ကျန်းမာရေး

ပုသိမ်ကိုဗစ်လူနာသစ်ဆယ်ဦးမှာ ဈေးသည်နဲ့ဆားစက်ဝန်ထမ်းတွေပါဝင်

၁၀၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာ ဒီကနေ့ ကိုဗစ်လူနာသစ်(၁၀)ဦးတွေ့ရှိခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ရွှေဘုံသာကမ်းနားလမ်းက ဆားစက်ဝန်ထမ်းကိုဗစ်လူနာ(၆၉၁)ရဲ့ အသက်(၃၃)နှစ်အရွယ်ဇနီးနဲ့(၈)နှစ်အရွယ်သမီးတို့ဟာ နန္ဒဆောင်မှာကွာရန်တင်းဝင်နေရာကဒုတိယအကြိမ်စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။ ဟိုတယ်ကွာရန်တင်း၀င်နေတဲ့ ရန်ကုန်ကနေပုသိမ်ကိုပြန်လာသူ အသက်(၅၅)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ပဒင်းတန်းမှာနေထိုင်တဲ့ လူနာ(၇၁၈)ရဲ့အစ်မဖြစ်သူတို့ကို ဒီနေ့စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]