နိုင်ငံတကာရေးရာ

ထိုင်းဘုန်းတော်ကြီးတပါး အသတ်ခံရမှုဂယက် ထိုင်းရောက်မြန်မာတွေ သတိပြုဖို့တိုက်တွန်း

မတ်၊ ၆   ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းကျောင်းထိုင်ဆရာတော်တပါးကို မြန်မာနိုင်ငံသားတဦးက အုတ်ခဲနဲ့ ထုသတ်လိုက်တဲ့ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံသားတွေအပေါ်ကို သက်ရောက်မှု ရှိလာနိုင်တဲ့အတွက် သတိထား သွားလာနေထိုင်ကြဖို့ မြန်မာ့အရေး အကူအညီပေးနေတဲ့ အဖွဲ့တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေ့စဉ်စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကိုင်းတိုင်းမှာလုပ်မယ့် စစ်ကောင်စီ ‘အ’သုံးလုံးစီမံချက် ဝေဖန်ခံနေရ

မတ်၊ ၆   အာဏာသိမ်းပြီးနောက် နေ့စဉ်စစ်ကြောင်းထိုး မီးရှို့ခံရတာနဲ့ တိုက်ပွဲတွေ၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ နေ့စဉ်ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ ‘အ’သုံးလုံး စီမံချက်လုပ်ဖို့ စစ်ကောင်စီကပြ င်ဆင်နေတာဟာ လက်တွေ့နဲ့ကင်းကွာတဲ့ လုပ်ရပ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံတကာရေးရာ

နာဇီ သင်္ကေတနဲ့ အလေးပြုခဲ့တဲ့ အီတလီ ဘောလုံးပရိသတ်တွေကို ဂျာမနီ ရဲတပ်ဖွဲ့ ဖမ်းဆီး

မတ်၊ ၆ နာဇီပါတီရဲ့ သင်္ကေတနဲ့ အလေးပြုခဲ့သူ အီတလီ ဘောလုံးပရိသတ်တွေကို ဖမ်းဆီးထားကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။ မတ်လ ၅ ရက်နေ့တုန်းက ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ အီတလီကလပ် လာဇီယိုတို့ မြူးနစ်မြို့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုဗစ် ကာကွယ်ဆေး အကြိမ်နှစ်ရာကျော် ထိုးခဲ့တဲ့ ဂျာမန် အမျိုးသား

မတ်၊ ၆ ဂျာမနီက အမျိုးသားကြီး တဦးဟာ ကိုဗစ် ကာကွယ်ဆေး အကြိမ်ပေါင်း နှစ်ရာကျော် ထိုးနှံမှု ခံယူထားကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ အသက် ၆၂ နှစ်အရွယ် အမျိုးသားကြီးရဲ့ ကိုဗစ်ကာကွယ်ဆေး အကြိမ်အရေအတွက် လွန်လွန်ကဲကဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုဏ္ဏားကျွန်းတိုက်ပွဲမှာ ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အသေမိတယ်လို့ AA ဆို

မတ်၊ ၆   ပုဏ္ဏားကျွန်းမြို့ရဲ့ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ဖြစ်တဲ့ ခလရ (၅၅၀) တပ်ရင်းကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ဗိုလ်မှူး တို့အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် အမြောက်အမြားကို အသေဖမ်းမိခဲ့တယ်လို့ ရက္ခုင့်တပ်တော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Facebookနဲ့ Instagram ယာယီပြတ်တောက်မှုတွေကြောင့် Metaရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်း

မတ်၊ ၆ Facebook၊ Instagramနဲ့ Messengerတို့လို ဝန်ဆောင်မှုတွေ ယာယီ ပြတ်တောက်ခဲ့ခြင်းနဲ့အတူ Meta ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။ မတ်လ ၅ ရက် ညပိုင်းတုန်းက ကမ္ဘာအနှံ့မှာ Metaရဲ့ လူမှုကွန်ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မဲဆောက်မှာ ပိုက်ဆံမပေးလို့ ထိုင်းဘုန်းကြီးကို မြန်မာတယောက်က ဦးခေါင်း အုတ်ခဲနဲ့ ထုသတ်

မတ်၊ ၅ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းဘုန်းတော်ကြီး တပါးကို မြန်မာအမျိုးသား တယောက်က အုတ်ခဲနဲ့ ခေါင်းကိုထုသတ်တဲ့ မှုခင်းတခု ဖြစ်ပွားခဲ့ပါတယ်။  မတ်လ ၁ ရက်နေ့က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲက မယ်ကုကျေးရွာမှာ သီတင်းသုံးနေတဲ့ သက်တော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မောင်တောမြို့အနီးရောက်ရှိလာတဲ့ AAထိုးစစ်ကြောင့်စစ်တပ်ကပြည်သူ့ဆေးရုံကိုပိတ်ခိုင်းပြီးတပ်စွဲခံစစ်ပြင်

မတ်၊ ၅ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ပေါ်မှာရှိတဲ့ ခရိုင်ပြည်သူ့ဆေးရုံနဲ့ ပုဂ္ဂလိကဆေးခန်းတွေအားလုံးကို စစ်ကောင်စီက ပိတ်ခိုင်းပြီး ဆေးရုံဝင်းထဲမှာ စခန်းချနေယူထားတာကြောင့်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ မောင်တောမြို့လယ် ပြည်သူ့ဆေးရုံမှာရှိတဲ့ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေအားလုံးကို နေရပ်ပြန်ခိုင်းပြီး စခန်းချနေတာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ် ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲ လက်နက်ကြီးကျည်ကျ

မတ်၊ ၅   တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ နာမည်ကြီးတဲ့ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို မတ်လ ၄ ရက်၊ မနေ့က စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးတဲ့အပြင် ရွာခံနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား တိုက်ပွဲတွေမှာ ပါဝင်တာမရှိဘူးလို့ AA တုံ့ပြန်

မတ်၊ ၅   ချင်းပြည်နယ်၊ မရာဒေသထဲမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပေးတာ မရှိဘူးလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က မတ်လ ၄ ရက်၊ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ [ဆက်လက်ဖတ်ရှုရန်]