ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မင်းအောင်လှိုင်ကတိပေးခဲ့တယ်လို့ အာဆီယံအထူးသံပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကတိပေးခဲ့ကြောင်း အာဆီယံအထူးသံတမန် ပရတ်ဆွန်ခွန်းက ပြောကြားခဲ့တယ်လို့ phnom penh post သတင်းဌာန ဖော်ပြပါတယ်။ အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမယ့် ကောင်းမွန်တဲ့ အလားအလာတစ်ရပ်ရှိပါတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး ရှုပ်ထွေးပြီး ရေရှည်ဖြေရှင်းရမယ့် ပြဿနာလို့ အာဆီယံ အထူးသံပြော

မြန်မာနိုင်ငံအရေးကို လက်ရှိအာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အာဆီယံအထူးသံတမန် ပရတ်ဆွန်ခွန်းက ပြောပါတယ်။၃ ရက်ကြာ မြန်မာခရီးစဉ်အပြီး မတ်လ ၂၃ ရက်နေ့၊ ဖနွမ်းပင်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အဲဒီလိုပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံအရေးဟာ ရှုပ်ထွေးပြီး ရေရှည်ဖြေရှင်းရမယ့်ပြဿနာ ဖြစ်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေးအရ အာဆီယံ အထူးသံနဲ့ တွေ့ဆုံမယ့် အစီအစဉ်ပျက်

သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အာဆီယံအထူးသံတမန်နဲ့ တွေ့ဆုံမယ့်အစီအစဉ် ပျက်သွားတယ်လို့ သိရပါတယ်။ အာဆီယံ အထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းနဲ့ ဒေါ်စုစုလွင်တို့ မတ်လ ၂၁ ရက်နေ့မှာ တွေ့ဖို့စီစဉ်ထားပေမဲ့ ဒေါ်စုစုလွင်ရဲ့ကျန်းမာရေးအရ မတွေ့ဖြစ်တော့တာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုကို တိုက်တွန်းဖို့ ၄ ချက် အာဆီယံအထူးသံကို ပြည်သူ့ပါတီ တင်ပြ

အာဆီယံ အထူးသံတမန်အနေနဲ့ စစ်အုပ်စုကို အကြံပြုတိုက်တွန်းဖို့ အချက် ၄ ချက်ကို တင်ပြခဲ့ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ LOTTE Hotel မှာ အာဆီယံ အထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NLD ပါတီကို ကိုယ်စားပြုပြောနိုင်တာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ ဖြစ်တယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြောနိုင်တာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။ မြန်မာ့အရေး အာဆီယံ အထူးသံတမန်မစ္စတာ ပရတ်ဆွန်ခွန်း မတ်လ ၂၁ ရက်နေ့ကနေ ၂၃ [ဆက်လက်ဖတ်ရှုရန်]