ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ မဲလ်ဘုန်းမြန်မာမိသားစု ကျင်းပ

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းက မြန်မာမိသားစုတွေ စုပေါင်းပြီး မွေးနေ့အထိမ်းအမှတ် ဘာသာပေါင်းစုံဆုတောင်းပွဲနဲ့အတူ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့သေဒဏ်ပယ်ဖျက်ပေးရေးလှုပ်ရှားမှုတို့ကိုကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို CRPH/NUG Support Group Australia, Vic က ဦးဆောင်ကျင်းပတာဖြစ်ပြီးမဲလ်ဘုန်းရှိမြန်မာအသိုင်းအဝိုင်း၊တိုင်းရင်းသားညီနောင်တွေနဲ့ဘာသာရေးခေါင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုကြောင့် လူငယ် ၅၀ နီးပါး အဖမ်းခံထားရ

ရန်ကုန်တိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အကြမ်းဖက်စစ်တပ်က ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတာကြောင့် လက်ရှိအချိန်ထိ လူငယ် ၅၀ နီးပါးအဖမ်းခံထားရတယ်လို့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ထွေထွေသပိတ်ကော်မတီ GSC ရဲ့ အဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။ “အခုဆိုရင် ဖမ်းဆီးခံရတဲ့လူငယ်တွေက ၄၀ကျော် ၅၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကသာမြို့ထိပ်က စစ်တပ်ဂိတ်ကို အီနာဂါဗုံးနဲ့တိုက်ခိုက်၊ စစ်သား ၅ဦးဆေးရုံရောက်

စစ်ကိုင်းတိုင်း၊ ကသာမြို့ထိပ်က မြဆည်းဆာစစ်တပ်ဂိတ်ကို ကသာပကဖ က အီနာဂါ ဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးဆေးရုံရောက်သွားကြောင်းသိရပါတယ်။ ကသာမြို့ကနေအရှေ့ဘက်ကမ်းကို ရေကြောင်းနဲ့ စစ်ကြောင်းထိုးဖို့ ရေဆိပ်မှာ ပြင်ဆင်နေချိန် ဇွန်၁၉ရက်နေ့ မွန်းလွဲ ၂နာရီ၁၀မိနစ်လောက်မှာ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ Generation Z [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နယူးယောက်မြို့မှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲအထိမ်းအမှတ်

မနေ့က ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲနှင့်အတူ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ်ပေးရေး ဆုတောင်းပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက် မြန်မာမိသားစုတွေ စုပေါင်းကျင်းပခဲ့ကြပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်လမ်းပိုင်းတွေမှာ ကုန်တင်ယာဉ်တွေ မိုးကာအုပ်ပြီးမသွားကြဖို့ အရေးပေါ်သတိပေး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ပိုင် လမ်းပိုင်းတွေမှာ ကုန်တင်ကားတွေအနေနဲ့ မိုးကာအုပ်ပြီးမသွားကြဖို့ Indaw Revolution က အရေးပေါ်သတိပေးလိုက်ပါတယ်။ အင်းတော်မြို့နယ်အတွင်းရှိ ကျောင်းကုန်း – အင်းတော်၊အင်းတော် – ဗန်းမောက်၊အင်းတော် – နန့်စီးအောင် နဲ့အင်းတော် – ကသာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်မှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနား လူ၅၀၀ကျော်တက်ရောက်ခဲ့ကြ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကျင်းပတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇နှစ်ပြည့်မွေးနေ့အခမ်းအနားကို လူ၅၀၀ကျော်တက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။ ဇွန်လ၁၉ရက်နေ့၊မနက်၁၀နာရီမှာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM က ဦး ဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြောင်နယ်တော်လှန်ရေးအင်အားစုနဲ့ ချောင်းဦး ၊ မြင်းမူ၊ မြင်းခြံ တို့က တော်လှန်ရေးမဟာမိတ် (၃၈) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖိုလ်ဝင်တောင်မြောက်ခြမ်းဘက် မိုင်းရှင်းထွက်လာတဲ့စစ်တပ် မိုင်းအလုံး၇၀နဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ဖိုလ်ဝင်တောင်မြောက်ခြမ်းဘက် မိုင်းရှင်းလင်းရေးထွက်လာတဲ့စစ်တပ်ကို မိုင်းအလုံး၇၀နဲ့ တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဇွန်လ ၁၉ရက်နေ့၊ မနက် ၈နာရီလောက်မှာ ယင်းမာပင်အခြေပြု စစ်သားနဲ့ပျူအင်အား၃၀၀လောက်ဟာ ကားလမ်းဝဲယာတစ်မိုင်အကွာထိ မိုင်းရှင်းလင်းရေးလုပ်ဆောင်စဉ် မိုင်းထိခြင်းဖြစ်ကြောင်း ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။ စစ်သားတွေရဲ့အလောင်းတွေကို ဖောကားနက်ပြာနှစ်စီးနဲ့ နှစ်ခေါက် သယ်သွားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUGPay Mobile Wallet ဖြင့် အသုံးပြုနိုင်မယ့်ဒစ်ဂျစ်တယ်မြန်မာကျပ်-DMMK စတင်မိတ်ဆက်

မြန်မာကျပ်ငွေကို ဘလောက်ချိန်းနည်းပညာသုံးပြီူ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် စတင်မိတ်ဆက်လိုက် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကမနေ့က ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဆိုပါငွေကြေးစနစ်ကို NUGPay Mobile Wallet နဲ့အသုံးပြုနိုင်မှာဖြစ်တယ်လို့ NUG၊ စီမံကိန်း၊ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သဲကျောက်စုပ်ယူနေတဲ့ တနင်္သာရီနေရာတချို့ကို နယ်မြေလုံခြုံရေးအရ တားမြစ်

တနင်္သာရီမြို့နယ် မြစ်ချောင်းအတွင်း သဲကျောက်စုပ်ယူနေတဲ့နေရာတချို့ကို နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်ကြောင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ တနင်္သာရီမြို့နယ်၊လယ်သစ်ကျေးရွာအုပ်စု၊မြေပြားရွာ ကြွေးချောင်းသောင်ကနေ လယ်သစ်မြစ်ဝအထိ သဲကျောက်စုပ်ယူနေခြင်းကို နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်ပြီး မြစ်သဲကျောက်စုပ်ယူနေသူတွေအနေနဲ့ အခုအသိပေးချက်ထုတ်ပြန်တဲ့နေ့ကစပြီး (၃)ရက်အတွင်း တားမြစ်ဧရိယာအတွင်းကနေ ထွက်ခွာပေးဖို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်။ လိုက်နာဆောင်ရွက်ခြင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ထုတ် အရက်တွေသယ်ဆောင်လာတဲ့ကားကို ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ထုတ် အရက်ပုလင်းတွေ သယ်ဆောင်လာတဲ့ကားကို ဖမ်းဆီးပြီး အရက်ပုလင်းတွေကို ဖျက်ဆီးလိုက်တယ်လို့ ထားဝယ် အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (D.E.F.-PDF) က ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့က ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဘက် တောင်သုံးလုံးလမ်းပိုင်းတစ်နေရာမှာ [ဆက်လက်ဖတ်ရှုရန်]