နိုင်ငံရေး

အလုပ်သမားတွေအပေါ်ဖိနှိပ်မှုတွေကို စစ်ကောင်စီက လိမ်ညာထုတ်ပြန်နေတယ်လို့ ဝေဖန်

ဇူလိုင်၊၂၉  အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကိုဖမ်းဆီး၊ဝရန်းထုတ်တာတွေလုပ်နေတဲ့စစ်ကောင်စီက အပြည် ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ပြဌာန်းချက် ၈၇ဖြစ်တဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ကို လိုက်နာနေ တယ်လို့ထုတ်ပြန်လာတဲ့အပေါ်အလုပ်သမားအဖွဲ့တွေကဝေဖန်နေကြပါတယ်။ “အလုပ်သမားအဖွဲ့တွေလွတ်လပ်စွာဖွဲ့စည်းလုပ်ကိုင်ခွင့်ရနေလား၊မရဘူးလားဆိုတာမြေပြင်လုပ်ရပ်တွေကိုကြည့်ရုံနဲ့သိသာနေတာ”လို့ မြန်မာနိုင်ငံစက်မှုလက်မှု နှင့်ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးကပြောပါတယ်။ အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အလုပ်သမားအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖွဲ့ စည်းဆောင်ရွက်ခွင့်ပြုနေပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့နဲ့အလုပ်သမား [ဆက်လက်ဖတ်ရှုရန်]