ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ နာတာရှည်ရောဂါခံစားနေရတဲ့ သက်ကြီးအမျိုးသမီးတဦး ကိုဗစ်ရောဂါနဲ့ သေဆုံး

ဇူလိုင် ၊ ၁၁ ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်မြို့ ဆေးရုံကြီး ကိုဗစ်ရောဂါပိုးအထူးကြပ်မတ်ကုသဆောင်မှာကုသမှုခံယူနေရတဲ့ သက်ကြီးအမျိုးသမီးတဦးဒီကနေ့ ညပိုင်းမှာသေဆုံးသွားတယ်လို့ မြို့ခံပရဟိတအသင်းဆီကသိရပါတယ်။ ပြည်မြို့ မြကန်သာ(အရှေ့)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၇၀အရွယ် ဒေါ်သန်းအေး ဟာ လူကြီးရောဂါနဲ့ ဆေးရုံ တက်ကုသမှုခံယူရင်းက ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်မြို့နယ်က တပ်မိသားစုဝင် ကျောင်းသားတွေကို လုံခြုံရေးနဲ့ ဖယ်ရီမပေးတော့လို့ တပ်တွင်းကျောင်းနဲ့ ပုဂ္ဂလိ ကကျောင်းတွေမှာ တက်သူများလာ

ဇွန်၊ ၉   ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်အတွင်းက စစ်တပ်မိသားစုဝင် ကျောင်းသားတွေကို အကြိုအပို့နဲ့ လုံခြုံရေး မပေးနိုင်တော့တာကြောင့် အခုပညာသင်နှစ်ကစပြီး တပ်တွင်းကျောင်းတွေနဲ့ ပုဂ္ဂလိကမှာပဲ တက်ရောက်နေကြတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေဆီက သိရပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တပ်ကြပ်ကြီးသမီးကို အဓမ္မပြုကျင့်တယ်ဆိုကာ ပြည်မြို့စစ်ကောင်စီဥက္ကဌ ဗိုလ်မှူး တိုင်ကြားခံရ

မေ၊ ၂၃   ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် စစ်ကောင်စီဥက္ကဌ ဗိုလ်မှူးစိုပြေလင်းဟာ တပ်ကြပ်ကြီးတဦးရဲ့သမီးကို အကြိမ်ကြိမ်အဓမ္မကျူးလွန်ခဲ့တယ်လို့ဆိုကာ တိုင်ကြားခံထားရတယ်လို့ ပြည်မြို့က တပ်တွင်းသတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။   ” မိဘတွေက မသိကြဘူး၊ တပ်ထဲမှာတော့ အဲ့သတင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်အကျဉ်းထောင်က နိုင်ကျဉ်း ၄၉ ဦးလွတ်မြောက်

မေ၊ ၃   ပဲခူးတိုင်း‌အနောက်ခြမ်း၊ ပြည်မြို့ အကျဉ်းထောင်ကနေ နိုင်ငံရေးပုဒ်မ ၅၀၅-က နဲ့ အကျဉ်းချခံထားသူ ၄၉ ဦး ယနေ့နံနက်က စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ပရဟိတအသင်းသားတဦး လွတ်မြောက်လာတာမရှိဘူးလို့ လွတ်မြောက်လာသူတွေနဲ့ မြို့ခံတွေထံက သိရပါတယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ ကိုဗစ်ကူးစက်ခံရသူအမျိုးသမီးတဦးသေဆုံး၊ဆက်စပ်သူတွေကိုနေအိမ်ပြန်လွှတ်လို့ ဒေသခံတွေ စိုးရိမ်နေ

မေ၊ ၂ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့ သက်ကြီးအမျိုးသမီးတဦး ပဲခူးတိုင်း၊ပြည်မြို့ဆေးရုံကြီးမှာ ကွယ်လွန်သွား ပြီးနောက် ထိစပ်ထားသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုမပေးဘဲ နေအိမ်ပြန်လွှတ်လို့ ဒေသခံတွေစိုးရိမ် နေ ကြတယ်လို့ သိရပါတယ်။ “လူနာစောင့်တွေကို ဒီနေ့ပဲ သူတို့နေတဲ့ မြန်အောင်ကိုပြန်ပို့ရမယ်လို့‌ ဆေးရုံအုပ်ကြီးကပြောတယ်၊သူတို့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ စည်ပင်ဝန်ထမ်းတဦး ကြိုးဆွဲချသေဆုံး၊တပတ်အတွင်း ကြိုးဆွဲချသေဆုံးမှုသုံးမှုဖြစ်

မတ်၊ ၂၃  ပဲခူးတိုင်း၊အနောက်ခြမ်းပြည်မြို့၊ကျောင်းကြီးအိုးတန်ရပ်ကွက်၊ကမ်းနားလမ်းကစည်ပင်ရုံးအတွင်းမှာ ဝန်ထမ်း အ မျိုးသား တဦးကြိုးဆွဲချအဆုံးစီရင်ပြီးသေဆုံး သွားတယ်လို့ ပြည်မြို့ခံ ပရဟိတဒါနပါရမီ အသင်းတာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။ “စည်ပင်ကဝန်ထမ်းတွေဖုန်းဆက်တာ၊ကျွန်တော်တို့အဖွဲ့တွေရောက်တော့ ရဲနဲ့စည်ပင်ဝန်ထမ်းတွေ သေဆုံးသူဦး ကြီးသားလည်းရောက်နေကြပြီ၊သေဆုံးရုပ်အလောင်းကိုတော့ ကြိုးဖြုတ်ပြီး ခေတ္တရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်မြို့စစ်ထောက်လှမ်းရေးရုံးမှာ လက်နက်ခဲယမ်းတွေသယ်ယူနေချိန် ပေါက်ကွဲမှုဖြစ်ပြီး သုံးဦးသေ

မတ်၊ ၁၃ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ စစ်တပ်ထောက်လှမ်းရေးရုံးမှာ မတ်လ (၁၂)ရက် မနေ့ ညပိုင်းက လက်နက်ခဲယမ်းတွေ သယ်ဆောင်နေရာချနေချိန် ပေါက်ကွဲမှုဖြစ်လို့ သုံးဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တခုက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ ဆယ့်ငါးနာရီအတွင်း အိမ်ယာမဲ့ အလောင်း နှစ်လောင်းတွေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်မြို့မှာ ဆယ့်ငါးနာရီအတွင်း အိမ်ယာမဲ့အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ဘုရားဈေးလမ်း နာရီ စင် အနီးမှာ ဖေဖော်ဝါရီ ၅ရက် ည ၆နာရီခန့်မှာ အ မျိုးသားတဦး၊ဒီကနေ့ မနက် ၉နာရီဝန်းကျင်မှာလည်း နဝဒေးလမ်း (PT.Power) ဆီဆိုင်အနီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့လူငယ်သုံးဦးရေနစ်ပြီး တဦးသေဆုံး

ပဲခူးတိုင်း ပြည်မြို့ ဘောတံတားအနီး မှာ ဒီကနေ့ဖေဖော်ဝါရီ ၅ရက်ညနေပိုင်းက ဧရာဝတီမြစ်အတွင်းသို့ လူငယ် သုံးဦး ရေဆင်းကူးရာရေနစ်မှုဖြစ်ခဲ့ပြီး တဦးရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေကပြောပါတယ်။ အနီးအနားကလူတွေက လူငယ်၃ဦးကို ကယ်ဆယ်ရာမှာ နှစ်ဦးကိုကယ်နိုင်ခဲ့ပြီး တဦးကတော့ သေဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။ “သုံးယောက်လုံးနစ်တာ၊ ကျွန်တော်တို့အဖွဲ့တွေရောက်တော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ တလအတွင်း အိမ်ခြေမဲ့အမျိုးသား ငါးဦးသေဆုံး

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့မှာ ရာသီဥတု အေးလွန်းတာကြောင့် တလအတွင်း အိမ်ယာမဲ့ ငါးဦး သေဆုံးကာ အကြောကပ်လေဖျန်းသူ နှစ်ဦးရှိတယ်လို့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ “အခုရက်ပိုင်း တော်တော်အေးလာတော့ ကျန်းမာရေးချို့တဲ့သူတွေ သေတယ်၊ တလထဲတင် ငါးယောက်ရှိတယ်ဗျ၊ [ဆက်လက်ဖတ်ရှုရန်]