ဒေသအလိုက် သတင်းကဏ္ဍ

ဘိုကလေးမြို့ လူစည်ကားရာနေရာတွေမှာ စာတန်းချိတ်ဆွဲဆန္ဒပြ

ဧရာဝတီတိုင်း ဘိုကလေးမြို့ မြို့တော်ခန်းမရှေ့နဲ့ ဘိုကလေးတံတားပေါ်မှာ မြို့ခံလူငယ်အချို့က အကြမ်းဖက် စစ်အုပ်စုကို အလိုမရှိကြောင်း စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၅ နာရီခန့်မှာ မြို့တော်ခန်းမရှေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မအူပင်မှာ စခန်းမှူးအသစ်က ပြည်သူတွေကို မတရားဖမ်းဆီးပြီး ပိုက်ဆံရှာနေတယ်လို့ဆို

ဧရာဝတီတိုင်း မအူပင်မြို့မှာ အင်္ဂပူမြို့ကနေ ပြောင်းရွေ့လာတဲ့ စခန်းမှူးအသစ်က ပြည်သူတွေကို မတရားဖမ်းဆီးပြီး ပိုက်ဆံတောင်းယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုလက်အောက်ခံ မြို့မရဲစခန်းမှူးဟာ မြို့ပေါ်မှာရှိတဲ့ လူငယ်တွေနဲ့ ပရဟိတသမားတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး ပိုက်ဆံတောင်းယူတာတွေ လုပ်ဆောင်နေပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပူတာအိုမြို့နယ် စစ်ရှောင်ပြည်သူတွေ အရေးပေါ်အကူအညီလိုအပ်နေ

စစ်အုပ်စုနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးမကျရောက်နိုင်သော တောတွင်းတစ်နေရာသို့ ယမန်နေ့က ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပူတာအိုမြို့နယ် စစ်ရှောင်ပြည်သူတွေ အစားအသောက်နဲ့ အဝတ်အထည်များ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား – [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီက ပထမအသုတ် စစ်အုပ်စုထောက်တိုင်ဝန်ထမ်း ၅၀ နီးပါးရဲ့စာရင်းထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ပထမအသုတ် အကြမ်းဖက်စစ်အုပ်စု ထောက်တိုင်ဝန်ထမ်း ၅၀ နီးပါးရဲ့ စာရင်းကို ကနီ PDF ကထုတ်ပြန်လိုက်ပါတယ်။ အဲဒီစစ်အုပ်စုထောက်တိုင် ဝန်ထမ်းတွေဟာ ကနီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ရေရှည်ရပ်တည်နိုင်ဖို့ ကူညီပံ့ပိုးအားပေးခြင်း ၊အများပြည်သူကို စိတ်ပင်ပန်းအောင် ပြုမူခြင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆိုကို စစ်အုပ်စု စစ်ကြောင်း ၄ကြောင်းနဲ့ ထိုးစစ်ဆင်နေ

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်ဖက်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်စတင်နေတယ်လို့ KNDF B-02 က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၆ နာရီခန့်က စတင်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပါကစ္စတန် ဗလီတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၅၀ ကျော်သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှဝါမြို့မှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေချိန် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၉၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြှး ဘယ်စစ်သွေးကြွအဖွဲ့ကမှ သူတို့လက်ချက်လို့ ထုတ်ဖော်ကြေညာတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDF-Mindat ရဲ့မွန်းမံ သင်တန်

CDF-Mindat ရဲ့ မွန်းမံ သင်တန်း အပတ်စဉ် (၃) အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း Chin Defence Force- Mindat ကဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆို ၃ ရက်တာတိုက်ပွဲ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ၃ ရက်တာ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၅ ဦးထက်မ နည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးရွာနဲ့ ပူဖါးရွာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့လယ်မှာ အ​ထွေ​ထွေ တပ်​ပေါင်းစု သပိတ်စစ်ကြောင်း စုပေါင်းချီတက်ဆန္ဒပြ

ဒီနေ့ မတ်လ ၅ ရက်နေ့ မန္တလေးမြို့လယ် ဈေးတစ်ခုမှာ အကြမ်းဖက်စစ်အုပ်စု တိုက်ဖျက်​ရေး အ​ထွေ​ထွေသပိတ်တပ်​ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ “ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” စာသားကိုင်​ဆောင်ပြီး သံဃာ​တော်များ၊ စိန်ပန်းသပိတ်စစ်​ကြောင်း၊ ​ဒေါင်းစစ်သည်သပိတ်စစ်​ကြောင်းတို့ ပူး​ပေါင်းပါဝင်​တဲ့ စုပေါင်းသပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သတင်းပေးမလုပ်ဖို့ အကြိမ်ကြိမ် သတိပေးချက်ကို မလိုက်နာတဲ့ ဒူးရင်းဆိပ်အုပ်ကြီးကို ရှင်းလင်း

အကြမ်းဖက်စစ်တပ် သတင်းပေးမလုပ်ဖို့ အကြိမ်ကြိမ်သတိပေးချက်ကို မလိုက်နာတဲ့ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ရွာအုပ်ချုပ်ရေးမှူးကို ရှင်းလင်းလိုက်တယ်လို့ သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒူးရင်းဆိပ်ကျေးရွာဟာ သထုံ-ဘားအံ ကားလမ်းအနီးမှာ တည်ရှိပြီး ဒူးရင်းဆိပ်အုပ်ချုပ်ရေးမှူး ဇင်မင်းဦးဟာ အကြမ်းဖက်စစ်တပ် သတင်းပေး ဆက်လက်လုပ်ဆောင်နေသူဖြစ်တယ်လို့ သထုံမြို့ပြ အထူးစစ်ဆင်ရေးတပ်ဖွဲ့က [ဆက်လက်ဖတ်ရှုရန်]