ပုသိမ်မှာကိုဗစ်လူနာသစ် နှစ်ဦးတိုး

ပုသိမ်မှာကိုဗစ်လူနာသစ် နှစ်ဦးတိုး

၂၉၊ဒီဇင်ဘာ၊၂၀၂၀။ ဒီကနေ့ ပုသိမ်မြို့က(၂)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်မုံရွာရေဦးလမ်း လွန်ကန်နည်းပညာကျောင်းရှေ့မှာ စတိုးဆိုင်ဖွင့်ထားတဲ့အသက်(၆၅)နှစ်အရွယ်အမျိုးသားဟာ အနံပျောက်နေတာ နှစ်ရက်ရှိနေတာကြောင့် သာသနာ့ဗိမာန်Fever Clinicကိုလာပြခဲ့ပြီ းပုသိမ်ဆေးရုံကို လွှဲပြောင်းစစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ သစ်ပုတ်ကုန်းအုပ်စု တိုက်ကြီးကုန်းရွာမှာနေထိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကုန်ကားမောင်းတဲ့ အမျိုးသားတစ်ဦးဟာ ဒီနေ့ရန်ကုန်ကနေ ပြန်လာစဥ် ကျောင်းကုန်းမြို့စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာကရောဂါတွေ့ခဲ့ပြီး ပုသိမ်ဆေးရုံကိုလွှဲပြောင်းခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၉၆)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၅၅၇)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

Read More
ပုသိမ်ကိုဗစ်လူနာ(၁၀)ဦးတိုး

ပုသိမ်ကိုဗစ်လူနာ(၁၀)ဦးတိုး

၂၅ ၊ ဒီဇင်ဘာ ၊ ၂၀၂၀။ ပုသိမ်မြို့မှာ ဒီကနေ့ ကိုဗစ်လူနာ(၁၀)ဦးထပ်တိုးခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်မြို့အ၀င်ကိုဗစ်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာက ရန်ကုန်ဗိုလ်တစ်ထောင်မြိုနယ်က အသက်(၂၂)နှစ်အရွယ်အမျိုးသားမှာရောဂါတွေ့ခဲ့ပါတယ်။ အထည်ချုပ်စက်ရုံကပစ္စည်းတွေတင်ဖို့ရန်ကုန်ကနေ လာရောက်ခဲ့တာလို့ သိရပါတယ်။ ဧရာမင်း(၄)လမ်းကလက်ဘက်ရည်နဲ့ ခေါက်ဆွဲရောင်းတဲ့အသက်(၄၂)အရွယ်အမျိုးသမီးနဲ့ ဥမ္မာဒန္တီ (၉)လမ်းက အသက်(၃၂)နှစ်အရွယ်အမျိုးသမီးတို့ဟာအနံပျောက်နေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။ ကွာရန်တင်းစင်တာကနေ ကျောက်စရစ်ကုန်းနေတဲ့လူနာ(၅၉၇)ရဲ့ ဇနီး၊ မရီးနဲ့ ယောက်ဖ၊ ဥမ္မာဒန္တီ(၁)လမ်းကလူနာ(၅၉၆)ရဲ့တူမ၊ မြောင်းမြကျောင်းရှေ့ကလူနာ(၅၉၉)ရဲ့ ဦးလေးနဲ့ညီဖြစ်သူ၊ ကွမ်းခြံလမ်းကြားကအသက် (၅၀)အရွယ်အမျိုးသားအပါအဝင် (၇)ဦးကိုစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။…

Read More