နိုင်ငံရေး

ညောင်လေးပင်မှာတလအတွင်းတံတားသုံးစင်းမိုင်းခွဲခံရပြီးနောက်စစ်တပ်က စစ်ကြောင်းထိုးနေ

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်မှာ တလအတွင်း တံတားသုံးစင်းမိုင်းခွဲခံရပြီးနောက် စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ (၁၁)ရက်မနက်ပိုင်းကစလို့ ညောင်လေးပင်နယ်ထဲ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့က ခင်ကန့် လန့်ရွာနဲ့ကညင်ကျိုးရွာကြားကကျေးရွာချင်းဆက်တံတားနှစ်စင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကမိုင်းခွဲခဲ့သလို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြစ်ခြေမြို့ကစစ်ကောင်စီ ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ်စီးနင်းတိုက်ခိုက်ခံရ၊ အရာရှိနှစ်ဦး အပါအဝင် စစ်ကောင်စီဘက်က ကျဆုံးထိခိုက်မှုရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ ရှိတဲ့ စစ်ကောင်စီရဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးစခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ရက် မနက် အစောပိုင်း က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ ပြီး စစ်အုပ်စုဘက်ကအ ရာ ရှိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုဏ္ဏားကျွန်းမှာ ဘုန်းကြီးကျောင်းထဲမီးလောင်ရာက သက်ကြီးသံဃာတပါး ပျံလွန်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျောင်းဆောင်ငယ်တခု မီးလောင်ရာက လေဖြတ်နေတဲ့ သက်ကြီးဆရာတော်တပါး မီးထဲပါကာ ပျံလွန်တော်မူသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတွေနဲ့ ဒေသခံတွေက DNA ကိုပြောကြပါတယ်။ စံပြရပ်ကွက်မှာရှိတဲ့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းဝင်းထဲက သံဃာတော်တွေ သီတင်းသုံးရာ ကျောင်းဆောင်ငယ်တခု ဖေဖော်ဝါရီ(၁၁)ရက် [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ရန်ကုန်က တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းတချို့ အရှုံးပေါ်လို့ရပ်နားဖို့ပြင်နေ

ရန်ကုန်တိုင်းအတွင်းက တပိုင်တနိုင်မွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအရှုံးပေါ်တဲ့ အခြေအနေတွေ ကြောင့် ရပ်နားဖို့အထိပြင်ဆင်နေပြီလို့ တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းရှင်တွေက DNAကို ပြောပါတယ်။ အခုလိုရပ်နားဖို့ဖြစ်လာတာဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း အထွေထွေ အကျပ်အတည်းတွေကြောင့်ဖြစ်ပြီး မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ဆေးဈေးတွေ အဆမတန်မြင့်တက်လာတာ၊ ခြံ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တက္ကသိုလ်တက်တဲ့သူ ဘာကြောင့်နည်းသွားတာလဲ

ရွေးကောက်ခံအရပ်သားအစိုးရကို မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ စစ်အရာရှိတွေမွေးထုတ်ပေးတဲ့မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း  DSA ကို တက်ရောက်သူ နည်းပါးသွားပါတယ်။ တချိန်က လူငယ်တွေကြားမှာ အတိုင်းအတာတခုအထိ ရေပန်းစားခဲ့တဲ့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဟာ စစ်အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လမိုင်းမြို့မှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဆယ်နှစ်အရွယ်ကိုရင်တပါးပျံလွန်၊သံဃာတပါး ဒဏ်ရာရ

မွန်ပြည်နယ်‌၊ ရေးမြို့နယ်၊လမိုင်းမြို့ စုစည်းမြိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကြောင့် ဆယ်နှစ်အရွယ် ကိုရင်တပါးပျံလွန်ကာ ဦးဇင်းတပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီရဲ့ ရေးမြို့အခြေစိုက်(၃၁၇)အမြှောက်တပ်က မနေ့ကညနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးကဗုံးပေါက်ကွဲမှုတွေနဲ့ပက်သက်လို့ ဒေသခံနှစ်ဆယ်ဝန်းကျင် ဖမ်းဆီးခံရ၊ခုနစ်ဦးကို PDF တွေလို့ စစ်ကောင်စီထုတ်ပြန်

ပဲခူးတိုင်း၊ပဲခူးမြို့ ရပ်ကွက်သုံးခုအတွင်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဒေသခံနှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး  ခုနစ်ဦးကိုတော့ PDF အဖွဲ့ဝင်၊ PDF နဲ့ဆက်စပ်သူတွေလို့ သတင်းထုတ်ပြန်ပါတယ်။ ပဲခူးမြို့ပေါ်က မဇင်း၊ ပုဏ္ဏားစုနဲ့ ရှင်စောပု စတဲ့ရပ်ကွက်(၃)ခုအတွင်း ဖေဖော်ဝါရီ(၇)ရက်ညပိုင်းက ဗုံးပေါက် မှုတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းက မန္တလာသီရိ ဘောလုံးကွင်းရှေ့ ကင်းစောင့်နေတဲ့ စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရလို့ ဒုရဲအုပ်တဦး အပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   မနေ့က ဖေဖော်ဝါရီလ ၁၀ ရက် နေ့လည် တနာရီလောက်မှာ ချမ်းမြသာစည်မြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဗြိတိန်မှာ ဒုတိယ ကမ္ဘာစစ် လက်ကျန်ဗုံးကို သက်မဲ့စေဖို့ ကြိုးစားရင်း ပေါက်ကွဲမှုဖြစ်

ဗြိတိန် နိုင်ငံမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို စနက်တံ ဖြုတ်သိမ်းဖို့ ကြိုးစားချိန် မမျှော်လင့်ဘဲ အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဂရိတ်ယာမော့သ် မြို့မှာ ရှာတွေခဲ့တဲ့ ကီလိုဂရမ် ၂၅၀ လေးလံတဲ့ ဗုံးကြီးကို ဗြိတိန်စစ်တပ်ရဲ့ [ဆက်လက်ဖတ်ရှုရန်]