ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပေါ်မှာ မိုးများပြီး တောင်ကျရေကြောင့် ရေလျှံမှုဖြစ်ပွား

စက်တင်ဘာ၊ ၈   စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စက်တင်ဘာလ ၆ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ ချင်းတောင်ကနေ စီးဆင်းလာတဲ့ တောင်ကျရေတွေကြောင့် ဒီကနေ့ မှာ မြို့တွင်း ရေလျှံမှုတွေ ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုတလင်မြို့မှာ ရဲတဦးပစ်ခတ်ခံရပြီးနောက် ဆယ်ဦးထက်မနည်း ဖမ်းဆီးခံရ

စက်တင်ဘာ၊ ၈   စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာ စက်တင်ဘာလ ၇ ရက် မနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရလို့ သေဆုံးသွားပြီးနောက် မြို့ပေါ်မှာ ဒေသခံ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိုင်မှာ ပျူစောထီးရွာနဲ့ ထောက်ပို့ယာဉ်တန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

စက်တင်ဘာ၊ ၈   မကွေးတိုင်း၊ မြိုင်မြို့နယ် မှာရှိတဲ့ ကန်နီ ပျူစောထီးရွာနဲ့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို စက်တင်ဘာလ ၇ ရက်က တနေ့တည်း သုံးကြိမ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

Fact Check

DNA Fact Check

စက်တင်ဘာ၊ ၈   (ကလေးမြို့က မဟွဲ့ဘွဲ့ဟာ PDF ထောက်ပို့ဖြစ်ပြီး ‌ရောဂါနဲ့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအမှား)   စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပြည်တော်သာကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတဦးဖြစ်သူ မဟွဲ့ဘွဲ့ဟာ PDF တွေကို ထောက်ပို့ပေးနေတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာမှာကျင်းပမယ့် အာဆီယံလေတပ်ညီလာခံ အဖွဲ့ဝင်နိုင်ငံတချို့ မတက်ဖို့ဆုံးဖြတ်

စက်တင်ဘာ၊ ၈   စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေတဲ့ အရှေ့တောင်အာရှနိုင်ငံများရဲ့ သတ္တမအကြိမ်မြောက် လေတပ်ဦးစီးချုပ်များ ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက တက်ရောက်ဖို့ ငြင်းဆိုထားပါတယ်။   “ အရေးယူခံခြင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကန့်ကွက်ခဲ့တဲ့ အာဆီယံ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် NUG ထောက်ခံ

စက်တင်ဘာ၊ ၈   စစ်ကောင်စီက ကန့်ကွက်ကြောင်း ကြေညာထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက် အကောင်ထည်ဖော်မှုအပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်က [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ထိုင်း MoU အလုပ်သမားတွေ မြဝတီနဲ့ ကော့သောင်းမှာ သက်တမ်းတိုးနိုင်တော့မယ်

စက်တင်ဘာ၊ ၈   ထိုင်းနိုင်ငံကို MoU စနစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၁ ရက်ကစပြီး မြဝတီနဲ့ ကောသောင်းမြို့တွေမှာ တရက်ကို လူ တထောင် နှုန်းနဲ့ နေ့ချင်းပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အပစ်ရပ်ထားတဲ့ ရခိုင်မှာ စစ်တပ်နဲ့ AA တို့ အပြန်အလှန် ဖမ်းဆီးမှုတွေ ပြန်ဖြစ်

စက်တင်ဘာ၊ ၇   ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)အဖွဲ့၀င် တဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးတဲ့နောက် ရခိုင့်တပ်တော် (AA)ဘက်ကလည်း စစ်ကောင်စီလက်အောက်ခံ သုံးဦးကို ပြန်လည်ဖမ်းဆီးလိုက်တယ်လို့ ကျောက်ဖြူဒေသခံတွေက DNA ကို ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာက PDF စခန်းတခု စီးနင်းခံရပြီး လေးဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာပြင်းထန်

စက်တင်ဘာ၊ ၇   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မနေ့က ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခု စီးနင်းခံခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရတွေ ရထားတယ်လို့ မုံရွာအခြေစိုက် PDF တပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားကို KNU က ကျပ်သိန်းငါးဆယ်ပေး

စက်တင်ဘာ၊ ၇   စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို ငွေကျပ် သိန်းငါးဆယ် ချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]