ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်တိုက်ပွဲမှာ စစ်ကောင်စီဗိုလ်မှူးချုပ် တဦးသေဆုံးပြီး တဦးဖမ်းမိ

ဖေဖော်ဝါရီ၊ ၁၃ ရခိုင်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ – ၁၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းသေဆုံးခဲ့ပြီး အခြားဗိုလ်မှူးချုပ်တဦးကိုဖမ်းမိထားတယ်လို့ရက္ခိုင့်တပ်တော်(AA)နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။ တပ်မ၁၁မှာရန်ကုန်။အင်းတိုင်အခြေစိုက်ဖြစ်ပေမယ့် ရခိုင်ကိုစစ်ကူအဖြစ်လာရောက်နေတာလို့လည်း အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။ မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဗိုလ်မှူးချုပ်မင်းမင်းထွန်းရဲ့ အလောင်းကို ရရှိခဲ့တာဖြစ်ပြီး နောက်ထပ်ဗိုလ်မှူးချုပ်တဦးကိုတော့ ကျောက်တော်တိုက်ပွဲမှာ ဖမ်းမိခဲ့တာလို့သတင်းရင်းမြစ်ကဆိုပါတယ်။ !!!လောလောဆယ်အကြမ်းဖျည်းသိရတာ။တယောက်က၁၁ကတပ်မှူး။နောက်တယောက်ကစကခ၉ကပဲ။တပ်တော်ဖက်ကအသေးစိတ်ထုတ်ပါမယ်!!!လို့သူကDNAကိုပြောပါတယ်။ ဗိုလ်မှူးချုပ်မင်းမင်းထွန်း [ဆက်လက်ဖတ်ရှုရန်]