ဒေသအလိုက် သတင်းကဏ္ဍ

ဒဂုံတက္ကသိုလ်ကျောင်းသား (၅) ဦး အဆက်အသွယ်ပြတ်နေ

ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၅ ဦးဟာ မနေ့က ဧပြီ ၂၁ရက်က စပြီး မိသားစုတွေ မိတ်ဆွေတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်လာပါတယ်။ ဧပြီ ၂၁ က စပြီး ဒဂုံတက္ကသိုလ်ကျောင်းသားတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမ်းမြို့ စစ်ဆေးရုံက ဒုတပ်ကြပ်တစ်ဦး အလင်းဝင်

ရခိုင်ပြည်နယ် အမ်းမြို့ စစ်ဆေးရုံးမှ ဒုတပ်ကြပ်တစ်ဦးဟာ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး မိသားစုနဲ့အတူ ပြည်သူ့ထံ အလင်းဝင်လာခဲ့တယ်လို့ Chinland Defense Force – Daaiက သတင်းထုတ်ပြန်လာပါတယ်။ အမ်းမြို့စစ်ဆေးရုံမှာ တာဝန်ကျနေတဲ့ ဒုတပ်ကြပ် မြင့်သိန်းဟာ အကြမ်းဖက်စစ်အုပ်စု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တကူကျေးရွာ စစ်အုပ်စုခန့်အုပ်ကြီး ရှင်းလင်းခံရ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ငွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက် ၇နာရီခန့်မှာ သေနတ်နဲ့ သွားရောက်ပစ်ခတ်ပြီး ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဦးကျော်ငွေဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်း၊ ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ကူနဲ့ ဝင်ရောက်မီးရှို့

စစ်ကိုင်းမြို့နယ်အတွင်းရှိ ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူနဲ့ ဝင်ရောက်လာကာ ရွာကိုမီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာဒီကနေ့မနက်ပိုင်းမှာ ရွာမြောက်ဘက်ကနေဝင်လာတယ်လို့ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ‘စစ်ခွေးတွေ အင်အားတော်တော်များတယ်လို့ သိရတယ်။တချို့လည်း မရှောင်နိုင်တော့လို့ ရွာထဲမှာပဲပုန်း နေကြတယ်လို့ ရှောင်နိုင်တဲ့ရွာသားတွေကပြောတယ်။မပြေးနိုင်တဲ့သူတွေ အဖမ်းခံထားရတယ်’လို့ စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်နေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယမှာ ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်နိုင်ဖို့ ဗြိတိန်ကူညီမယ်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ အခုသီတင်းပတ်အတွင်း အိန္ဒိယခရီးစဉ်မှာ  ဗြိတိန်အနေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်ရေး အကူအညီပေးဖို့  အိန္ဒိယကို ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။  ဘောရစ်ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်ရာထူးစတင်ထမ်းဆောင်ကတည်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဧပြီလ ၂၁ရက်နေ့က ပထမဆုံးရောက်ရှိလာတာပါ။ ဒီခရီးစဉ်မှာ  အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့တွေ့ဆုံသွားမှာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်မှာ အိုင်အက်စ်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၇ဦးထက်မနည်းသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံက မြို့နှစ်မြို့မှာ ဧပြီလ ၂၁ရက်နေ့က ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၁၇ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်လို့ အိုင်အက်စ်စစ်သွေးကြွအဖွဲ့က  ကြေညာခဲ့ပါတယ်။ အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် မြို့တော် Mazar-e-Sharif က ရှီယာဗလီဝတ်ကျောင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်နှစ်ကျော်ကာလ လွတ်ငြိမ်းခွင့်ရ ငါးသောင်းခွဲကျော်မှာ နိုင်ငံရေးအကျဉ်းသား၈ရာခိုင်နှုန်းသာပါ

တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်မှာ  နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းလောက်သာပါဝင်တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက် အတွင်း နိုင်ငံတစ်ဝန်းလုံးက အကျဉ်းထောင်တွေထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးချိုင့်မြို့နယ် တုံလုံကျေးရွာအနီး စစ်အုပ်စုစစ်ကြောင်း မိုင်းထိပြီး ၆ဦးသေ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို Eagles Army-HPDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၆ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၂၁ရက်နေ့မှာ တုံလုံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မိုးပြာဆိုဒ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းထဲကျသွားတဲ့ စစ်ကားပေါ်က ဗိုလ်မှူးအပါအဝင်၅ဦးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း စစ်ကားချောင်းထဲ ထိုးကျခဲ့တဲ့ဖြစ်စဉ်မှာ ဗိုလ်မှူးတစ်ဦးအပါအဝင်စစ်သား၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၅ နာရီလောက်က ခရမ်းမြို့နယ်၊ကမာကလူကျောက်တံတားအရောက်စစ်ကားချောင်းထဲထိုးကျခဲ့ခြင်းဖြစ်ပြီး ကားခေါင်းခန်းကယာဉ်မောင်းစစ်သားနဲ့ ဗိုလ်မှူး၊ကားနောက်ခန်းမှာလိုက်ပါလာသူတွေထဲက စစ်သား၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရစစ်သား၃ဦးရှိတယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရသိရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ဗိုလ်မှူးအပါအဝင်၃ဦးမှာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ဦးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှုစရာမရှိ”စာတန်း ကိုင်ဆောင် ချီတက် ဆန္ဒပြ

ဒီနေ့ဧပြီလ ၂၁ ရက်နေ့မှာ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၈နှစ်ပြည့်အဖြစ် “တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှုစရာမရှိ“စာတန်းကိုင်ဆောင် ချီတက် ဆန္ဒပြခဲ့ကြတာပါ။ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]