နိုင်ငံရေး

တောင်ပိုင်းစစ်ဒေသက တက္ကသိုလ်ဝင်စာမေးပွဲမြင်ကွင်းများ

မတ်၊ ၂၈ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေတွေနဲ့ ဒေသခံပြည်သူတွေက ဝင်ရောက်ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။ မတ်လ ၁၅ ရက်ကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိုင်းအစိုးရပိုင် ရေနံလုပ်ငန်းကို နည်းလမ်းပေါင်းစုံသုံးပြီး ဆန့်ကျင်သွားမယ်လို့ ဆို

မတ်၊ ၂၈ စစ်ကောင်စီရဲ့လက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP ကို မြန်မာနဲ့ ထိုင်းလူမျိုးတွေ သပိတ်မှောက်ဆန့်ကျင်ကြဖို့ နည်းလမ်းပေါင်းစုံနဲ့ မကြာမိဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မတ်လ ၂၈ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေပြည်တော်မှာ PDF နှစ်ဦး ရှော့တိုက်ဒုံးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်အုပ်စုထုတ်ပြန်

မတ်၊ ၂၈ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နေတဲ့ နေပြည်တော်မှာ ပြည်သူကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်နှစ်ဦးကို ရှော့တိုက်ဒုံးတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်အုပ်စုဖက်က ထုတ်ပြန်ထားပါတယ်။   နေပြည်တော်မှာ စစ်ခေါင်းဆောင် တက်ရောက်ဖို့ရှိတဲ့ တပ်မတော်နေ့အခမ်းအနားနဲ့ ပျော်ပွဲရွှင်ပွဲနေရာတွေကို ၁၀၇ မမ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထီးလင်းနဲ့ဂန့်ဂေါ မိုင်ငါးဆယ်ခရီးကို နှစ်ပတ်ကြာအထိမရောက်သေးတဲ့ စစ်ယာဉ်တန်းလက်ချက်နဲ့ ဒေသခံ ခုနစ်ဦးသေဆုံးခဲ့

မတ်၊ ၂၈ မကွေးတိုင်း ထီးလင်းမြို့ကနေမိုင်ငါးဆယ်အကွာမှာရှိတဲ့  ဂန့်ဂေါမြို့ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်  နှစ်ပတ်ကြာချိန်အထိ ဂန့်ဂေါမြို့ကို မရောက်နိုင်သေးဘဲ လမ်း မှာ သောင်တင်နေတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်တွေကပြောပါတယ်။ ထီးလင်းမြို့ကနေ မတ်လ ၁၅ ရက်ကစတင်ထွက်ခွာလာပြီး ဂန့်ဂေါမြို့ကိုဦးတည်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တာမွေမှာ လမ်းရှင်းနေတဲ့ယာဥ်ထိန်းရဲတွေ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲမေတဦးထိခိုက်ဒဏ်ရာရရှိ

မတ်၊ ၂၈   ရန်ကုန်မြို့၊ တာမွေကြီး (က+ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရဲ့ လမ်းခွဆုံမှာ ယာဥ်ကြောရှင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲမေတဦး ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအချို့ရှိခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   ဒီကနေ့ မတ်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KNU နယ်မြေတွေမှာ စစ်ကောင်စီလက်ချက်နဲ့ နှစ်နှစ်အတွင်း အရပ်သားနှစ်ရာနီးပါးသေဆုံးခဲ့ရ

မတ်၊ ၂၈ ကရင်အမျိုးသားအစည်းအရုံးKNU ရဲ့ ထိန်းချုပ်နယ်မြေ (၇) ခုမှာ စစ်အာဏာသိမ်းမှု နှစ်နှစ်အတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၉၂ ဦး သေဆုံးပြီး ၄၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ KNU [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စိုင်ပြင်မြို့တွင်းစစ်ကောင်စီတပ်တွေပစ်ခတ်လို့ ၁၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ကိုးဦးသေ၊ ငါးဦးဒဏ်ရာရ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့မှာ စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ကိုးဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိပြီး သေဆုံးသူအရေအတွက် တိုးလာ နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ခုကသေတဲ့အလောင်းတွေတွေ့နေရပေမယ့်မကောက်ရဲဘူး။ဘာကဘာဖြစ်လို့ဖြစ်မှန်းမသိဘူးဖြစ်ကုန်တာ။သူတို့ကလူရိပ်မြင်တာနဲ့ကိုပစ်နေတော့။စျေးတောင်ထွက်မဝယ်ရဲဘဲရှိတာလေးတွေနဲ့စားနေရတယ်။မရှောင်တဲ့သူတွေအကုန်ပိတ်မိနေတာပေါ့။သူတို့မြို့ထဲကိုဖမ်းလာတဲ့ထဲမှာကလေးပုစုခရုလေးတွေကအစပါတယ်။မြို့ပြင်ကရေသွယ်မြောင်းကိုဘတ်ဖိုးတွေနဲ့ညှိပြီးစခန်းဆောက်ဖို့ပြင်နေတယ်။သေတာကတော့ခုအတည်ပြုနိုင်တာထက်ကိုများဖို့ပဲရှိတယ်”လို့ စိုင်ပြင်မြို့ဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မှာဖမ်းဆီးခံထားရတဲ့အလယ်တန်းပြဆရာမအပါအဝင်၊ဒေသခံ ငါးဦး ကိုအကြမ်းဖက်ပုဒ်မနဲ့တရားစွဲ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊အင်းတော် မြို့ပေါ်မှာပြီးခဲ့တဲ့ မတ်လ၃ရက်နေ့ထဲက PDFနဲ့အဆက်စပ်ရှိနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့CDM ကျောင်းဆရာမသုံးဦးအပါအဝင် ဒေသခံ၁၅ဦးကိုစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက်ဆရာမတဦးအပါအဝင်ဒေသခံငါးဦးကိုအကြမ်းဖက်ပုဒ်မတွေနဲ့အင်းတော်စစ်ခုံရုံးကတရားစွဲဆိုပြီးကသာထောင်ကိုပို့ဆောင် လိုက်တယ်လို့သိရပါတယ်။ အဲ့ဒီ့လိုဖမ်းဆီးတရားစွဲဆိုခံရသူတွေထဲမှာ အင်းတော်မြို့နယ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ပြီး ကျန်သုံးဦးကတော့ ကျော်ရွာအလယ်တန်းပြဆရာမ ဒေါ်သိန်း ၊ မြို့မစျေးတိုက်တန်းလျားမှာနေထိုင်တဲ့ ကုန်သည်တွေဖြစ်ကြတဲ့ မခင်ပြည့်ပြည့်ထွန်း၊ဒေါ်အေးတို့ဖြစ်ကြတယ်လို့သိရပါတယ်။ “ပကဖရဲဘော်နှစ်ဦးအဖမ်းခံရတာကနေအလှူရှင်စာရင်းပေါက်သွားပြီးအဖမ်းခံရတာ။လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုမြို့မှာပေါက်ကွဲမှုသုံးကြိမ်ဆက်တိုက်ဖြစ်ပြီး ကလေးတဦးအပါအဝင် နှစ်ဦးသေဆုံး၊ နှစ်ဆယ်ဝန်း ကျင်ဒဏ်ရာရ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့က နေရာသုံးခုမှာ ဒီကနေ့ မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ နာရီပိုင်းအတွင်းပေါက်ကွဲမှု သုံးကြိမ်ဆက် တိုက် ဖြစ်ကာ လေးနှစ်အရွယ်ကလေးတဦးနဲ့ အသက်ခြောက်ဆယ်အရွယ်အမျိုးသားတဦး သေ ဆုံးတဲ့အပြင် ဒဏ် ရာ ရသူနှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။  ရွှေဘို့မြို့ အဝေး‌ပြေးကားဝန်းအနီးတံတား‌ပေါ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ်စခန်းကို KNLA သိမ်းပိုက်

မတ်၊ ၂၈ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)နယ်မြေ၊ မုဒြာ(ဖာပွန်)ခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ် စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့မှ မတ် ၂၈ ရက် နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ “ကျွန်တော်တို့ ဒီမနက်ကပဲ၊ [ဆက်လက်ဖတ်ရှုရန်]