မေ ၊ ၃ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ၊ဘုမ္မတီးကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မေလ ၂ ရက် မနေ့က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး၂ ဦးအပါအဝင်၃ ဦးသေဆုံးကာ ကလေးတဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ “ မနေ့က ညနေ ၆ နာရီအကျော်မှာ လေယာဉ်ပျံလာတယ်။အဲဒီပြီးတာနဲ့ နောက်တစီးက ဗုံးတွေကြဲချလာတယ်။၄ လေး၊ ၅ လုံး လောက်ရှိတယ်။ တစီးကလည်း ပစ်တာပေါ့။အချိန်ကတော့…
Read Moreမေ၊ ၁ ပဲခူးတိုင်း၊ဝေါမြို့နယ်က ညောင်ခါးရှည်ရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် ဖမ်းဆီးခံထားရသူတွေထဲက (၁၅) ဦးလောက်ဒီကနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ “ ဖမ်းခံရတဲ့သူတွေက ၂၀ ကျော်တယ်၊ အားလုံးပေါ့နော်၊ အခု ပြန်လွှတ်လိုက်တာ၊ ၅ ဦးလောက်ရှိတယ်၊ ကျန်တဲ့သူတွေက စစ်ကြောရေးမှာ စစ်ဆေးနေတုန်းပဲ၊ သံယရှိလို့ ခေါ်သွားတာ၊ အားလုံးက သာမန် အရပ်သားတွေပါ၊ဟုတ်၊ မဟုတ်ဆိုတာ အုပ်ချုပ်ရေးအဖွဲ့တွေက အသိဆုံးပါပဲ” ညောင်ခါးရှည်ဒေသ ခံတဦးက ပြောပါတယ်။…
Read Moreမတ်၊ ၃၁ ပဲခူးတိုင်း ၊ဝေါမြို့နယ်အတွင်းကရပ်ကွပ်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုတပတ်အတွင်းနုတ်ထွက်ဖို့ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးခဲ့ပြီးနောက်မြို့တွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာတွေကိုစစ်ကောင်စီတပ်နဲ့ရဲအဖွဲ့တွေကနေ့ရောညပါကင်းပုန်းဝပ်စောင့်ကြပ်ပြုလုပ်နေတာအပြင်လုံခြုံရေးအရစစ်ဆေးတင်းကြပ်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။ ” ရပ်ကွက်အုပ်ကြီးအိမ်တွေရယ်ရုံးနေရာတွေမှာ ရဲတွေအရပ်ဝတ်တွေနဲ့လုံခြုံရေးယူထားတာတွေ့ခဲ့ရတယ်။စစ်တပ်တချို့ကိုလည်းတွေ့တယ်။ အသတ်ခံရမှာကြောက်လို့လုပ်တဲ့သဘောလို့ပဲမြင်မိပါတယ်” လို့ဒေသခံတဦးကပြောပါတယ်။ ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်ကွက်၊ ကျေးရွာအုုပ်ချုပ်ရေးမှူးတွေအနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထားနုတ်ထွက်ဖို့နဲ့ မနုတ်ထွက်ရင် စစ်ကောင်စီနဲ့ပူးပေါင်းသူအဖြစ် သတ်မှတ်ရှင်းလင်းမယ်လို့ မတ်လ ၂၄ ရက်က ထုတ်ပြန်ထားတာပါ။ အဲဒီသတိပေးထုတ်ပြန်ချက်ထွက်ပြီးနောက်ပြီးခဲ့တဲ့မတ်လ၂၅ရက်ကနေဒီကနေ့အထိ မြို့တွင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာနဲ့နေအိမ်တွေကိုရဲနဲ့စစ်တပ်ပူးပေါင်းအဖွဲ့တွေကအရပ်ဝပ်တွေနဲ့ကင်းပုန်းဝပ်စောင့်ကြည့်တာတွေရှိနေတယ်လို့ဝေါမြို့ခံတွေကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဝေါမြို့တွင်းနဲ့ကျေးရွာတွေကအုပ်ချုပ်ရေးပိုင်းအဖွဲ့ဝင်တွေကိုလက်နက်တပ်ဆင်ပေးတာရှိနေတယ်လို့လည်းဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆိုပါတယ်။ စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေအပေါ်ယခုအခါ…
Read Moreမတ်၊ ၂၂ ပဲခူတိုင်းအရှေ့ခြမ်းအတွင်းရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီက တရက်တည်း လေကြောင်းတိုက်ခိုက်မှုကိုးကြိမ်ပြုလုပ်ကာ ဗုံး(၂၈)လုံးကြဲချခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ၊ဆောထိမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေထဲ မတ်လ(၂၀)ရက် ညပိုင်းမှာ အဲ့ဒီလိုဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အသက်(၇၀)အရွယ်ဒေသခံတဦးထိခိုက်ဒဏ်ရာရကာ လူ(၃၂၀၀)နီးပါး ထွက်ပြေးတိမ်း ရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေအိမ်ငါးလုံးနဲ့ မူလတန်းကျောင်းတကျောင်းလည်း မီးလောင်ပြာကျခဲ့ တယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။…
Read Moreမတ်၊ ၂၁ ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်မှာ ခရီးသွားယာဉ်တစီးကာမိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက DNA ကို ပြောကြားပါတယ်။ ကျောက်ကြီးမြို့မှနတ်သံကွင်းကျေးဘက်ကိုမောင်းနှင်လာတဲ့”ဝင်းရတနာ”ယာဉ်လိုင်းကLight Truck ခရီးသည်တင်ယာဉ်ဟာမတ်လ ၂၀ ရက်၊ မနက် ခြောက်နာရီခွဲကျော်မှာညောင်ကုန်းတံတားအနီးရောက်ရှိစဉ် ကားမိုင်းတစ်လုံးကိုနင်းမိခဲ့တယ်လို့ သိရပါတယ်။ ့ကားမိုင်းပေါက်ကွဲခဲ့ပြီးခရီးသည်တွေဖြစ်တဲ့အသက် ၂၀ နှစ်ကျော်အရွယ်အမျိုးသမီးတဦးနဲ့အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသား နှစ်ဦးသေဆုံးခဲ့ကာ ယာဉ်မောင်းဖြစ်သူ အပါအဝင် အသက် ၃၀ နှစ်ကျော်အရွယ် အမျိုးသမီးတဦး တို့မှာခြေလက်တို့တွင်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ညောင်ကုန်းကျေးရွာလူမှူကူညီရေးအသင်းဝင်တဦးကပြောပါတယ်။ ”…
Read Moreမတ်၊ ၁၃ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ စစ်တပ်ထောက်လှမ်းရေးရုံးမှာ မတ်လ (၁၂)ရက် မနေ့ ညပိုင်းက လက်နက်ခဲယမ်းတွေ သယ်ဆောင်နေရာချနေချိန် ပေါက်ကွဲမှုဖြစ်လို့ သုံးဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တခုက DNA ကို ပြောပါတယ်။ ပြည်ဘက်ခြမ်း နဝဒေးတံတားအနီး စစ်တပ်အခြေစိုက်ရာ မင်းကြီးတောင်ပေါ်က ထောက်လှမ်းရေးရုံးကို စစ်ကောင်စီ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံက လာပို့တဲ့ ခဲယမ်းတွေ သယ်ယူနေရာချနေချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။…
Read Moreမတ်၊ ၃ ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ပဲခူးရိုးမထဲစစ်ကြောင်းထိုးဖို့လာရင်း စစ်ကားတိမ်းမှောက်ရာက ဗိုလ်မှူးတဦးအပါအ ဝင်ငါးဦးနေရာမှာပဲ သေဆုံးခဲ့သလို ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဗိုလ်ကြီးတဦး ဒီကနေ့ထပ်မံသေဆုံးသွားလို့ စုစုပေါင်းသေဆုံးသူ ခြောက်ဦးရှိသွားပြီလို့ ပဲခူးတိုင်းအခြေစိုက် စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်တခုက DNA ကို ပြောပါတယ်။ ပဲခူးရိုးမထဲ စစ်ကြောင်းထိုးဖို့ လာတဲ့ စစ်ကောင်စီယာဉ်တန်းထဲက ကားတစီးဟာ မတ်လ ၁ရက်က သာယာဝတီ ခရိုင်၊မင်းလှ-မြို့ချောင်းလမ်း ခါချဉ်တောင်ကိုတက်ချိန်မှာ တိမ်းမှောက်ခဲ့လို့ ငါးဦးပွဲချင်းပြီးသေဆုံးပြီး (၁၅)ဦး ထက်မနည်း…
Read Moreဖေဖော်ဝါရီ၊ ၂၈ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် တပတ်အတွင်း ဒေသခံ ခုနစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေ တယ်လို့ စစ်ဘေးရှောင် အရေးကူညီနေသူတွေကပြောပါတယ်။ ရွှေကျင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ စစ်ကောင်စီတပ်နဲ့ KNLA ပူး ပေါင်းတပ်တွေရဲ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွှေကျင်မြို့နယ် အတွင်း ကျေးရွာငါးရွာက ဒေသခံခုနစ်ထောင်ကျော်…
Read Moreဖေဖော်ဝါရီ၊ ၂၇ ပဲခူးတိုင်း၊ဝေါမြို့နယ်၊ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး ဘုရားပျို့ကျေးရွာရှိစစ်ဆေးရေးဂိတ်ပစ်ခတ်မှုမှာ စစ်ကောင်စီဖက်က ၂ဦးသေဆုံး၊၄ဦးဒဏ်ရာရပြီးနောက် ဒေသခံ လူငယ်၄ဦးကိုဖမ်းဆီးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ ဝေါမြိ့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေကစစ်ဆေးရေးဂိတ် ကို မနေ့ ဖေဖော်ဝါရီလ ၂၆ ရက်၊ည ၈ နာရီခွဲ အချိန်မှာ တိုက်ခိုက်ပြီးနောက် ဒီကနေ့ မနက်၁၁ နာရီကစပြီး ကျေးရွာအဝင်အထွက်လမ်းတွေကိုစစ်တပ်နဲရဲအဖွဲ့ကအသွားအလာယာယီပိတ်ပင်ထားတယ်လို့လည်းဆိုပါတယ်။ “ကျေးရွာထဲက အသက် ၂၅ နှစ်အရွယ် နဲ့အသက် ၃၀ နှစ်အရွယ် လူငယ် ၄ ဦးကိုကျေးရွာအုပ်ချုပ်ရေးရုံးအတွင်းဖမ်းဆီးစစ်ဆေးနေတယ်” လို့ဘုရားပျို့ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ဘုရားပျို့ကျေးရွာစစ်ဆေးရေးဂိတ်ဟာရန်ကုန်-မော်လမြိုင်ကားလမ်းမအနီးတည်ရှိကာစစ်တပ်နဲ့ရဲအဖွဲ့အင်အား၁၀ ဦးခန့်နဲ့…
Read Moreပဲခူးတိုင်း၊ ကျောက်တံခါးမြို့ကရန်ကုန်-မန္တလေး လမ်းမပေါ်တံတား မိုင်းခွဲခံရပြီးနောက် အနီးအနားက ကျွန်းကုန်နဲ့ခင်ကြီးရွာတွေမှာနေ့စဥ် ဧည့်စာရင်းစစ်ဆေးနေတဲ့အပြင် ဒေသခံ ၅ ဦး ကိုလည်းဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံတွေကDNA ကိုပြောပါတယ်။ ” ခင်ကြီးရွာက သုံးဦးရယ် ၊ကျွန်းကုန်ကနှစ်ဦး ကိုမြို့ကရဲစခန်းထဲဖမ်းခေါ်သွားတယ်။အကုန်လုံးကလူငယ်လူလတ်အရွယ်တွေချည်းပဲ။မေးစရာရှိလို့ဖမ်းခေါ်သွားတာ။အခုအထိပြန်မလွတ်သေးဘူး” လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာအသက် ၂၅နှစ်ဝန်းကျင်အရွယ်တွေနဲ့လူလတ်ပိုင်းအရွယ်တွေဖြစ်ပြီးကျောက်တံခါးမြို့မရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့လည်းပြောပါတယ်။ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းမပေါ် ကကွန်ကရစ်တံတားမိုင်းခွဲဖျက်ဆီးခံရပြီးနောက်ဖေဖော်ဝါရီလ ၂၀ရက်မှဒီကနေ့ အထိ စစ်တပ်နဲ့ရဲအဖွဲ့အင်အား ၃၀ ဝန်းကျင်အပါအဝင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကနေ့ရောညပါဧည့်စာရင်းစစ်ဆေးတာရှိနေတယ်လို့ကျွန်းကုန်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့လည် ၁ နာရီခွဲအချိန်ခန့်ကကျောက်တံခါးမြို့နယ်ရှိ ကျွန်းကုန်ရွာနှင့်…
Read More