ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးမှာ ဗုံးပေါက်

ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးမှာ ဗုံးပေါက်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈လမ်း၊ ၇၆လမ်းနဲ့ ၇၇လမ်းမှာရှိတဲ့ ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ မတ်လ ၆ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနဲ့အဆောက်ဦး ထိခိုက်မှုရှိမရှိကိုတော့ သီးခြားသတင်းအတည်မပြုနိုင်သေးပါဘူး။ “ဗုံးပေါက်တာလို့တော့ပြောတယ်၊ အဲ့နားတဝိုက် အကုန်ပိတ်ဆို့ပြီး စစ်နေတယ်၊ လူထိသွားလား မထိလားမသိရဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မန္တလေးမြို့မှာ ပေါက်ကွဲမှုတွေ နေ့စဉ်ဆိုသလို ဆက်တိုက်ဖြစ်ပေါ်နေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း ပိတ်ဆို့ ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။

Read More
မန္တလေး ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရပြီးသေ

မန္တလေး ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရပြီးသေ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ချမ်းအေးသာစံမြို့နယ် ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းမှာ ဩဂုတ်လ ၁၈ရက်နေ့ နံနက် ၁၁အချိန်ခန့်က အမည်မသိသူတစ်ဦးက သေနတ်နဲ့ရုံးအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေသွားခဲ့တယ်လို့ သိရပါတယ်။ “အုပ်ကြီးတစ်ယောက်ထဲ ရုံးထဲမှာ ထိုင်နေချိန်ကို စောင့်ပြီးတော့ ဝင်ပစ်သွားတာ၊ ပွဲချင်းပြီးပဲ ဘယ်သူပစ်တယ်လို့တော့ မသိရဘူး အချိန်တန် ဘယ်အဖွဲ့ကဆိုတာ ကြေညာမှာပေါ့၊ သူက ဟိုဖက်လိုလို ဒီဖက်လိုလိုနဲ့ ခွစားနေတာ တပ်ဖက်ကို အသေကပ်တဲ့သူ တစ်ဖက်က သတင်းနှိုက်ပြီးတော့ တပ်ကိုသတင်းပေးနေတဲ့သူ”လို့…

Read More