နိုင်ငံရေး

အရာတော်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံတသောင်းနီးပါး ထွက်ပြေးနေရ

ဇူလိုင်၊ ၁၁   စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ဘက်က ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဇူလိုင်လ ၁၁ ရက် ဒီကနေ့မနက်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် အရပ်သားတသောင်းနီးပါး နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့ အနောက်ပိုင်းမှာ လက်နက်ကြီးမှန်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တဦးဒဏ်ရာရ

ဇူလိုင်၊ ၁၁   စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း တောင်ဖီလာရပ်ကွက်၊ အမှတ် ၁၄ ကျောင်းအနီးကို ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးတဦး သေဆုံးကာ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝက်လက်မှာ စစ်တပ်နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံနှစ်ထောင်နီးပါး မိုးထဲရေထဲ ထွက်ပြေးနေရ

ဇူလိုင်၊ ၁၁   စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်နယ်မြေရှင်းလင်းရေး အတွက် စစ်ကြောင်းထိုး နေတဲ့အတွက် အနီးနားက ကျေးရွာတွေရှိ ဒေသခံ နှစ်ထောင်နီးပါးလောက်ဟာ မိုးရွာထဲ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ကူညီစောင့်ရှောက်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝေါမြို့နယ်အတွင်း စစ်တောင်းမြစ်အနီးက ကျေးရွာဒေသခံတွေကို စစ်ကောင်စီကဖိ အားပေးပြီး ကင်းစောင့်ခိုင်းနေ

ဇူလိုင်၊ ၁၁   ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း စစ်တောင်းမြစ် အနီးကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီက ဖိအားပေးပြီး ပျူစောထီးတွေနဲ့အတူ ကင်းစောင့်ခိုင်းနေတာကြောင့် လယ်သမားတွေဟာ လယ်ယာအလုပ်လုပ်ကိုင်ဖို့အရေး အခက်ကြုံနေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ “ စစ်တောင်းမြစ်ကမ်းဘက်က လယ်တဲတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တိရစ္ဆာန်တွေကို ဖုန်းနဲ့ ဗီဒီယိုတွေ မပြကြဖို့ ကနေဒါ တိရစ္ဆာန်ရုံတခု မေတ္တာရပ်ခံ

ဇူလိုင်၊ ၁၁ ကနေဒါ နိုင်ငံက တိရစ္ဆာန်ရုံ တခုဟာ ဧည့်သည်တွေ အနေနဲ့ ဂေါ်ရီလာ မျောက်ဝံတွေ အပါအဝင် ပရိုင်းမိတ် မျိုးစိတ်ဝင် တိရစ္ဆာန် တချို့ကို မိုဘိုင်းဖုန်း ဗီဒီယိုတွေ ဖွင့်မပြဖို့ မေတ္တာ ရပ်ခံထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပုန်ကန်ခဲ့ပေမယ့် သစ္စာစောင့်သိနေဆဲလို့ ပူတင်ကို ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်ပြော

ဇူလိုင်၊ ၁၁ ကမ္ဘာသိ ပုန်ကန်မှုကြီးကို ဦးဆောင်ခဲ့ပေမယ့်လည်း သူဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အပေါ် သစ္စာ ရှိနေဆဲပါလို့ Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်က ပူတင်ကို မျက်နှာချင်းဆိုင်ပြီး ပြောခဲ့ကြောင်း သိရပါတယ်။ ကရင်မလင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွိုင်ကော်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲပစ်လို့ အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံး

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာ ဒီကနေ့ ဇူလိုင်လ ၁၁ ရက်၊ မနက် ၇ နာရီခွဲလောက်က အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲမရှိဘဲ ပစ်ခတ်လို့အမျိုးသမီးတဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူတဦးထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မက်ဆီကို ကြိုဆိုတဲ့ နံရံ ပန်းချီကားချပ်ကြီးကို ကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့တဲ့ ဘက်ဟမ်း

ဇူလိုင်၊ ၁၁ အသင်းရဲ့ ကစားသမားသစ် လီယွန်နယ် မက်ဆီကို ဂုဏ်ပြု ကြိုဆိုတဲ့ နံရံဆေးရေး ပန်းချီကြီး ရေးဆွဲရာမှာ အင်တာမိုင်ယာမီ ဘောလုံးကလပ်ရဲ့ ပိုင်ရှင် ဒေးဗစ်ဘက်ဟမ်းက ကာယကံမြောက် ပါဝင် လက်စွမ်းပြခဲ့ပါတယ်။ အမေရိကန် မေဂျာလိဂ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်စကောထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဉီးသေဆုံးပြီး ၃၅ ဦး ပျောက်ဆုံးနေ

ဇူလိုင်၊ ၁၀ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်ကနေ ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးထဲကနှစ်ဦးသေဆုံးကြောင်းသာအတည်ပြုထားနိုင်ပြီး ကျန်တဲ့ ၃၅ ဦးကတော့အခြေအနေမသိရသေးဘဲ ပျောက် ဆုံးနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။  ကျိုက်စကောအကျဥ်းထောင်ကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘီးလင်းမှာ အခြေခံပညာကျောင်း နှစ်ဆယ်ကျော်လောက်ပိတ်ဖို့ စစ်ကောင်စီက စာရင်းကောက်နေ

  ဇူလိုင်၊ ၁၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းက အခြေခံပညာကျောင်းငါးဆယ်ကျော် ပိတ်ထားရပြီး စစ်ကောင်စီက ကျောင်းနှစ်ဆယ်ကျော်ထပ်မံ ပိတ်ဖို့ စာရင်းတွေ လိုက်လံကောက်ယူနေ တယ်လို့ ပညာရေးအသိုင်းနဲ့ ကျောင်းသားမိဘတွေထံမှ သိရပါတယ်။ “ ဟို KNU ၊PDF [ဆက်လက်ဖတ်ရှုရန်]