တမူးမှာ ပြည်တွင်းစက်သုံးဆီမဝင်လို့ အိန္ဒိယဘက်ကစက်သုံးဆီ မှောင်ခိုသွင်းနေရ

တမူးမှာ ပြည်တွင်းစက်သုံးဆီမဝင်လို့ အိန္ဒိယဘက်ကစက်သုံးဆီ မှောင်ခိုသွင်းနေရ

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့မှာ လတ်တလော စစ်‌ရေး အခြေအနေတွေကြောင့် လမ်းကြောင်းပိတ်နေလို့ ပြည် တွင်းစက်သုံးဆီပြတ်နေပြီး အိန္ဒိယဘက်က မှောင်ခိုတင်သွင်း အသုံးပြုနေရတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။ အိန္ဒိယဘက်က မှောင်ခိုတင်သွင်းတဲ့ စက်သုံးဆီတွေဟာ ပြည်တွင်း စက်ပစ္စည်းတွေနဲ့ ကိုက်ညီမှုမရှိလို့ ရေရှည်အဆင်မပြေနိုင်တဲ့အပြင် မှောင်ခိုတင်သွင်းရတာကြောင့် အိန္ဒိယစက်သုံးဆီကလည်း ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။ အိန္ဒိယဘက်မှောင်ခို စက်သုံးဆီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တလီတာ ရူးပီတရာ ပေါက်ဈေးရှိရာကနေ နိုဝင်ဘာ (၁၇) ရက်ကစပြီး တလီတာ ရူပီးတရာ့နှစ်ဆယ်ဖြစ်လာတယ်လို့သိရပါတယ်။…

Read More