မန္တလေး သိပ္ပံလမ်းပေါက်ကွဲမှု  မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့

မန္တလေး သိပ္ပံလမ်းပေါက်ကွဲမှု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းနဲ့ ၇၈ လမ်းအနီး မနေ့ကမတ်လ ၁၄ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့တယ်လို့ Mandalay Ranger Force PDF က ထုတ်ပြန်လိုက်ပါတယ်။ ကျဆုံးသွားသူ ၂ ဦးဟာ ပြည်သူ့ရဲဘော် PDF နှစ်ဦးဖြစ်တယ်လို့တရားဝင် အသိပေး ထုတ်ပြန်ထားပါတယ်။ အဆိုပါ ကျဆုံးပြည်သူ့ရဲဘော် ၂ ဦးရဲ့ အလောင်းကို အကြမ်းဖက်စစ်အုပ်စုက သယ်ယူတာမရှိဘဲ လမ်းပိတ်…

Read More
မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၅၄ လမ်း (၁၀၄×၁၀၅) လမ်းကြားမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အကွက်မှူးတစ်ဦးရဲ့ ဇနီးဖြစ်သူ ဗုံးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မတ်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ အမည်မသိအမျိုးသား ၂ ဦးက ရပ်ကွက်ရုံးထဲကို ဗုံးပစ်ထည့် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရုံးဝင်းအတွင်း နေထိုင်တဲ့ အကွက်မှူး ဦးခင်မောင်ဦးရဲ့ ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့…

Read More
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ နေအိမ်တစ်လုံး ဗုံးပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ နေအိမ်တစ်လုံး ဗုံးပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာမြို့သစ်မှာရှိတဲ့ စစ်အုပ်စုရဲ့ သတင်းပေး ဒလန်လို့ နာမည်ကြီးနေသူတစ်ဦးရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ ညနေ၆နာရီ ၄၅မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး Mandalay Youth Special Forces – MYSFအဖွဲ့က နေအိမ်ပိုင်ရှင် ဦးစိုးမြင့်ဟာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးဒလန်လုပ်ဆောင်ပေးနေတာကြောင့် အခုလို သတိပေးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Read More