နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြောင်မှာ ဒေသခံလေးဦးအသတ်ခံရပြီး လူတသောင်းခွဲ တိမ်းရှောင်ထွက်ပြေးနေရ

မတ်၊​ ၁၄   စစ်ကောင်စီတပ်တွေဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းနှစ်ကြောင်းညှပ်ထိုးနေလို့ ဒေသခံတသောင်းခွဲ ထွက်ပြေးတိမ်းရှောင်နေရပြီး မနေ့ကတရက်တည်း လေးဦးပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။   စစ်ကောင်စီစစ်ကြောင်းနှစ်ခုဟာ မြောင်မြို့နယ်တောင်ပိုင်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကျဉ်းထောင်တွေထဲ ဝင်ရောက်လေ့လာခွင့်ပြန်ရဖို့ မျှော်လင့်နေတယ်လို့ ICRC ပြော

မတ်၊ ၁၄   အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင်နဲ့ အခုလအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အကျဉ်းကျခံနေရသူတွေဆီ သွားရောက်လေ့လာသုံးသပ်ခွင့်ပြန်ရဖို့ မျှော်လင့်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC က ပြောပါတယ်။   “အကျဥ်း ကျခံနေရသူတွေဆီကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကကျွန်းလှမြို့အဝင်အထွက်ဂိတ်တွေမှာ ပြည်သူတွေကို ဖိအားပေး ကင်းစောင့်ခိုင်းနေ

မတ်၊ ၁၄ စစ်ကိုင်းတိုင်း ၊ ကျွန်းလှမြို့ အဝင်အထွက် ဂိတ်တွေမှာ ကင်းစောင့်ဖို့ မြို့ခံပြည်သူတွေကို စစ်ကောင်စီနဲ့ ပျူစော ထီးတွေက ဖိအားပေးစေခိုင်းနေပြီး မစောင့်နိုင်သူတွေကတော့ တအိမ်ထောင်ကျပ်တသောင်း ဒဏ်ကြေး ပေးနေရတယ်လို့ ကျွန်းလှဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေက ပြည်သူတွေကိုဖိအားပေးပြီး [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

နွားထိုးကြီးမြို့မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မတ်၊ ၁၄ မန္တလေးတိုင်း ၊နွားထိုးကြီးမြို့နယ်ရှိ အထွေထွေ အုပ်ချူပ်ရေးမှူးရုံး၊လျှပ်စစ်ရုံးနဲ့ မြို့တော်ခန်းမသုံးနေရာကိုဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွင် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်အုပ်စုနီးစပ်နီးစပ်သူတွေကပြောပါတယ်။ မနေ့က မတ်လ ၁၃ ရက်၊မနက် ၁၀ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်ပွဲကြောင့် စစ်လက်နက် တင်သွင်းဝယ်ယူမှု တတိယ အများဆုံးနိုင်ငံ ဖြစ်လာတဲ့ ယူကရိန်း

မတ်၊ ၁၄ ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို အကြောင်းပြုပြီး ယူကရိန်းဟာ ကမ္ဘာပေါ်မှာ စစ်လက်နက် တင်သွင်းမှု တတိယ အများဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။  ၂၀၂၂ ခုနှစ်မှာ အိမ်နီးချင်း အင်အားကြီး ရုရှားနိုင်ငံရဲ့ ကျူးကျော်မှုကို ခံစားခဲ့ရတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်-ဗြိတိန်-ဩစတြေးလျ သုံးနိုင်ငံ ပူးပေါင်း ရေငုပ်သင်္ဘောတပ်ဖွဲ့ ထူထောင်မယ့် အစီအစဉ် ကြေညာ

မတ်၊ ၁၄ ရေတပ်ရဲ့ ဖြန့်ကျက်မှုကို တိုက်ရိုက် တန်ပြန်မယ့် မျိုးဆက်သစ် ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီးတစ်ခု စုပေါင်းထူထောင်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျ အစိုးရတွေ ပူးပေါင်း ကြေညာခဲ့ပါတယ်။  Aukus သဘောတူ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေကို ခေါင်းထဲ ထည့်မထားတဲ့ အာဆင်နယ် မန်နေဂျာ အာတီတာ

မတ်၊ ၁၄ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတယ်ဆိုတဲ့ သတင်းတွေကို ခေါင်းထဲ ထည့်မထားကြောင်း အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ပြောပါတယ်။  စပိန်ထိပ်တန်း ဘောလုံးကလပ်ဟာ လက်ရှိရာသီမှာ အသင်းမန်နေဂျာ ကာလို အန်ဆလော့တီရဲ့ စွမ်းဆောင်ရည်တွေအပေါ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အနာဂတ်ကို တပ်အပ် မဆုံးဖြတ်နိုင်သေးဘူးလို့ ချဲလ်ဆီး တိုက်စစ်မှူး ဖီးလစ် ဝန်ခံ

မတ်၊ ၁၄ လာမယ့်ရာသီ သူ့ရဲ့ အနာဂတ်က ဘယ်လိုဘယ်ပုံ ဖြစ်လာမလဲဆိုတာ တပ်အပ် မပြောနိုင်သေးကြောင်း ချဲလ်ဆီး ကစားသမား ယာအိုဖီးလစ်က ဝန်ခံခဲ့ပါတယ်။  အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးဟာ စပိန်ကလပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်လက်ချက်နဲ့ဆယ်ရက်အတွင်းလူလေးဆယ်ကျော်သေဆုံး

မတ်၊ ၁၃ အခုလအတွင်း နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ငါးခုမှာ စစ်တပ်လက်ချက်နဲ့ သံဃာတော်တွေအပါအဝင် (၄၃)ဦး သေ ဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့် ခွဲရေး ဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နယ်မြေမတည်ငြိမ်လို့ကျိုက်ထီးရိုးက အထမ်းသမားတွေ ကျပန်းလုပ်ကိုင်နေရ

မတ်၊ ၁၃ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးဘုရားတောင်အနီးတဝိုက်မှာတိုက်ပွဲမကြာခနဖြစ်ပွားတာနဲ့ နယ်မြေမတည်ငြိမ်တာတွေကြောင့်တောင်ထမ်းသမားသမားတွေဟာစားဝတ်နေရေးအတွက် ခက်ခဲစွာရုန်းကန်နေကြရပါတယ်။ ကျိုက်ထီးရိုးဘုရားအနီးတဝိုက်ဖြစ်တဲ့ကဒိုင်ဒွတ်၊ကျောက်ဖျာ၊မဲရုံးကြီးစတဲ့ကျေးရွာတွေမှာပြီးခဲ့နှစ် နိုဝင်ဘာလကနေအခုနှစ်မတ်လဒုတိယအပတ်အထိတိုက်ပွဲဖြစ်ပွားနေတာနဲ့နယ်​မြေမတည်ငြိမ်မှုတွေရှိနေတာပါ။ အခုလိုနယ်မြေမတည်ငြိမ်တာနဲ့တိုက်ပွဲတွေမကြာခနဖြစ်ပွားတာတွေကြောင့် ကျိုက်ထီးရိုးဘုရားဖူးခရီးသည်လျော့နည်းလာတာနဲ့အတူဘုရားဖူးတွေအတွက်ဝန်ဆောင်မှုပေးနေကြတဲ့တောင်ထမ်းသမားအရေအတွက်တွေဟာလျော့နည်းလာတယ်လို့ ကင်းမွန်းချောင်းကျေးရွာကစျေးသည်အမျိုးသမီးတဦးကပြောပါတယ်။ “မနှစ်နိုဝင်ဘာလထဲက တောင်ထမ်းသမားတွေလျော့သွားတယ်။ ကြားထဲမှာပစ်ခတ်တာမကြာခဏဖြစ်တော့ ဘုရားဖူးခရီးသည်တွေလည်းနည်းသွားတာလည်းပါတယ်။နောက်ကားတွေနဲ့တက်တာရယ်တောင်တက်ရထားစီးတာရယ်ဆိုတော့အထမ်းသမားတွေအလုပ်ပါးသွားတယ်” လို့သူမကပြောပါတယ်။ ပြီးခဲ့တဲ့၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၁၂ရက် ကျိုက်ထီးရိုးတောင်ခြေမှာပစ်ခတ်မှုဖြစ်ပွါးပြီး ဘုရားဖူးအမျိုူသမီး [ဆက်လက်ဖတ်ရှုရန်]