ငွေဆောင်ကမ်းခြေမှာ ရေလာကူးတဲ့ လူငယ်နှစ်ယောက် ရေနစ်သေဆုံး

ငွေဆောင်ကမ်းခြေမှာ ရေလာကူးတဲ့ လူငယ်နှစ်ယောက် ရေနစ်သေဆုံး

၂၀ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀။ မနေ့က ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေမှာ ရေလာကူးတဲ့ လူငယ်နှစ်ယောက် ရေနစ်သေဆုံးခဲ့ကြတယ်လို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က ပြောပါတယ်။ “သူတို့က ကားနဲ့လာတာ တာ၀န်ရှိသူတွေကမြို့စစ်ဆေးရေးဂိတ်မှာတားလိုက်သေးတယ်။ ညနေကြတော့ ရေနစ်တယ်သတင်းကြားရတော့တာပဲ”လို့ သူကပြောပါတယ်။ အဲ့ဒီလူငယ်နှစ်ဦးဟာ ပုသိမ်မြို့ကနေ လာရောက်ကြတာဖြစ်ပြီး ရေနစ်တဲ့သတင်းကြားရတဲ့နောက်ပိုင်း ဒေသခံတွေနဲ့ရေငုပ်သမားတွေက လိုက်လံရှာဖွေခဲ့ကြတာပါ။ မနေ့ညနေ၆နာရီမှာ လူငယ်အမျိုးသမီးရဲ့ အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ လူငယ်အမျိုးသားရဲ့ အလောင်းကိုတော့ ဒီနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့ပြီး ငွေဆောင်ဆေးရုံမှာ…

Read More