ဆောင်းပါး

စစ်တပ် အာဏာသိမ်းမှုနဲ့အတူ ဒုက္ခတွင်းထဲ ဆွဲချခံနေရတဲ့ ကလေးငယ်များ

အောက်တိုဘာ ၊ ၂၁ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက် ကတည်းက မြန်မာနိုင်ငံ အနှံ့မှာ ကလေးငယ်တွေ ဆင်းရဲနွမ်းပါးမှု ပိုဆိုးရွားလာသလို ပညာသင်ယူခွင့်နဲ့ ကျန်းမာရေး အထောက်အပံ့ဆိုင်ရာ အခွင့်အလမ်းတွေကလည်း ပိုမိုကျဉ်းမြောင်း ကျပ်တည်းလာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လိုင်စင်မရှိဘဲ ထိုင်းပို့ပေးမယ်ဆိုပြီး ငွေလိမ်သူကို တိုင်ကြားပေမယ့် စစ်ကောင်စီဝန်ကြီးဌာနက အရေးမယူ

အောက်တိုဘာ၊ ၂၀   အကျိုးဆောင်လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီး ငွေလိမ်လည်ခံရတာနဲ့ပတ်သက်လို့ လိမ်လည်သူရဲ့လိပ်စာနဲ့တကွ တိုင်ကြားမှုတွေ လုပ်ခဲ့ပေမယ့် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အရေးယူတာ မရှိဘူးလို့ နစ်နာခဲ့သူတွေက DNA ကိုပြောပါတယ်။   တိုင်ကြားချက်နဲ့ပတ်သက်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်တပ်က တလအတွင်း ငါးကြိမ်မြောက်မီးရှို့

အောက်တိုဘာ၊ ၂၀   စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် စက္ကန့်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဒီကနေ့အပါအဝင် တလအတွင်း ငါးကြိမ်အထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ တရာဝန်းကျင်လောက်အထိ ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ မီးခိုးတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူ တဦးသေ၊ ဆယ်ဦးခန့် ပျောက်ဆုံးနေ

အောက်တိုဘာ၊ ၂၀   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ တောက်ပကြယ် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းအနီးမှာ ဒီကနေ့ နေ့ခင်း ၂ နာရီလောက်က မြေစာပြိုကျလို့ ရေမဆေးကျောက်ရှာသူ တဦး သေဆုံးပြီး ဆယ်ဦးနီးပါး ပျောက်ဆုံးနေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေစကြိုမှာ စစ်ကောင်စီက ကျေးရွာနှစ်ရွာကို မီးရှို့၊ သက်ကြီးအမျိုးသားနှစ်ဦး သတ်ဖြတ်ခံရ

အောက်တိုဘာ၊ ၂၀   မကွေးတိုင်း၊ ရေစကြိုမြို့နယ် တောင်ပိုင်းက ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မနေ့ ကမနက်ပိုင်းမှာ စစ်ကြောင်းထိုး မီးရှို့ခဲ့သလို ဒေသခံအမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမြို့က ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံ လေးထောင်နီးပါး စစ်ရှောင်နေရ

အောက်တိုဘာ ၊ ၂၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ရိက္ခာသယ်ဖို့အတွက် နယ်မြေရှင်းလင်းရေး လုပ်ရင်း စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ လေးထောင်နီးပါး အရေးပေါ် စစ်ရှောင်နေရတာ နှစ်ပတ်ခန့်ရှိပြီလို့ စစ်ရှောင်ကူညီနေသူတွေနဲ့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှည်းကူးမှာ ရေကြီးမှုနောက်ဆက်တွဲ အရေပြားရောဂါဖြစ်သူများနေ

အောက်တိုဘာ၊ ၂၀   ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်ထဲက ကျေးရွာတချို့မှာ ရေကြီးမှု နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါ ဖြစ်သူ များပြားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေထံကနေ သိရပါတယ်။   ” စွန့်ပစ်ပစ္စည်းတွေ၊ အညစ်ကြေးတွေနဲ့ဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘာသာရေး ရဲတွေကြောင့် သေဆုံးခဲ့တဲ့ အီရန် မိန်းကလေးကို ဥရောပ သမဂ္ဂရဲ့ လူ့အခွင့်အရေးဆု ချီးမြှင့်

အောက်တိုဘာ၊ ၂၀ ဥရောပ သမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆုကို အီရန် ဘာသာရေးရဲတွေ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့သူ မိန်းကလေးကို ရည်ရွယ် ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် မာဆာ အမီနီဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အစ္စရေးဆီ ဦးတည်နေတဲ့ ဟိုသီတွေရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေကို အမေရိကန် စစ်ရေယာဉ် ကြားဖြတ်ပစ်ချ

အောက်တိုဘာ၊ ၂၀ ယီမင်နိုင်ငံကနေ အစ္စရေးဆီ ချိန်ရွယ် ပစ်ခတ်လိုက်တယ်လို့ ယူဆရတဲ့ ဒုံးကျည် ၃ စင်းကို အမေရိကန် ရေတပ် ဖျက်သင်္ဘော တစီးက ကြားဖြတ် ပစ်ချခဲ့ပါတယ်။ USS Carneyဟာ အစ္စရေး တောင်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချောင်းဦးမြို့မှာ ရဲတပ်သားနှစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

အောက်တိုဘာ၊ ၂၀   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အနောက်ဖက်ရှိ ပျူစောထီးရွာဖြစ်တဲ့ ကံဇီးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲတပ်သား နှစ်ဦးဟာ မနေ့က မနက်ပိုင်းက ရိက္ခာထွက်ရှာတဲ့အချိန် ပစ်ခတ်ခံရလို သေဆုံးသွားပြီး သေနတ်နှစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]