ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်တံတား အခွန်ရုံးကိုဖောက်ခွဲခဲ့သူငါးဦးကိုဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်လာ

ဇွန် ၊ ၁၁ ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်၊ပန်းဆိုးတန်းလမ်းကပြည်တွင်းအခွန်များဦးစီးဌာရုံးကိုဖောက်ခွဲတိုက်ခိုက်သူ ၅ဦးကိုဖမ်းမိတယ်လို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၁ ရက်မှာထုတ်ပြန်ကြေညာလာပါတယ်။  ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့က အခွန်ဦးစီးရုံးရဲ့ တတိယအထပ်မှာပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပြည်တွင်းအခွန်ဦးစီးရုံးက ဒုဦးစီးမှုးအပါအဝင်ငါးဦးဒဏ်ရာရခဲ့တယ်လို့လည်း မျက်မြင်တွေ့သူတွေကအတည်ပြုပြောထားပါတယ်။  ဒီကနေ့မှာတော့စစ်ကောင်စီဟာအခွန်ရုံးကိုဖောက်ခွဲခဲ့သူတွေကိုရန်ကုန်ကြည့်မြင့်တိုင်မြို့နယ်ကတိုက်ခန်းနေအိမ်ကိုရှာဖွေရာကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်တံတားက အခွန်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး အခွန်ဒုဦးစီးမှူးအပါအဝင် ငါးဦးထက်မနည်းဒဏ်ရာရ

ဇွန်၊ ၅ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းက ပြည်တွင်းအခွန်များဦးစီးဌာရုံးမှာ  ဒီကနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးဒုတိယဦးစီးအရာရှိအဆင့်တဦးအပါအဝင် ငါးဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ “လုံခြုံရေးအရတော့ ဘယ်အဖွဲ့လုပ်တယ်ဆိုတာမပြောသေးပါဘူး။ကျွန်တော်တို့ သတင်းထုတ်ပြန်မှာပါ”လို့ ရန်ကုန်က အမည်မဖော်လိုတဲ့ မြို့ပြပျောက်ကြားအဖွဲ့ဝင်တဦးကပြောပါတယ်။ ဒီကနေ့ နေ့လယ်၁၂နာရီခန့်က ၃ရလမ်းထိပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်တံတားမြို့နယ်အခွန်ရုံးနား မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးတွေ့ရှိ

ဇွန်၊ ၅   ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်းထိပ် ပြည်တွင်းအခွန်ဦးစီးဌာနရုံး အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိတာကြောင့် စစ်ကောင်စီတပ်တွေက လမ်းပိတ်ဆို့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ရှာဖွေနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇလုံကြီးဟင်းအနှစ်ထုပ်မန္တလေးအရောင်းဆိုင်ပိုင်ရှင်ကို ဖမ်းဆီးပြီးနောက် ရန်ကုန်က ဆိုင်ရှင်ကိုလည်း ရှာဖွေနေ

မတ်၊ ၉ ဖေ့စ်ဘွတ်ခ်ဆယ်လီ ပန်ဆယ်လိုနဲ့ ဒေသကာကွယ် ရေးအဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမြို့ က ဇလုံကြီး ဟင်းအနှစ်ထုပ်အရောင်းဆိုင်ပိုင်ရှင်ကို စစ်ကောင်စီကဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ရန်ကုန် က အရောင်းဆိုင်ပိုင်ရှင်ကိုလည်း ရှာဖွေနေတယ်လို့ မြို့နယ်မှာနေထိုင်သူတွေကDNA ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားလမ်းမှာ ဗုံးခွဲခဲ့တာ ဘယ်သူလဲ

အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အကြမ်းဖက်လုပ်ရပ်ဟာ တော်လှန်ရေးအင်အားစုတွေအ ပေါ် ပြည်သူလူထုနဲ့ နိုင်ငံတကာက အထင်အမြင်လွဲမှားစေဖို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကြိုးပမ်းမှု ဖြစ်တယ်လို့ NUGအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။ မေလ၃၁ရက်နေ့ ညနေ ၃နာရီခွဲလောက်က ရန်ကုန်မြို့တွင်း ဘားလမ်းမှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး [ဆက်လက်ဖတ်ရှုရန်]