ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်မြို့တဝိုက်မှာဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်မှုဖြစ်နေ

ဇွန် ၊ ၂၇ ကရင်နီ(ကယား)ပြည်နယ်၊လွိုင်ကော်မြို့အနီးအနားကရွာတွေအပါအဝင် မြို့ပြင်နေရာတချို့မှာ ဒီကနေ့မနက်ပိုင်းကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ လွိုင်ကော်မြို့ခံတွေကပြောပါတယ်။ လွိုင်ကော်မြို့တွင်း နေရာတချို့နဲ့အနီးအနားကရွာတွေမှာ ဒီကနေ့မနက်ပိုင်းကစလို့  MPT ATOM အော်ရီဒူး အစရှိတဲ့ဖုန်းလိုင်းတွေပြတ်တောက်နေပြီး စစ်တပ်ပိုင် ဆက်သွယ်ရေးလိုင်း  Mytel [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကင်းတော်ရွာ PDF စခန်းစီးနင်းခံရမှု အလောင်းနှစ်လောင်းထပ်တွေ့၊ သေဆုံးသူ နှစ်ဆယ်ဦးရှိလာ

ဇွန် ၊၂၇ စစ်ကိုင်းမြို့နယ် ၊ကင်းတော်ရွာ PDF စခန်းကို ဇွန် ၂၅ ရက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့အပြီး အလောင်းနှစ်လောင်း ကိုဇွန်လ ၂၇ ရက် ဒီကနေ့မှာထပ်မံတွေ့ရှိတဲ့အတွက် သေဆုံးသူနှစ်ဆယ်အထိရှိလာပြီဖြစ်ပါတယ်။ “ရဲဘော်နှစ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်ကြီးမြို့နယ်က နေအိမ်ငါးရာဝန်းကျင်ကို ကျုးကျော်လို့ဆိုကာဖယ်ရှားခိုင်းနေပြန်

ဇွန် ၊၂၇  အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်းကနေအိမ်သောင်းချီကိုကျူးကျော်လို့ဆိုကာ ဖယ်ရှားဖျက်ဆီးမှုတွေ လုပ် ခဲ့တဲ့ စစ်ကောင်စီဟာ လက်ရှိမှာလည်း မန္တလေးပုသိမ်ကြီးမြို့နယ်က နေအိမ်ငါးရာလောက်ကို အလားတူ ဖယ်ရှား ခိုင်းနေပြန်တယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။  “ လယ်ယာမြေတွေပေါ်မှာ ဆောက်ထားလို့ဆိုပြီး ဖယ်ဖို့စာလာကပ်သွားတယ်၊တအိမ်ချင်းစီလိုက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ ပျူစောထီးနှစ်ဦးသေဆုံးပြီးသေနတ်နှစ်လက်နဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိ

ဇွန်၊ ၂၇ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စုထဲက ပျူစောထီးတွေဆီကနေ ဇွန်လ ၂၄ ရက်မှာသေနတ်နှစ်လက်နဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ နှစ်ဦးကိုလည်း ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ပုလောစစ်ကြောင်း ၁ က သတင်းထုတ်ပြန်ပါတယ်။ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထိုမြို့၊ ကင်မွန်းချောင်းရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦး ပျောက်ဆုံးနေ

ဇွန်၊ ၂၇ စစ်ကောင်စီလက်အောက်ခံ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦးဟာ တပတ်နီးပါးကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။ “ ခြောက်ရက်ပေါ့နော်၊ တပတ်နီးပါးရှိပြီးပေါ့၊ ဘာမှလည်း မဆက်သွယ်ဘူး၊ စခန်းကိုပေါ့လေ၊ အသိပေးတာလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် လန်ပိအဏ္ဏဝါဥယျာဉ်ထဲ တရားမဝင်ရွှေတူးဖော်မှုတွေလုပ်လာ

ဇွန်၊ ၂၇   စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်း မြိတ်ကျွန်းစုက လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းမှာ စစ်ကောင်စီရေတပ်နဲ့ နီးစပ်သူတွေ ပူးပေါင်းပြီး တရားမဝင်ရွှေတူးဖော်မှုတွေ လုပ်ကိုင်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေရှိမှာ စိုးရိမ်ရတယ်လို့ ဒေသအခြေစိုက် သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတအရေး စောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အငှါးယာဉ်တွေ မီတာစနစ်နဲ့ ယာဉ်စီးခကောက်ခံဖို့ အစီအစဉ် လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ဆို

ဇွန်၊ ၂၇   ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်တွေရဲ့ ယာဉ်စီးခကို ကီလိုမီတာစနစ်နဲ့ ကောက်ခံပြေးဆွဲနိုင်ဖို့ကို စစ်ကောင်စီရဲ့လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ပြင်ဆင်နေပေမယ့် အဲ့ဒိအစီအစဉ်ဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲ တက်ရတဲ့ ကျောင်းသားတွေ မူးလဲလို့ ဆေးကုသမှုခံယူရ

ဇွန်၊​၂၇   ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ မနေ့က ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနား တက်ရောက်ခဲ့ရတဲ့ ကျောင်းသား/ကျောင်းသူ ကလေးငယ်တွေ အစုအပြုံလိုက် မူးလဲကြလို့ ဆေးကုသမှု ပေးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ပုံမှန်မဟုတ်တဲ့ လောကပေါ်က ပန်းချီဈေးကွက်

ဇွန်၊ ၂၇   ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ရက်စွဲကစလို့ တိုင်းပြည်တွင်း အဖက်ဖက်က ခြွတ်ခြုံကျ ပျက်စီးရပ်ဆိုင်းခဲ့ရတဲ့ လုပ်ငန်းတွေထဲမှာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ စတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရမှုမှာ ယာယီစခန်းမှူးဖြစ်သူလည်း သေဆုံး

ဇွန်၊ ၂၇   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှုမှာ ယာယီစခန်းမှူး ဒုရဲအုပ် အောင်သူထွန်းလည်း ရဲတပ်ကြပ် ရဲညွန့်နဲ့ အတူ သေဆုံးခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]