ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့ကိုသိမ်းနိုင်ခဲ့ပေမဲ့ စစ်ကူတွေထပ်ပို့တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခဲ့တယ်လို့ထုတ်ပြန်

မတ် ၊ ၁၆ စစ်ကိုင်းတိုင်း၊ယင်းမာပင် ခရိုင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းပေါ်က ကနီမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေ မယ့် စစ်ကောင်စီဘက်က စစ်ကူအများအပြားထပ်ပို့တာ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြန်ဆုတ်ခွာခဲ့ရ တယ်လို့ အမှတ်(၁)စစ်ဒေသက ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က အခုလ ၂ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ လက်နက်ကြီးကြောင့် အရပ်သားတဦးထိခိုက်ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို နိုဝင်ဘာလ ၁ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးမြို့အနောက်မြောက်ဘက် မောက်လင်းရွာက အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။ ” လယ်တောဘက်ငါးရှာသွားရင်း မှန်တာပါ။ လက်နက်ကြီးကျည်စတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်က ကျေးရွာတရွာကိုတိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်မီးရှို့လို့ ရွာလုံးကျွတ်နီးပါးဆုံးရှုံး

ဇွန်၊​၂၈ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းကျေးရွာကို ဇွန်လ ၂၇ ရက်နေ့ မနေ့က စစ်ကောင်စီတပ်တွေကတိုက်ပွဲမရှိဘဲ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ GZ special Task force တာဝန်ရှိသူတဦးကပြောပါတယ်။ “ မနေ့က သရက်ပင်စု ကိုမီးရှို့ပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦးနယ်မှာကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဈာပန

မေ၊ ၈ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာကို အခုလ ၅ရက်က စစ်ကောင်စီ စစ်ကြောင်းထိုးချိန်မှာ ထိပ် တိုက်တွေ့ပြီး နှစ်ဘက် ပစ်ခတ်မှုဖြစ်ရာက ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဈာပနကို ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မြင် ကွင်းတွေဖြစ်ပါတယ်။ ကျီကုန်းရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်ကပဲစိုက်တောင်သူတွေ စစ်ကောင်စီတပ်ကြောင့် ရိတ်သိမ်းဖို့အခက်တွေ့နေ

မေ၊ ၈ စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ နှစ်လကျော်ကြာ တပ်စွဲထားတာကြောင့် အဲ့ဒီ့ရွာကနေတိမ်းရှောင်လာရတဲ့ပဲစိုက်တောင်သူတွေဟာ သူတို့စိုက်ပျိုးထားတဲ့မြေပဲခင်းတွေကိုပြန်လည်မရိတ်သိမ်းနိုင်ပဲဖြစ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ “အဲ့မှာမတ်လ ၂ဝလောက်ကစပြီးကတုတ်ကျင်းတွေတူး၊ဘန်ကာတွေအခိုင်အမာဆောက်ပြီးနေနေတာအောင်ကုန်းနံ့သာမှာကတိုက်ပွဲကခနခနပဲ။လေယာဉ်တွေနဲ့လဲခနခနအကြဲခံရတယ်။ရွာသားတွေဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိတယ်ဆိုတော့ရွာသားတွေကစစ်တပ်ဝင်လာထဲကရှောင်နေရတာ ၂ လကျော်ပြီ” လို့ အင်းတော်ဒေသခံတဦးက DNAကိုပြောပါတယ်။ လက်ရှိမှာတော့ အောင်းကုန်း၊နန့်သာ၊အင်ပင်နဲ့ တုံ့တော်ရွာက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စိုင်ပြင်မြို့တွင်းစစ်ကောင်စီတပ်တွေပစ်ခတ်လို့ ၁၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ကိုးဦးသေ၊ ငါးဦးဒဏ်ရာရ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့မှာ စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ကိုးဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိပြီး သေဆုံးသူအရေအတွက် တိုးလာ နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ခုကသေတဲ့အလောင်းတွေတွေ့နေရပေမယ့်မကောက်ရဲဘူး။ဘာကဘာဖြစ်လို့ဖြစ်မှန်းမသိဘူးဖြစ်ကုန်တာ။သူတို့ကလူရိပ်မြင်တာနဲ့ကိုပစ်နေတော့။စျေးတောင်ထွက်မဝယ်ရဲဘဲရှိတာလေးတွေနဲ့စားနေရတယ်။မရှောင်တဲ့သူတွေအကုန်ပိတ်မိနေတာပေါ့။သူတို့မြို့ထဲကိုဖမ်းလာတဲ့ထဲမှာကလေးပုစုခရုလေးတွေကအစပါတယ်။မြို့ပြင်ကရေသွယ်မြောင်းကိုဘတ်ဖိုးတွေနဲ့ညှိပြီးစခန်းဆောက်ဖို့ပြင်နေတယ်။သေတာကတော့ခုအတည်ပြုနိုင်တာထက်ကိုများဖို့ပဲရှိတယ်”လို့ စိုင်ပြင်မြို့ဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့မုံရွာမှာ တရက်အတွင်းဓားမြမှု နှစ်မှုဖြစ်ပွား

မတ်၊ ၂၆ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့စစ်ကိုင်းတိုင်း၊ မုံရွာမှာ ဒီကနေ့ မတ်လ ၂၆ ရက် တရက်တည်းမှာတင် ဓါးပြတိုက်လုယက်မှု နှစ်ခုဆက်တိုက်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မုံရွာမှာဒီကနေ့မတ်လ၂၆ရက်နေ့ မနက်၁၀နာရီဝန်းကျင်က ကွေ့ကြီးရပ်ကွက်ကဆင်မင်း (၃)တောင်ဘက် ချင်းတွင်းကုန်စုံဆိုင်ကိုPDF အယောင်ဆောင်ပြီးဓားပြမှုဖြစ်ပွားခဲ့တယ်လို့ အနီးနားကဒေသခံတဦးကDNA ကိုပြောပါတယ်။ “ဆိုင်ထဲမှာအမျိုးသားမရှိတဲ့အချိန်ဆိုင်ကယ်၃စီးနဲ့ဘောလုံးဘောင်းဘီဝတ်ထားတဲ့အမျိုးသား၃ယောက်ရောက်လာပြီးတယောက်ကအတိုတလက်ပါတယ်ပြောတယ်။ဆိုင်ရှင်အမျိုးသမီးလည်ပင်းကိုကတ်ကြေးနဲ့ထောက်ပြီးဓာမြတိုက်သွားတာလို့သူကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မာန်ဟဲရွာမှာ စစ်ကောင်စီတပ်ကပီဒီအက်ဖ်အသွင်ယူဝင်စီးပြီးအရပ်သားငါးဦးကိုဖမ်းဆီး

မတ် ၊ ၂၄ စစ်ကိုင်းတိုင်း၊အင်းတော်ခရိုင်နဲ့ကချင်ပြည်နယ်အစပ်ကြားကမာန်ဟဲရွာကိုစစ်ကောင်စီတပ်တွေဟာဒီကနေ့မနက် ၂ နာရီလောက်မှာပဲပီဒီအက်ဖ်အသွင်သူအချို့ပါဝင်တဲ့အင်အား ၁၀၀ ကျော်လောက်နဲ့ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၅ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ့ဖမ်းဆီးခံရသူတွေကိုစစ်ကောင်စီတပ်ထဲရောက်နေတဲ့ဒေသခံတဦးကပဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တွေဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီတပ်တွေကိုလမ်းပြခေါ်ဆောင်ဖမ်းဆီးခိုင်းခဲ့တာလို့လည်းသိရပါတယ်။ “ဝင်စီးတာပီဒီအက်ဖ်နဲ့ယူနီဖောင်းတွေဝတ်ပြီးပုံမှားရိုက်ပြီးဝင်စီးတာ။အကုန်လုံးတော့မဟုတ်ဖူး။အဲ့ဒေသက ဒလန်က စစ်ထဲဝင်ပြီး အဲ့စစ်ကြောင်းနဲ့အတူလိုက်လာတာပြီးတော့ရုတ်တရက်ရောက်ချလာပြီးရွာသားတွေကိုဖမ်းသွားတာ။အမျိုးသားတွေချည့်ပဲငါးယောက်ပေါ့။သူတို့ကတော့ပကဖတွေဆိုပြီးဖမ်းသွားတာ”လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာအရပ်သား၂၀ဦးခန့်ကိုဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် ၁၅ဦးခန့်ကိုပြန်လွှတ်ပေးခဲ့တယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ရွာပေါင်း၈ရွာက လူပေါင်း ကိုးထောင်ကျော် စစ်ရှောင်ရပြန်

မတ်၊ ၁၇ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ အင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်  ဒီကနေ့ မတ်လ ၁၇ ရက်နေ့မနက်ပိုင်းမှာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ စစ်ကြောင်းဝင်လာတာကြောင့် အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ဆည်ကြီး။ ကျီးအိုင်။ သဲကြီးကုန်း၊ မရမ်းအင်း၊ ကုန်းသာစတဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ကျွန်းလှမြို့နယ်မှာဒေသခံတွေကို ပြည်သူ့စစ်သင်တန်းတတ်ရောက်ဖို့ပျူစောထီးတွေကဖိအားပေး

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေကအခုရက်ပိုင်းမှာဒေသခံပြည်သူတွေကိုပြည်သူ့စစ်သင်တန်းတတ်ရောက်ဖို့အတင်းအကျပ်ဖိအားပေးနေတယ်လို့သိရပါတယ်။ “ဒီမတ်လ၁၄ရက်နဲ့၁၅ရက်မှာကျွန်းလှမြို့နဲ့ကပ်လျက်က ရှမ်းစုကျေးရွာနဲ့တပ်ကုန်းကျေးရွာကိုပျူစောထီးတွေကအစည်းအဝေးခေါ်၊မဲနိုက်ပြီးကျတဲ့သူတွေကိုမတတ်မနေရတတ်ရောက်ရမယ် ။မတက်ရင်နေအိမ်မီးရှို့မယ်ခြိမ်းခြောက်တယ်”လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) က DNAကိုပြောပါတယ်။ အဆိုပါအစည်းဝေးကိုမတ်လ၁၄ရက်နေ့က ရှမ်းစု  ကျေးရွာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး သန်းထိုက် နဲ့ နောက်လိုက်ငတူးနဲ့ငဝင်းတို့က [ဆက်လက်ဖတ်ရှုရန်]