ဒေသအလိုက် သတင်းကဏ္ဍ

လမိုင်းမြို့၊ ရော်ဘာခြံမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရွှေ့ပြောင်းလုပ်သားတဦးအလောင်းတွေ့

ဇူလိုင်၊ ၂၇   မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရွာသာယာရပ်ကွက် အနီးမှာရှိတဲ့ ရော်ဘာခြံတခြံမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမည်မသိ ရွှေ့ပြောင်းအလုပ်သမား တဦး အလောင်းကို တွေ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှစ်သောင်းတန်ငွေ ထုတ်ဝေမှာကို ကန့်ကွက်မှုအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ဗုံးခွဲတိုက်ခိုက်

ဇူလိုင်၊ ၂၇   အာဏာသိမ်းစစ်ကောင်စီက နှစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေမှာကို ကန့်ကွက်မှု ပြသတဲ့ အနေနဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က မြန်မာ့စီးပွားရေးဘဏ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။   “ တရားမဝင်တဲ့ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စစ်ကောင်စီက နှစ်နှစ်အတွင်း ငွေကျပ် ဘီလီယံနှစ်သောင်းအထိရိုက်ထုတ်ခဲ့တယ်လို့ NUG ဘဏ္ဍာရေး ဝန်ကြီးပြော

ဇူလိုင် ၊ ၂၇ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ဒီဇင်ဘာလအထိ နှစ်နှစ်နီးပါးကာလအတွင်း စုစုပေါင်းငွေကျပ် ဘီလီယံနှစ်သောင်းအထိ ရိုက်ထုတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUGရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး လည်းဖြစ်၊ ကြားကာလ ဗဟိုဘဏ် ဥက္ကဌလည်းဖြစ်တဲ့ ဦးတင်ထွန်းနိုင်ကDNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီချုပ်အမတ် ဦးဝေလင်းအောင်ကို စစ်ကောင်စီက ထောင် ၁၂ နှစ်ထပ်မံချမှတ်ခဲ့

ဇူလိုင် ၊ ၂၇ ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံထားရတဲ့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝေလင်းအောင်ကို မြောင်းမြခရိုင်တရားရုံးက ထောင်ဒဏ် ၁၂ ထပ်မံချမှတ်ထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “ချထားတယ်သိရတာတော့ ဒီနေ့မှ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မှာ စစ်ကောင်စီတပ်ကင်းပုန်းနဲ့တွေ့ပြီး ပကဖအဖွဲ့ဝင် လေးဦး ကျဆုံး

ဇူလိုင် ၊ ၂၇ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ကျေးရွာတရွာမှာ  ပြည်သူကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ ရပ်ကျေးရုံးအဟောင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ပြီးဇူလိုင်လ ၂၆ ရက် မနက်မှာ အဖွဲ့ဝင် လေးဦး ကျဆုံးသွားတယ်လို့ အရာတော်ပြည်သူကာကွယ်ရေး (ပကဖ)တပ်ဖွဲ့မှကိုဝဏ္ဏကပြောပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်ခဲယမ်းတွေနဲ့အတူ စွန့်ခွာလာတဲ့ စစ်သားတဦးကိုငွေကျပ်သိန်းလေးဆယ်ကျော် NUG ချီးမြှင့်

ဇူလိုင် ၊ ၂၇ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁ ထံ ခိုလှုံလာတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဇူလိုင်လ ၂၆ ရက်မှာ ဂုဏ်ပြုငွေ လေးဆယ့်လေးသိန်းကျပ် ချီးမြှင့်ခဲ့ပါတယ်။ “စစ်ကောင်စီရဲ့ လုပ်ရပ် မမှန်ဘူးဆိုတာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီထုတ်မယ့် နှစ်သောင်းတန် တရားမဝင်ငွေစက္ကူအဖြစ် NUG သတ်မှတ်

ဇူလိုင် ၊ ၂၇ အာဏာသိမ်းစစ်ကောင်စီက ထုတ်ဝေမယ်လို့ ဇူလိုင်လ ၂၃ ရက်က ကြေညာထားတဲ့ နှစ်သောင်းတန်ငွေစက္ကူကို အသိအမှတ်မပြုမှာမဟုတ်ကြောင်းနဲက တရားမဝင်ငွေစက္ကူအဖြစ်သတ်မှတ်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ထုတ်ပြန်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခြင်းခံထားရတဲ့ စစ်ကောင်စီလက်အောက်ခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုင်ငံခြားရေး ဝန်ကြီးကို ရာထူးက ထုတ်ပယ်ခဲ့တဲ့ အကြောင်းရင်းကို မှတ်ချက်ပေးဖို့ တရုတ် ငြင်းဆို

ဇူလိုင် ၊ ၂၇ နိုင်ငံခြားရေး ဝန်ကြီး(ဟောင်း) ချင်ဂန်ကို ရာထူးက ထုတ်ပယ်လိုက်တဲ့ အကြောင်းရင်းကို ထုတ်ဖော် မှတ်ချက်ပေးဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။  ချင်ဟာ တလတိတိကြာအောင် လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တဲ့နောက် ဇူလိုင် [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

နယ်စပ်အခြေစိုက် ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေကို ရှင်းလင်းဖို့ စစ်ကောင်စီကို တရုတ် ဖိအားပေး

ဇူလိုင် ၊ ၂၇ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းရာ နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေကို အမြစ်ဖြတ် ရှင်းလင်းပေးဖို့ စစ်ကောင်စီကို တရုတ်က ဖိအားပေး တောင်းဆိုထားပါတယ်။  မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သမ္မတကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ပြီလို့ နိုက်ဂျားစစ်တပ် ထုတ်ပြန်

ဇူလိုင် ၊ ၂၇ အနောက်အာဖရိက နိုင်ငံတခုဖြစ်တဲ့ နိုက်ဂျားမှာ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကြောင်း နိုက်ဂျား စစ်တပ်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။  ရုပ်မြင်သံကြားကနေတဆင့် ဇူလိုင် ၂၆ ရက်မှာ နိုင်ငံကို ထုတ်လွှင့်တဲ့ မိန့်ခွန်းအတွင်း [ဆက်လက်ဖတ်ရှုရန်]