ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းက အမတ်နှစ်ဦးကို မြဝတီခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်

ဧရာဝတီတိုင်း မြောင်းမြမြို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်နဲ့ အိမ်မဲ ၊ ဝါးခယ်မ မြို့နယ်တွေရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၉)ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ကို ဒီနေ့မှာပဲ ကရင်ပြည်နယ် မြဝတီခရိုင်တရားရုံးက ထောင်ဒဏ် ၂၆ ချမှတ်လိုက်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ မီးမမှန်လို့ CNG ဆိုင်တွေမှာ ကားတွေနေ့တစ်ပိုင်းကျော်ကြာ တန်းစီစောင့်ဆိုင်းနေရ

ရန်ကုန်မြို့မှာလျှပ်စစ်မီး နာရီနဲ့ချီ ပြတ်တောက်မှုတွေ ဖြစ်နေတာကြောင့် CNG သဘာဝဓါတ်​ငွေ့ အရောင်းဆိုင်တွေမှာ ကားတွေနေ့တပိုင်းကျော်အကြာ တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။ CNG ဆိုင်တွေဟာ လျှပ်စစ်မီးလာချိန်မှာသာ ရောင်းပေးပြီးမီးပျက်တဲ့ အချိန်တွေမှာ အရောင်းရပ်ထားလေ့ရှိတာကြောင့် ကားတွေအချိန်မီဂတ်စ်ဖြည့်ဖို့ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒဂုံဆိပ်ကမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးပစ်သတ်ခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၈၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းနဲ့အဖွဲ့ကို ဒီကနေ့ နိုဝင်ဘာ (၂၈) ရက်မနက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တဲ့အတွက် သုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ အဲ့ဒီရပ်ကွက်မှာ ဆောက်လုပ်နေဆဲ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အနည်းဆုံးအခကြေးငွေ​ နှုန်းထားပြင်ဆင်မယ်လို့ စစ်ကောင်စီ အသံလွှင့်

အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ဖိနှိပ်ချိုးဖောက်ခံရမှု ပိုဆိုးရွားလာတယ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာ အနည်းဆုံး လုပ်ခလစာအခကြေးငွေ နှုန်းထားကို ပြင်ဆင်သတ်မှတ်ဖို့ စီစဥ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီဝန်ကြီးဌာနရဲ့ ခြောက်လပတ်အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ရာမှာ တတိယအကြိမ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ခရိုင်းမီးယားမှာ ရုရှားတွေကို လေ့ကျင့်ပေးနေတဲ့ အီရန် ဒရုန်း ပညာရှင် တချို့ကို ယူကရိန်း သုတ်သင်

ခရိုင်းမီးယားမှာ ရုရှား စစ်သားတွေကို လေ့ကျင့်ပေးနေတဲ့ အီရန် ဒရုန်းပညာရှင် တချို့ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း ယူကရိန်း အစိုးရက အတည်ပြုခဲ့ပါတယ်။  ခရိုင်းမီးယား ကျွန်းဆွယ်ဟာ ယူကရိန်းရဲ့ ပိုင်နက် ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ် ကတည်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နျူကလီးယား စစ်တပ်မျိုး ပိုင်ဆိုင်ဖို့ ကင်ဂျုံအန်း ရည်မှန်း 

မြောက်ကိုရီးယားကို ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နျူကလီးယား လက်နက် စွမ်းရည်မျိုး ပိုင်ဆိုင်လာစေဖို့ ရည်မှန်းထားကြောင်း နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။  မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနရဲ့ နိုဝင်ဘာ ၂၇ ရက် ဖော်ပြချက်အရ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အီရန်အလံကို ပြင်ဆင်ဖော်ပြခဲ့တဲ့ အမေရိကန် ဘောလုံးအသင်းကို ဖီဖာဆီ အီရန် အရေးဆို တိုင်ကြား 

နိုင်ငံအလံက အစ္စလာမ်မစ် ပြည်ထောင်စု သင်္ကေတကို ဖြုတ်ပြီး လူမှုကွန်ရက်ပေါ် ပို့စ်တင်ခဲ့တဲ့ အမေရိကန် အသင်းကို အီရန်က ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ အရေးဆို တိုင်ကြားခဲ့ပါတယ်။  နိုဝင်ဘာ ၂၈ ရက်မှာ ကစားမယ့် အီရန်နဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလား မျှော်လင့်ချက် ဆက်ရှင်သန်စေခဲ့တဲ့ လူစားဝင် တိုက်စစ်မှူးကို ဂျာမနီ နည်းပြ ချီးကျူး 

ဂျာမနီရဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု မျှော်လင့်ချက်ကို အသက်ဆက်ခွင့် ပေးခဲ့တဲ့ လူစားဝင် တိုက်စစ်မှူး နစ်ကလက်စ် ဖူးလ်ကရက်ဂ်ကို အသင်းနည်းပြ ဟန်စီဖလစ်ခ်က အလေးအနက် ချီးကျူးသွားခဲ့ပါတယ်။  နာမည်ကြီး ဂျာမနီ အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်မှာ ဂျပန်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောမြို့နယ်က စစ်ဘေးရှောင် တစ်ထောင့်ငါးရာကျော် ရာသီဉတုဒဏ်ကြား အခက်အခဲဖြစ်နေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်ခရိုင်ထဲက ဆောမြို့နယ်၊ လက်ပန်းကျေးရွာနဲ့ ပဆုပ်ရွာက စစ်ဘေးရှောင်ပြည်သူတွေဟာ အမိုးအကာ မလုံလောက်မှုကြောင့် အအေးဒဏ်ခံနေရပြီး အခက်အခဲတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုမှာ ဒီကျေးရွာနှစ်ရွာမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ တပတ်အတွင်း ရွာသားကိုးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ့်တဦးသေဆုံး

အခုနိုဝင်ဘာတလလုံး စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ခင်ဦးမြို့နယ်ထဲကကျေးရွာတွေမှာ နိုဝင်ဘာ ၁၅ ရက်စလို့ ဒီကနေ့အထိ ဒေသခံရွာသား ၉ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းစုစည်းထားသူတွေက ပြောပါတယ်။ ဒါ့အပြင် [ဆက်လက်ဖတ်ရှုရန်]