုံး အကူအညီတွေ မရကြသေးပေမယ့် မုန်တိုင်းသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးထားတဲ့ ပစ္စည်းတွေကတော့ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရာ ကုန်စည်တွေအဖြစ် တွေ့နေရတယ်လို့ ရခိုင်ဒေသခံတွေက…
Read Moreဇွန်၊ ၂၅ ဆိုင်ကလုန်း မိုခါမုန်တိုင်း သင့်ခဲ့ရတဲ့ မြန်မာနိုင်ငံကို လူသားချင်စာနာမှု အကူအညီ အမေရိကန်ဒေါ်လာ ဆယ်သန်းခွဲ ထောက်ပံ့ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ဇွန်လ ၂၅ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နဲ့ တိုင်းအချို့မှာ တိုက်ခတ်သွားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲအဖြစ် အရေးပေါ် လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက်…
Read Moreဇွန်၊ ၁၃ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု ချဉ်းကပ်လာနေတာကြောင့် ပါကစ္စတန် နိုင်ငံမှာ လူပေါင်း ၈ သောင်းကျော်ကို အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်စေခဲ့ကြောင်း သိရပါတယ်။ ဘီပါဂျွိုင်လို့ နာမည်ပေးထားတဲ့ ဆိုင်ကလုန်းဟာ လက်ရှိ အချိန်မှာ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၅၀ လောက်ထိ အားကောင်းနေသလို လာမယ့် ၂ ရက်အတွင်း ကုန်းတွင်း ဝင်ရောက်ချိန်မှာ အဲဒီထက် ပိုပြီး ပြင်းထန်လာမယ်လို့ ယုံကြည်ရပါတယ်။ အာရေးဘီးယား…
Read Moreဇွန်၊ ၆ စစ်ကိုင်းတိုင်း၊ ပုလဲ မြို့နယ်အတွင်းက မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာစိုက်ခင်းတွေအတွက် အကူအညီတွေ မရသေးတာကြောင့် ပြန်လည်စိုက်ပျိုးနိုင်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ “ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ နှမ်းတွေသာ ရာသီဥတုသာယာခဲ့မယ်ဆိုရင် ကျွန်တော်စိုတ်ထားတဲ့ ဧကတင် တင်း ၁၂၀ လောက်ထွက်တယ်၊ တတင်းကို ခုပေါက်စျေး တသိန်းဝန်ကျင် လောက်ရမှာ၊ အခုတော့ အကုန်ကုန်သွားတာပေါ့ “ လို့ မိုခါမုန်တိုင်းကြောင့်…
Read Moreမေ၊ ၂၉ ဆိုင်ကလုန်း မုန်တိုင်း မိုခါရဲ့ဒဏ်ကို သက်ရောက် ခံစားခဲ့ရသူတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့သလို အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ အမြန်ဆုံး ပို့ဆောင်ပေးဖို့လည်း တောင်းဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနားသား ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ မကြာသေးခင် ရက်ပိုင်းက ဖျားနာမှု ဝေဒနာ ခံစားခဲ့ရပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဗာတီကန် နန်းတော်က ဝတ်ပြု ဆုတောင်းမှု အစီအစဉ်ကို တက်ရောက်ခဲ့ပါတယ်။ မေလလယ်က ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့…
Read More