ခရမ်းမှာ စစ်ကား ချောင်းထဲကျ၊ အသေအပျောက်များနိုင်

ခရမ်းမှာ စစ်ကား ချောင်းထဲကျ၊ အသေအပျောက်များနိုင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းမှာ စစ်ကားတစ်စီးချောင်းထဲ ထိုးကျခဲ့ရာ အသေအပျောက် များနိုင်ကြောင်း သိရပါတယ်။ ဒီနေ့ မနက် ၅ နာရီလောက်မှာ ခရမ်းမြို့နယ်၊ ကမာကလူရွာလမ်းမထိပ်ကနေ စစ်ဆေးပြီးအပြန် ကမာကလူကျောက်တံတားအရောက်စစ်ကား ချောင်းထဲ ထိုးကျသွားခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ‘မြင်တဲ့လူတွေ ပြောတာရော ဆေးရုံဝန်ထမ်းတွေရဲ့ သတင်းပေးပို့ချက်တွေအရ ချောင်းထဲကျပြီး သေတာများ တယ်လို့သိရတယ်။ ကျည်ဆန်ဖိုးမကုန်ဘဲ အခုလို စစ်ခွေးတွေသေတယ်ကြားလို့ ခရမ်းပြည်သူတွေ ဝမ်းသာနေကြတယ်’ လို့…

Read More