ချောင်းဆုံမှာ လောင်းကစားဝိုင်းကို ရဲက လုံခြုံရေးပေး

ချောင်းဆုံမှာ လောင်းကစားဝိုင်းကို ရဲက လုံခြုံရေးပေး

မွန်ပြည်နယ်၊ ချောင်းဆုံလောင်းကစားဝိုင်းကို မော်လမြိုင်နဲ့ တခြားအနီး မြို့နယ်တွေက လာရောက်ကစားကြတဲ့အထိ ကြီးကျယ်ခမ်းနားနေပြီး ရဲတွေကိုယ်တိုင် အရပ်ဝတ်နဲ့ လုံခြုံရေးယူပေးထားတယ်လို့ သိရပါတယ်။ ချောင်းဆုံမြို့နယ်၊ ကုလားဘီရွာနဲ့ ဖံဖရွာကြား ရော်ဘာတောထဲက လောင်းကစားဝိုင်းကို လိုင်းကြေးပေးပြီး နေ့စဉ်ပြုလုပ်နေတာ ၄ လဝန်းကျင်ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီ လလယ်လောက်စပြီး ချောင်းဆုံမြို့အနီးရှိ မော်လမြိုင်၊ အပေါင်နဲ့ သံဖြူဇရပ်မြို့နယ်တွေက လောင်းကစားသမားတွေပါ ကားတွေနဲ့ လာရောက်လောင်းကစားကြတယ်လို့ မုရစ်ကလေးကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။ ‘လောင်းကစားဝိုင်းက နေ့တိုင်းရှိတယ်။ အခုလို စနေ၊တနင်္ဂနွေဆို…

Read More