ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက ရွှေဆိုင်ဓားပြတိုက်သူတွေထဲက နှစ်ယောက်ထွက်ပြေးရန်ကြိုးစားလို့ဆိုပြီး ရဲက ပစ်သတ်ခဲ့ဟုဆို

မတ်၊ ၃၁ မန္တလေးမြို့က စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းကို ဓားပြတိုက်ခဲ့သူတွေ ထဲကဖမ်းဆီးရမိသူလေးယောက်အနက် တရားခံ နှစ်ယောက်ကို ထွက်ပြေးရန်ကြိုးစားလို့ဆိုပြီး ရဲကပစ်သတ်ခဲ့တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ မနေ့က ညပိုင်းက ဓားမြတိုက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရားခံ ဆန်းဝင်း(ဓားပြခေါင်းဆောင်)နဲ့တင်စိုး ဆိုသူတို့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံတကာရေးရာ

အိန္ဒိယ ဘုရားကျောင်း တခုမှာ ရေတွင်းထဲ ပြုတ်ကျလို့ ဝတ်ပြုသူ သုံးဒါဇင်နီးပါး သေဆုံး

မတ်၊ ၃၁ အိန္ဒိယက ဟိန္ဒူ ဘုရားကျောင်း တခုမှာ ရေတွင်းပေါ် မိုးကာထားတဲ့ အခင်းကျိုးကျပြီး ရေတွင်းထဲ ပြုတ်ကျလို့ ဘုရားဖူး ၃ ဒါဇင်နီးပါးလောက် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။  မတ် ၃၀ က မက်ဒ်ဟာရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘက်ခ်မတ်မြို့ကိုသာ ရသွားရင် ပူတင်အတွက် ကြီးမားတဲ့ အောင်ပွဲ ဖြစ်လာမယ်လို့ ဇီလန်စကီး သတိပေး

မတ်၊ ၃၁ ဘက်ခ်မတ်မြို့သာ ကျဆုံးသွားမယ်ဆိုရင် ရုရှား သမ္မတ ဗလာဒီမာ ပူတင်အတွက် အောင်ပွဲကြီးတခု ခွင့်ပြုပေးလိုက်သလို ဖြစ်သွားမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေးခဲ့ပါတယ်။  လောလောဆယ် ရုရှားနဲ့ ယူကရိန်းတို့ကြားက စစ်ပွဲဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားဆီက လက်နက်တွေကို ရိက္ခာနဲ့ လဲလှယ်ဖို့ ရုရှား ကြိုးစားနေကြောင်း အမေရိကန် စွပ်စွဲ

မတ်၊ ၃၁ ရုရှားဟာ စစ်လက်နက်တွေကို ရိက္ခာနဲ့ အလဲအလှယ် လုပ်နိုင်ရေး ညှိနှိုင်းဖို့ မြောက်ကိုရီးယားဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။  အဲဒီ ရုရှား ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

လူ့အခွင့်အရေး ချိုးဖောက်သူတွေက ဘောလုံးအသင်းတွေ မဝယ်ယူနိုင်အောင် ပရီးမီးယားလိဂ် တင်းကျပ်

မတ်၊ ၃၁ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် နာမည်ပျက် ရှိသူတွေက အင်္ဂလန် ထိပ်တန်း ဘောလုံးကလပ်တွေကို ဝယ်ယူပိုင်ခွင့် မပြုဖို့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က စည်းမျဉ်းတွေ တင်းကျပ်လိုက်ပါတယ်။  ချက်ချင်း အသက်ဝင်လာမယ့် ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းတွေအရ နိုင်ငံတကာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

PDF က လက်နက်ဖိုးတအိမ်ကျပ်နှစ်သောင်းတောင်းမှုကို စုံစမ်းစစ်ဆေးဖို့ NUG ဝန်ကြီးချုပ်ပြော

မတ်၊ ၃၀   စစ်ကိုင်းတိုင်း၊ ဝက်လက်ဒေသအတွင်းမှာ လက်နက်ဖိုးလို့ဆိုကာ ဒေသအခြေစိုက် PDF တပ်ရင်းက တအိမ်ကျပ်နှစ်သောင်းတောင်ယူမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ အလားတူထပ်မဖြစ်အောင် စီမံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက ညွှန်ကြားလိုက်ပါတယ်။   ” ဒီလအတွင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သရုပ်ဆောင်ဒေါင်းမွေးနေ့အတွက် ပရိသတ်တွေက တော်လှန်ရေးအင်အားစုတွေကိုလှူ

မတ်၊ ၃၀   စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံနေတဲ့ သရုပ်ဆောင်ဒေါင်းရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် သူ့ရဲ့ပရိတ်သတ်တွေက တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရှောင်တွေကို ကူညီလှူဒါန်းမှုတွေ လုပ်ခဲ့ကြပါတယ်။   ပရိသတ်တွေက မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကရင်နီစစ်ရှောင်တွေအတွက် စုစုပေါင်းကျပ်သိန်းသုံးဆယ်ဝန်းကျင် လှူဒါန်းခဲ့တဲ့မှတ်တမ်းတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက အလယ်ခုံရွာသားတဦးကို ခေါင်းကိုပစ်သတ်၊ ကလေးတဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီး

မတ်၊ ၃၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းက အလယ်ခုံကျေးရွာမှာ မတ်လ ၃၀ရက် မနက် ၆နာရီက စစ်ကောင်စီက ဒေသခံစစ်ရှောင်တဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တဦးကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံခရိုင်မှာ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သားနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

မတ်၊ ၃၀   မွန်ပြည်နယ်၊ သထုံခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက နှစ်ရက်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   သေဆုံးခဲ့သူတွေဟာ သထုံမြို့နယ်က အသက်လေးဆယ်ကျော်အရွယ် ဦးစိန်သောင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပင်လောင်းက စစ်ရှောင်ပြည်သူတွေ ဖျားနာတာတွေဖြစ်လို့ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေ

မတ်၊ ၃၀   ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့အရပ်သား ၄၀၀၀ ခန့်ရှိပြီး ဖျားနာတာတွေဖြစ်နေတဲ့အတွက် အရေးပေါ် ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ သူတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]