စစ်ကိုင်းမှာ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်စစ်ကြောင်းချီတက်

 စစ်ကိုင်းမှာ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်စစ်ကြောင်းချီတက်

 စစ်ကိုင်းတိုင်းအတွင်း သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း  ပြည်သူတွေဟာဒီနေ့ ဇူလိုင်လ ၁၃ရက် မနက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။  “သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှု (၄၃၈)ရက်မြောက်နေ့လဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းကို အင်တာနက်ဖြတ်တောက်ပြီး ထိုးစစ်ဆင်တာ နေအိမ် တွေ၊ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေပေမယ့် စစ်ကိုင်းတိုင်းမှာနေ့စဉ်မပျက်စစ်အာဏာရှင်ကို ချီတက်ဆန္ဒပြနေတာပါ။

Read More
ကလေးမြို့မှာ အမျိုးသမီးတွေဦးဆောင် ချီတက်ဆန္ဒပြ

ကလေးမြို့မှာ အမျိုးသမီးတွေဦးဆောင် ချီတက်ဆန္ဒပြ

ကလေးမြို့မှာ”လိင်အကြမ်းဖက် မုဒိမ်းစစ်တပ် ငါတို့လက်နဲ့အဆုံးသတ် “စာသားကိုင်ဆောင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့ ပင်မသပိတ်အင်အားစုက အမျိုးသမီးတွေ ဦးဆောင်ကာ ဒီနေ့ ဇွန်လ၁၈ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ကလေးမြို့ပင်မသပိတ်အင်အားစုက ပြည်သူတွေဟာ(၄၉၆)ရက်မြောက်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။ မြန်မာနိုင်ငံနေရာအနှံ့မှာ အကြမ်းဖက်စစ်အုပ်စုက ဆန္ဒပြသူ​တွေကို ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်နေပေမယ့် ဖိနှိပ်ချုပ်ချယ်မှုတွေကို ၊အပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့ငြိမ်ခံမနေပဲ၊ လမ်းပေါ်တက်ကာ အလံနှင့်အသံကြားရာ အရပ်မှ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Read More