အပူပိုင်းဇုံကို ခြိမ်းခြောက်နေတဲ့ စက္ခုအန္တရာယ်

အပူပိုင်းဇုံကို ခြိမ်းခြောက်နေတဲ့ စက္ခုအန္တရာယ်

ပြည့်ဖြိုး မြေးငယ်၏လက်ကို တောင်ဝှေ့လို အဖော်ပြုဆွဲပြီးဒေါ်လှဌေးတစ်ယောက် မြို့တက်လာခဲ့ပါပြီ။ မျက်စိက ခွဲစိတ်ဖို့ ရက်ချိန်းကျော်နေတာမို့ မဖြစ်မနေ အရဲစွန့်ပြီး လာခဲ့ရတာလို့ သူကပြောပါတယ်။သူ့ဇာတိက မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ထန်းပုရွာကပါ။ လက်ရှိတိုက်ပွဲတွေကြောင့် မြို့တက်ဆေးကုဖို့ဆိုတာ တောသူတောင်သားတွေအတွက် မဟာစွန့်စားခန်းကြီး ဖြစ်နေပါတယ်။ လူလတ်ပိုင်းသားငယ်တွေ နဲ့ စစ်ဘေးရှောင်နေတဲ့ သမီးငယ်တွေကို ခေါ်ဖို့အခြေအနေမပေးတာမို့ ၁၀နှစ်အရွယ်မြေးငယ်ကို အဖော်ခေါ်ပြီး မုံရွာက မျက်စိအထူးကုဆေးခန်းကို လာခဲ့တာပါ။ “အတွင်းတိမ်ဖြစ်နေတာကြာပြီ။ ဆေးခပ် ဆေးသောက်နဲ့နေလာတာ ၊ခုကျပိုဆိုးလာလို့…

Read More