နိုင်ငံတကာရေးရာ

ပါကစ္စတန်ရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း၊ သမ္မတဟောင်း မူရှာရက်ဖ် ကွယ်လွန်

ပါကစ္စတန်ရဲ့ အာဏာသိမ်း စစ်တပ် အကြီးအကဲဟောင်းနဲ့ သမ္မတဟောင်း ပါဗက်ဇ် မူရှာရက်ဖ်ဟာ အသက် ၇၉ နှစ် အရွယ်မှာ နာတာရှည် ရောဂါနဲ့ ကွယ်လွန်သွားကြောင်း သိရပါတယ်။  ဖေဖော်ဝါရီ ၅ ရက်က အာရပ်စော်ဘွားများ ပြည်ထောင်စု [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

တော့တင်ဟမ် ဟော့စပါးရဲ့ ဂိုးအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့ ဟယ်ရီကိန်း

မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့နောက် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။  ပိုပြီး ချိုမြိန်ခဲ့တဲ့ အချက်ကတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတွေဖက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့လူငယ်သုံးဦးရေနစ်ပြီး တဦးသေဆုံး

ပဲခူးတိုင်း ပြည်မြို့ ဘောတံတားအနီး မှာ ဒီကနေ့ဖေဖော်ဝါရီ ၅ရက်ညနေပိုင်းက ဧရာဝတီမြစ်အတွင်းသို့ လူငယ် သုံးဦး ရေဆင်းကူးရာရေနစ်မှုဖြစ်ခဲ့ပြီး တဦးရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေကပြောပါတယ်။ အနီးအနားကလူတွေက လူငယ်၃ဦးကို ကယ်ဆယ်ရာမှာ နှစ်ဦးကိုကယ်နိုင်ခဲ့ပြီး တဦးကတော့ သေဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။ “သုံးယောက်လုံးနစ်တာ၊ ကျွန်တော်တို့အဖွဲ့တွေရောက်တော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂျာယန်းပြည်သူ့စစ်က တပ်သားစုဆောင်းရန် ခေါ်ယူထားတဲ့ တအာင်းလူငယ်တရာကျော်ကို TNLA ကယ်ထုတ်နိုင်ခဲ့

  ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသမှာ စစ်တပ်လက်အောက်ခံ ဂျာယန်းပြည်သူ့စစ်က တပ်သားစုဆောင်းရန် ခေါ်ယူထားတဲ့ တအာင်းလူငယ် ၁၂၅ ဦးကို ဒီကနေ့ ဖေဖော်ဝါရီ ၅ရက်မှာ မှာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီလို့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ဒုဗိုလ်မှူးကြီး တာပန်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီနေရပ်ပြန်ခိုင်း

  တနင်္သာရီတိုင်း ၊မြိတ်ခရိုင် ၊ပုလောမြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ တိုက်ပွဲကြောင့် ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီကဖိအားပေးပြီး နေရပ်ကိုပြန်ခိုင်းနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတဦးက DNAကိုပြောပါတယ်။ ” မနေ့ကဆိုရင် ဘုန်ကြီးကျောင်းတွေမှာ လာလျှောက်သွားတာပေါ့။တိုက်ပွဲလည်းမဖြစ်တော့တဲ့အတွက် အကုန်ကိုယ့်နေရာကိုပြန်ကြဖို့ပေါ့။ဒါပေမယ့်ဒီမှာရှိတဲ့ စစ်ရှောင်တွကမပြန်ရဲဘူးလေ။ဒါကိုသူတို့က ဘုန်းတော်ကြီးတွေကိုလည်း ဆက်ပြီးလက်မခံတော့ဖို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝေါမြို့နယ်မှာ ရဲကင်းစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ဒေသခံနှစ်ဆယ်ဦးထက်နည်းကို စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်း၊ ဝေါမြို့နယ်က မြစ်ကျိုးကျေးရွာရဲကင်းစခန်းနဲ့ လက်ပန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဒေသခံ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်က အမည်မသိလက်နက်ကိုင်အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ကမီးရှို့ထားတဲ့ ရွာတွေကို NUGအုပ်ချုပ်ရေးအဖွဲ့တွေနဲ့အလှူရှင်တွေထောက်ပံ့ကူညီ

  စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်နဲ့ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးထားတဲ့ ကျေးရွာက အိမ်ထောင်စုတွေအတွက် ဒီကနေ့မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက သက်ဆိုင်ရာမီးရှို့ခံအိမ်ထောင်စုတွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကိုပေးအပ်လာတဲ့ NUG လူသားခြင်းစာနာထောက်ထားချင်းနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကထောက်ပံ့ငွေနဲ့ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေတွေ ကို စစ်တပ်မီးရှို့တာခံရတဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

လွိုင်ကော်မှာ စစ်တပ်ရဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတဦးထိခိုက်ပြီး ဘုရားကျောင်းနဲ့ နေအိမ် ဆယ်လုံးပျက်စီး

ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ ဝါရီကောခူကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေက မနေ့ ဖေဖော်ဝါရီလ ၄ရက်ကနေ ဒီကနေ့အထိလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလုပ်နေလို့ ဒေသခံအမျိုးသမီးတဦးထိခိုက်ခဲ့သလို ဘုရားကျောင်းနဲ့ နေအိမ်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှမ်း၊ ကယားထိစပ်ရာနေရာဖြစ်တဲ့ ဝေါရီကောခူကျေးရွာထဲကို မနေ့ညပိုင်းကစပြီး ဒီကနေ့ မနက် ၂နာရီအထိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတ္တရာမြို့နယ်အနီးက ကျေးရွာတချို့ စစ်ကြောင်းထိုးခံနေရလို့ ဒေသခံထောင်ချီစစ်ရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးက တချို့ကျေးရွာတွေကို စစ်ကြောင်းထိုးခံရလို့ ဒေသခံတွေ နီးစပ်ရာနေရာတွေမှာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။ အခုလအစောပိုင်းက စပြီးစစ်ကောင်စီက မတ္တရာမြို့အနီးတဝိုက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာထဲစစ်ကြောင်းထိုးနေသလို ဒေသကာကွယ်ရေး အဖွဲ့တွေကလည်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်ကိုရီးယားရောက်မြန်မာတွေနဲ့ ဒေါက်တာမီမီဝင်းဘတ်တို့ တွေ့ဆုံဆွေးနွေး

တောင်ကိုရီးယားနိုင်ငံရောက်မြန်မာတွေနဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာမီမီဝင်းဘတ်တို့ ဒီကနေ့ တောင်ကိုရီယားနိုင်ငံက ကိုရီးယားဒီမိုကရက်တစ်အလုပ်သမားပါတီခန်းမဆောင်မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ‘’အဓိက ကတော့ လက်ရှိတော်လှန်ရေးအကြောင်းပါပဲဗျ၊ အလွတ်သဘောတွေ့ဆုံတဲ့သဘောပါ။ မြန်မာတွေကလည်း သိလိုရာမေးပေါ့’’ လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီက [ဆက်လက်ဖတ်ရှုရန်]