ဒေသအလိုက် သတင်းကဏ္ဍ

တရားမဝင် ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြဖို့ တိုက်တွန်းခဲ့တဲ့ ကလေးမြို့ ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းနဲ့ မြို့ခံပြည်သူတွေဟာ ” တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး ဒီဇင်ဘာ (၇) ရက် ဒီကနေ့မှာ စစ်အာဏာရှင်ကိုဆန့်ကျင် သပိတ်မှောက်ခဲ့ကြပါတယ်။ စစ်ကောင်စီက ကျင်းပမယ်လို့ ကြေငြာထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ပါဝင်ပူးပေါင်းခြင်းမရှိဘဲပြည်သူလူထုအားနဲ့တိုက်ဖျက်ကြဖို့ နှိုးဆော်တာဖြစ်တယ်လို့သပိတ်မှာပါဝင်သူတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လုံခြုံရေးတင်းကျပ်နေတဲဲဲ့ကြားက မပျက်ကွက် ခဲ့တဲ့ ကလေးမြို့ပင်မသပိတ်p

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့ နယ်ပြည်သူတွေဟာ လုံခြုံရေးတင်းကျပ်နေ တဲ့ကြားကစစ်အာဏာရှင်ဆန့်ကျင်သပိတ်ကိုဒီကနေ့ ညနေပိုင်းမှာ မပျက်မကွက်ပြု လုပ်ခဲ့ကြပါ တယ်။ ကလေးမြို့ပေါ်မှာ ခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး မြို့အနှံ့မှာ သွားလာနေသူတွေကိုဖုန်းတွေကအစစစ်ဆေးတာ၊ မြို့နယ်ထဲကကျေးရွာတချို့ကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့ကြားက သပိတ်စစ်ကြောင်းကတော့မပျက်မကွက် ရှိနေခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဏာရှင်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ်ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းမျိုးစုံနဲ့ သပိတ်မှောက်ဆန့်ကျင်လျက်ရှိတယ်လို့ သပိတ်အင်အားစုတွေနှင့် ဒေသခံပြည်သူတွေကပြောပါတယ်။ စက်တင်ဘာလ( ၃) ရက်နေ့ညနေပိုင်းမှာ ကလေးမြို့နယ်ပြည်သူတွေဟာ “Accept NUG and Our Ambassdor , Reject Dictator” စာတန်းကိုင်ဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့” စာသားကိုင်ဆောင် မုံရွာအမြင့်လမ်း ပင်မသပိတ်

ဒီနေ့ဟာ အလုပ်သမားထုရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ရင်းနှီးပေးဆပ်ခဲ့ပြီး ဖြစ်ပေါ်လာတဲ့သမိုင်းဝင် အလုပ်သမားနေ့ (မေဒေး) နေ့ဖြစ်တာကြောင့် မုံရွာအမြင့်လမ်း ပြည်သူလူထုက ဦးဆောင်ပြီး “အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့” စာသားကိုင်စွဲပြီး မုံရွာအမြင့် လမ်းတစ်နေရာမှာ [ဆက်လက်ဖတ်ရှုရန်]