နိုင်ငံရေး

ဒီပဲယင်းမြို့ဒေသခံတဦး စစ်ကောင်စီဖမ်းဆီးပြီး တရက်အကြာသေဆုံး

မတ် ၊ ၁၂ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ပေါ်၊မြို့မရပ်ကွက်၊မြန်မာ့စီးပွားရေးဘဏ်နဲ့မြို့မရဲစခန်းအနီးနေထိုင်တဲ့အသက် ၃၅ နှစ်အရွယ် ဦးဝင်းဆွေဆိုသူအမျိုးသားတဦးကိုစစ်ကောင်စီတပ်တွေက မတ်လ ၁၁ ရက်ညပိုင်းကဖမ်းဆီးခေါ်ဆောင်သွားပြီးတရက်မပြည့်မီသေဆုံးခဲ့တယ်လို့​ဒေသခံတွေရဲ့အတည်ပြုချက်အရသိရပါတယ်။ စစ်ကောင်စီမနေ့ညက ဖမ်းဆီးသွားတဲ့သေဆုံးသူရဲ့ရုပ်အလောင်းကိုဒီကနေ့မှာ ဒီပဲယင်းမြို့အတွင်း တင်းတိမ်ရံလမ်းခွဲမှာရှိတဲ့စစ်ကောင်စီဂိတ်အနီးမှာပဲလည်ပင်းကိုလှီးဖြတ်ထားတဲ့ဒဏါရာတွေအပါအဝင်လက်ပြန်ကြိုးတုပ်ရက်တွေ့ရှိခဲ့တာလို့သိရပါတယ်။ “သူကတောင်သူပါ။ရိုးရိုးသားသားနဲ့တအားအေးတဲ့သူ။အဲ့ဒါကိုမနေ့ကညကြီးနက်မှဝင်ဖမ်းသွားတာ။အိမ်မှာကလဲမိသားစုနည်းတယ်။နောက်နေ့မနက်ကျတော့တင်းတိမ်ရံဖက်သွားတဲ့သူတွေတွေ့တာ အလောင်းကတော့ပြန်ရပြီးအားချင်းသဂြိုလ်ရတယ် ။သူတို့ဂိတ်နဲ့နီးတယ်ဆိုပေမယ့်ပြန်သယ်လာလို့ရလိုက်တယ်”လို့ ဒေသခံတဦးကDNA ကိုပြောပါတယ်။ ဒီပဲယင်းမြို့ပေါ်မှာစစ်ကောင်စီတပ်တွေနဲ့ရဲတွေအထိုင်ချထားပြီးပြည်သူတွေကိုမထင်ရင်မထင်သလိုဖမ်းဆီးတာတွေပစ်ခတ်တာတွေပြုလုပ်လျက်ရှိနေပြီးတော့တချို့သတ်ဖြတ်မှုတွေကိုဒေသကာကွယ်ရေးတပ်တွေလုပ်တယ်ဆိုပြီးသတင်းလွှင့်တာမျိုးတွေရှိနေတယ်လို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာတရက်ထဲအရပ်သားကိုးဦး မိုင်းထိ၊ ကလေးငယ်တဦးသေဆုံး

ဖေဖော်ဝါရီ ၊ ၂၆ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းဖေဖော်ဝါရီလ ၂၅ ရက်နေ့တရက်ထဲမှာပဲ အရပ်သားပြည်သူ ကိုးဦးအထိ မိုင်းထိမှန်ဒါဏ်ရာရခဲ့ပြီး ၁၅နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အဲ့ဒီလိုမိုင်းထိမှန်ဒါဏ်ရာရသူတွေဟာ ထန်းကုန်းတိုက်နယ်အတွင်းညောင်ဇင်ကျေးရွာကပြည်သူ ၄ ဦးနဲ့ ကာဘိုးကျေးရွာကပြည်သူ ၂ ဦးနဲ့သင်ပေါင်းကျင်းကျေးရွာက ကလေးငယ်သုံးဦးဖြစ်ပါတယ်။ “မိုင်းထိတဲ့အထဲမှာသင်ပေါင်းရွာနားကလယ်တောမှာနွားကျောင်းနေတဲ့ညီအကိုနှစ်ယောက်မှာအကြီးလေးကတော့အဲ့နားမှာတင်သေသွားတယ်။အငယ်လေးကအသက်အန္တရာယ်စိုးရိမ်နေရတယ်။သင်ပေါင်းကျင်းကတော့ပျူတွေများတယ်။အဲ့ကလဲရွာအပြင်တွေမှာထောင်ထားတာမိုင်းတွေက“လို့ ကန့်လူဒေသတွင်းသတင်းမီဒီယာမှ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ ရွှေဆိုင်တဆိုင်ကို သေနတ်ပြဓားပြတိုက်ဖို့ကြိုးစားမှုဖြစ်

စစ်ကိုင်းတိုင်း၊ကလေးမြို့ မြို့မစျေးတိုက်တန်းက ရွှေဆိုင်တဆိုင်ကို ဒီကနေ့ ဖေဖေါ်ဝါရီ ၈ ရက် ညနေပိုင်းမှာ အ မည်မသိ အမျိုးသားတဦးက သေနတ်ပြလုယက်ဓားပြတိုက်ဖို့ကြိုးစားမှုဖြစ်ခဲ့ပြီး အနီးဝန်းကျင်လူထုက ဝိုင်း ဝန်းဖမ်းဆီးဖို့ကြိုးစားလို့ လုယက်မှုမဖြစ်ခဲ့ဘဲ ထွက်ပြေးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ “ဆိုင်မှာက ကလေးမလေးတယောက်ထဲရှိတာ၊ဘေးနားကလူတွေဝိုင်းလာတော့ [ဆက်လက်ဖတ်ရှုရန်]