အားကစားကဏ္ဍ

အကြွေးထပ်တင်တဲ့ ဘာစီလိုနာ၊ ဥရောပ နိုင်ပွဲစရတဲ့ လီဗာပူးလ်နဲ့ အင်္ဂါနေ့ည ချန်ပီယံလိဂ် ပွဲစဉ်များ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေမှာ ပရိသတ် စိတ်အဝင်စားဆုံး ဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်-ဘာစီလိုနာ တွေ့ဆုံမှုက အများမျှော်လင့်တဲ့အတိုင်း ပွဲကောင်းတစ်ခု ဖြစ်ခဲ့ပြီး အိမ်ရှင် ဘိုင်ယန်မြူးနစ်ကပဲ ၂ ဂိုးပြတ် အနိုင်ရသွားပါတယ်။ အဖွင့်ပွဲစဉ်မှာ စိတ်ပျက်စရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင်မှာ  ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုစီးနင်းခံရပြီး ခြောက်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် ပဲပြစ်တောအရှေ့ရွာအနီးက ဒေသကာကွယ်ရေးတပ်စခန်းတခု စက်တင်ဘာ ၁၃ရက် မနေ့က မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခံရပြီး ကာကွယ် ရေး တပ်ဖွဲ့ဝင်ငါးဦးနဲ့ CDM ဝင်ထားတဲ့ စစ် သားတဦးကျဆုံးခဲ့တယ်လို့ ဒေသခံတချို့က DNA ကိုပြောပါတယ်။ “လက်နက်ကြီးနဲ့အရင်ထုတာပေါ့၊ပြီးမှစခန်းဝင်စီးတာ စခန်းကိုလည်းမီးရှို့လိုက်ကြပြီ၊အလောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ ပြောက်ကျားသပိတ်လုပ်မယ့် လူငယ် ၁၅ဦးထက်မနည်း ပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းမှာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေး ပြောက်ကျားသပိတ်လုပ်မယ့် လူငယ်တွေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၁၅ထက်မနည်း ဖမ်းဆီးခံရတယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဌက DNA ကိုပြောပါတယ်။ “တန်းဖမ်းတဲ့အခြေအနေမျိုးပေါ့၊ရိုက်တယ်၊နှက်တယ်၊ဆဲတယ်ဆိုတယ်၊သူတို့အသံတွေကို ကျွန်တော်တို့ကြားနေရ တဲ့အနေအထားမျိုးလည်းရှိပါတယ်”လို့သူက ပြောပါတယ်။ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းမှာ စက်တင်ဘာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငါးရက်ကြာ မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခြောက်ဆယ်ဝန်းကျင်သေပြီး ပူးပေါင်းအဖွဲ့ဘက်က သုံးဦးကျဆုံး

မိုးဗြဲမြို့နယ်က ငါးရက်ကြာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ခြောက်ဆယ် ဝန်းကျင်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေဘက်က သုံးဦးကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ ဒေသတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးမဟာမိတ်တွေကြား စက်တင်ဘာ (၈)ရက်မှာ စတင်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲ ငါးရက်မြောက်နေ့မှာ စစ်ကောင်စီတပ်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းပြည်တောင်ပိုင်း မဟာမိတ်တပ်ဖွဲ့ရဲ့ ပထမဆုံးအကြိမ်ထိုးစစ်မှာ စစ်တပ်က ဗိုလ်ကြီးတဦးအပါအဝင် နှစ်ဆယ်ထက်မနည်းသေ

ရှမ်းပြည်နယ်တောင်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့ငါးဖွဲ့ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ထိုးစစ်ဆင်မှုမှာ စစ် တပ်က ဗိုလ်ကြီးတဦးအပါအဝင် နှစ်ဆယ်ထက်မနည်းသေဆုံးခဲ့တယ်လို့ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ် တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသက စစ်ကောင်စီတပ်စခန်း နှစ်ခုကို စက်တင်ဘာ ၁၂ရက် မနက်အစောပိုင်းမှာဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လုံခြုံရေးတင်းကျပ်နေတဲဲဲ့ကြားက မပျက်ကွက် ခဲ့တဲ့ ကလေးမြို့ပင်မသပိတ်p

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့ နယ်ပြည်သူတွေဟာ လုံခြုံရေးတင်းကျပ်နေ တဲ့ကြားကစစ်အာဏာရှင်ဆန့်ကျင်သပိတ်ကိုဒီကနေ့ ညနေပိုင်းမှာ မပျက်မကွက်ပြု လုပ်ခဲ့ကြပါ တယ်။ ကလေးမြို့ပေါ်မှာ ခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး မြို့အနှံ့မှာ သွားလာနေသူတွေကိုဖုန်းတွေကအစစစ်ဆေးတာ၊ မြို့နယ်ထဲကကျေးရွာတချို့ကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့ကြားက သပိတ်စစ်ကြောင်းကတော့မပျက်မကွက် ရှိနေခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါတောင်ပိုင်း လယ်မရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာခံတချို့ကို ဓားစာခံအဖြစ်ဖမ်းထား

ဂန့်ဂေါမြို့နယ်တောင်ပိုင်းကလယ်မရွာကို စစ်ကောင်စီစစ်ကြောင်းက ဒီကနေ့ စက်တင်ဘာ (၁၃)ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာခံတချို့ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ PDF ဂန့်ဂေါတောင်ပိုင်းအဖွဲ့ခေါင်းဆောင်ကိုဝေလေးက DNAကိုပြောပါတယ်။ “အိမ်ဘယ်နှလုံးလောင်တယ်ဆိုတာ ကျနော်တို့မသိနိုင်သေးဘူး၊ရွာထဲမှာလည်း ရွာသူရွာသားတချို့ကို ဓားစာခံအဖြစ်ဖမ်းထားတာရှိတယ်” လို့ ကိုဝေလေးကပြောပါတယ်။ စစ်ကောင်စီဟာ ယောဒေသ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KNU နယ်မြေထဲမှာ လပေါင်း နှစ်ဆယ်အတွင်း တိုက်ပွဲ ခြောက်ထောင်ကျော်ဖြစ်ပြီး စစ်အုပ်စုက ငါးထောင်ကျော်သေ

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကနေ အခုနှစ်ဩဂုတ်လအထိ လပေါင်းနှစ်ဆယ်အတွင်း တိုက်ပွဲခြောက်ထောင်ကျော်ဖြစ်ပြီး စစ်အုပ်စုဘက်က ငါးထောင်ကျော် သေဆုံးခဲ့တယ်လို့ KNU က ဒီကနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။ အာဏာမသိမ်းမီကတည်းက KNU လက်နက်ကိုင်တပ်တွေနဲ့ စစ်အုပ်စုကြားတိုက်ပွဲတွေရှိနေခဲ့တာဖြစ်ပြီး အာ ဏာသိမ်းဖို့တလအလို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

 ဗြိတိန် ဘုရင်မကြီးရဲ့ ဈာပန အခမ်းအနားမှာ မြန်မာကို မဖိတ်

အဲလိဇဘက်သ် ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားအတွက် မြန်မာနိုင်ငံကို မဖိတ်ကြားဖို့ ဗြိတိန် အစိုးရက ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ ပြဿနာနဲ့ စစ်တပ် အာဏာသိမ်းမှုတွေကြောင့် ဗြိတိန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားအံမြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ပြန်တွေ့နေပြီး နေအိမ်တချို့ လော့ဒေါင်းချခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ပြန်တွေ့နေပြီးစည်းကမ်းမလိုက်နာတဲ့ အိမ်တွေ ကို ကြိုးနီတား လော့ဒေါင်းချတာပြန်လုပ်နေတယ်လို့ ဘားအံမြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။ “အဲဒီ့အိမ်မှာက စိတ်မနှံ့တဲ့ လူနာရှိနေပြီး အပြင်မထွက်ရ စည်းကမ်းချက်ကို မလိုက်နာတဲ့အတွက်ကြိုးတားပြီ lockdown [ဆက်လက်ဖတ်ရှုရန်]