ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းမှာ လူငယ် ကိုးဦးခန့်ကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဖမ်းဆီးသွား

မေ၊ ၂၅ ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ဝေဠုန်ဝန်မြောက်ရပ်ကွက်မှာ မေ ၂၄ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက်ပြီး  လူငယ်ကိုးဦးခန့်ကိုလာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေကDNAကိုပြောပါတယ်။ “ညက ၁၀နာရီကျော်လောက်မှာ စစ်ကား လေးစီးနဲ့လာဖမ်းတာ။လာဖမ်းတဲ့အချိန်မှာ တချို့လူငယ်တွေက တိမ်းရှောင်ဖို့လုပ်တဲ့အတွက် စစ်သားတွေက သေနတ် ၂ချက်ပစ်ဖောက်ပြီး ထွက်မပြေးဖိုခြိမ်းခြောက်တာပေါ့။အဲ့ဒါပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းမြို့နယ်က ဘားနဲ့စားသောက်ဆိုင်တွေကို သင်္ကြန်အတွက်ဆိုပြီး ကျပ်နှစ်သိန်းစီတောင်းယူနေ

ဧပြီ၊ ၈   ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ထဲက ဘားတွေနဲ့ အရက်ယမကာရောင်းချတဲ့ ဆိုင်တွေဆီကနေ စစ်ကောင်စီရဲ့စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် ဦးဆောင်ပြီး သင်္ကြန်အတွက်ဆိုကာ တဆိုင်ကို ငွေကျပ်နှစ်သိန်းစီ လိုက်လံတောင်းယူနေတယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေဆီက သိရပါတယ်။   စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာကေတနဲ့စမ်းချောင်းမှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးနေ

မတ်၊ ၂၁ ရန်ကုန်မြို့ ၊သာကေတမြို့နယ် အမှတ် ၂ ရဲစခန်းကရဲတွေပစ်ခတ်ခံရမှုနဲ့ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းက ပစ်ခတ်သတ်ဖြတ်ခံရမှုတွေဖြစ်ပြီးနောက် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက DNAကိုပြောပါတယ်။ စစ်ကောင်စီဘက်က အခုလိုပိုက်စိပ်တိုက်ရှာဖွေတာကို သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအ ပါအဝင် ရဲသုံးဦး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းမှာ ကွယ်လွန်သူတဦးပိုင် တိုက်ခန်းကို ရောင်းစားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အတိုင်ခံရ

မတ်၊ ၉   ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမပေါ်က အိမ်အမှတ် ၁၇၀/၅ လွှာမှာ တိုက်ခန်းအတွင်း ရုတ်တရက်သေဆုံးခဲ့သူ ဦးဘုန်းကျော်သူရဲ့တိုက်ခန်းကို စစ်တပ်ဗျူဟာမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်း နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရိန်တို့ ပေါင်းပြီးသိမ်းဆည်းရောင်းစားခဲ့ကြတာလို့ ရပ်ကွက်နေပြည်သူတွေက ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းက တိုက်ခန်းတခန်းမှာ ဓားထိုးမှုဖြစ်ပြီး အမျိုးသားတဦးသေဆုံး

ဖေဖော်ဝါရီ၊ ၂၇ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းအတွင်းက လူနေတိုက်ခန်းတခုမှာ ဓားထိုးမှုဖြစ်လို့ အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးတဦး ဓားဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။  “ကျွန်မတို့ 777 ဘီယာဆိုင်အရှေ့တည့်တည့်က တိုက်မှာဖြစ်တာ ကောင်လေးကတော့ ဒဏ်တွေကြောင့် သေနေပြီ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းက တည်ခိုခန်းမှာ တည်းခိုနေတဲ့လူငယ်တဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

ဖေဖော်ဝါရီ ၊ ၂၃ ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊မြေနီကုန်း၊ရန်ကင်းလမ်းမပေါ်ကသျှားတည်းခိုခန်းမှာတည်းခိုနေတဲ့လူငယ်တဥဦးကိုဒီလ ၂၂ရက်၊ညဆယ်နာရီခန့်ကမြေနီကုန်းအုပ်ချုပ်ရေးမှူးနဲ့စစ်ကောင်စီတပ်တွေကလမ်းမပေါ်အထိဆွဲထုတ်ရိုက်နှက်ပြီးဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ စစ်ကား၊ရဲကား ၇ စီးလောက် ပါဝင်ပြီးအင်အားအလုံးအရင်းနဲ့ဝင်ရောက်ရိုက်နှက်ပြီးဖမ်းဆီးသွားသလိုလင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ချုပ်ရေးမှူးတွေဟာညတိုင်းဆိုသလိုအခုလိုလမ်းတွေကိုပိတ်ဆို့ရှာဖွေနေတာလို့သိရပါတယ်။ “ခုကရန်ကုန်ထဲယူဂျီတွေဝင်တယ်ဆိုတဲ့ကိစ္စမှာစမ်းချောင်းလဲပါတယ်ဆိုပြီးသတင်းကထွက်ထားတာရယ်၊လင်းလွန်းတောင်အုပ်ကြီးအပစ်ခံရတာရယ်ပေါင်းပြီးညတိုင်းလိုလိုလမ်းတွေကိုပိတ်ပြီးဧည့်စာရင်းလိုလိုဘာလိုလိုနဲ့ပိတ်စစ်နေတာ။ခုကောင်လေးကိုလဲလမ်းမအထိကိုဆွဲထုတ်ပြီး ခြောက်ယောက်လောက်ဝိုင်းရိုက်ပြီး မှခေါ်သွားတာ ။ပြည်သူတွေကိုလဲခြောက်တာဒီကောင်တွေက”လို့ အမည်မဖော်လိုတဲ့စမ်းချောင်းဒေသခံတဦးက DNA ကိုပြောပါတယ်။ အဲ့ဒီ့ရန်ကင်းလမ်းမှာရှိတဲ့သျှားတည်းခိုခန်းဟာစစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ဝင်တွေကိုတလမှာလိုင်းကြေးဆယ်သိန်းအထက်ပေးပြီးလုပ်ကိုင်နေတဲ့တည်းခိုခန်းတခုဖြစ်ပြီးအခုလိုတည်းခိုနေတဲ့လူငယ်ဖမ်းဆီးခံရမှုမှာသတင်းပေးပို့လိုက်တာဖြစ်တယ်လို့ဒေသခံတွေကဆိုပေမယ့်DNAကတော့သီးခြားအတည်ပြုချက်မရယူနိုင်သေးပါဘူး။ “ဖမ်းသွားတဲ့ကလေးကိုတော့စမ်းချောင်းရဲစခန်းခေါ်သွားတယ်ကြားတယ်။ပထမမြေနီကုန်းအုပ်ကြီးအောင်မြင့်နဲ့ကားသုံးစီးအရင်ရောက်လာတာပြီးမှစစ်ကားလေးစီးထပ်ရောက်လာပြီးဆွဲထုတ်ပြီးလမ်းလယ်မှာရိုက်နှက်ပြီးစစ်ကားပေါ်တင်သွားတာ။ထူးတာကပြန်ထွက်သွားတော့အနောက်ကအိမ်စီးကားတစီးမှားသဃ်န်းဝတ်တွေပါတဲ့ကားတစီးလဲပါသွားတာတွေ့လိုက်ရတယ် “လို့လည်းစမ်းချောင်းဒေသခံတဦးကထပ်ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူကိုမူးပြီးခေါ်ရစ်တဲ့စမ်းချောင်းအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ ဆေးရုံတင်ထားရ

စမ်းချောင်းမြိုနယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း၊  ကြည့်မြင်တိုင်ဘူတာ ဝန်ထမ်းလိုင်းခန်းထဲရှိ  အများသုံးအိမ်သာအနီးမှာ ဖေဖော်ဝါရီလ ၂၀ ရက်ည  ၁၁ နာရီကျော်အချိန်မှာပဲ လမ်းလျောက်လာတဲ့လူငယ်တဦးကိုခေါ်ပြီး အော်ဟစ်ပြောဆိုခဲ့တဲ့ အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ့ပစ်ခတ်ခံရသူဟာ စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး [ဆက်လက်ဖတ်ရှုရန်]